News

POST TYPE

PHOTO ESSAYS

နွေအပူနှင့် ရေအလှူ (Daily, Vol-6/No-33)
24-Jun-2018

မိုးရာသီကာလ တိုတောင်းလာမှုနှင့်အပြိုင် နွေ၏အပူချိန်မှာ ကာလကြာရှည် မြင့်မားလာမှုကြောင့် မိုးခေါင်ရေရှားသော အညာဒေသများသာမက ရှမ်း၊ ကယား စသော တောင်ပေါ်ဒေသများနှင့် တိုက်ကြီး၊ လှည်းကူး စသော မြို့နယ်များတွင်ပါ သောက်သုံးရေ ရှားပါးပြတ်လပ်မှုများကို ရင်ဆိုင်လျက်ရှိသည်။ ရေရှားပါးသော ကျေးရွာများကို စေတနာအလှူရှင်များ၊ လူမှုရေးအသင်းအဖွဲ့များက သွားရောက်လှူဒါန်းလျက်ရှိကြရာ ရေ အလှူပေးနေသော ပုံရိပ်အချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

တီးတိန်မြို့နယ်အတွင်းရှိ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၆၀၀၀ ကျော်တွင်ရှိသော စိုဇန်ရွာ သောက်သုံးရေရှားပါးမှုကြောင့် အလှည့်ကျ တန်းစီကာ သောက်သုံးရေ ခံယူနေကြသည်ကို မြင်ရစဉ်။

အိမ်ထောင်စု ၂၂၅ ရှိသော ကျွဲတပ်ကျေးရွာတွင် သောက်သုံးရေ ပြတ်လပ်မှုကြောင့် မနောဖြူ လူမှုကူညီရေးအသင်း၏ အရေးပေါ် သောက်သုံးရေသယ်ယာဉ်ဖြင့် ဦးဆောင်လှူဒါန်းသည်။

စက်ရေတွင်းပျက်နေ၍ ရေရှားပါးနေသော မချောက်မြို့နယ် မကျီးကုန်းကျေးရွာ အိမ်ခြေ ၁၇၀၊ အိမ်ထောင်စု ၁၉၅ စု၊ လူဦးရေ ၈၆၁ ဦးကို စေတနာရှင်များနှင့် လူမှုရေးအဖွဲ့များက သွားရောက်လှူဒါန်းစဉ်။

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့ အရှေ့ဘက် ရေစက်တောင် ကျေးရွာတွင် သောက်သုံးရေများ အခက်ကြုံနေရသည်။

ချောက်မြို့နယ် ကြီးနီကျေးရွာတွင် သောက်သုံးရေ ရှားပါးမှု ရင်ဆိုင်နေရသော အိမ်ထောင်စု ၂၂၅ စု၊ လူဦးရေ ၁၀၉၆ ဦးအတွက် ညနေပိုင်းတွင် ချောက် ဂုဏ်ရည် ပရဟိတအသင်းက ရေဂါလန် ၃၂၀၀ လှူဒါန်းပေးသည်။

တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ် ဒုံလိတန်ကျေးရွာသို့ ရေလုံလောက်စွာ ရရှိရေးအတွက် မီးသတ်တပ်ဖွဲ့နှင့် ဖြူစင်နှလုံးသား သွေးလှူရှင်အသင်းက သောက်ရေသန့် ဂါလန် ၃၀၀ ဖြင့် ပူးပေါင်းလှူဒါန်းခဲ့သည်။