News

POST TYPE

PHOTO ESSAYS

မီးလျှံကြားမှ သူရဲကောင်းများ (Daily, Vol-6/No-21)
06-May-2018

“မီးဘေးရှောင် မလောင်ခင်တား” “လူခိုးလျှင် အစုတ်ကျန်၊ မီးခိုးလျှင် အပြုတ်နှံ” ဆိုသောစကားများ ရေပက်မဝင်အောင် ရှိသည်ကြားမှပင် မြန်မာနိုင်ငံတွင် ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်များအတွင်း မီးလောင်မှု ၃၆၀၀ ကျော် ဖြစ်ပွားခဲ့ရာ ပျက်စီးဆုံးရှုံးမှု ကျပ်သန်းပေါင်း ၈ သောင်းကျော်အထိ ရှိသည်။ မင်္ဂလာဈေး နှစ်ထပ်ကွမ်း မီးလောင်မှု၊ စက်ဆန်းမီးလောင်မှုနှင့် လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်အမှိုက်ပုံ မီးလောင်မှုများတွင် အသက်ဘေးကို မငဲ့ဘဲ မီးငြှိမ်းသတ်ခဲ့သော မီးသတ်တပ်ဖွဲ့ဝင်များ၏ စွမ်းဆောင်ရည်မှာ မီးလျှံကြားမှ သူရဲကောင်းများဟု ဂုဏ်ပြုထိုက်သော ကြိုးစားမှုများဖြစ်သည်။ မေလ ၅ ရက်နေ့တွင် ကျရောက်သည့် (၇၂) နှစ်မြောက် မီးသတ်တပ်ဖွဲ့ကို ဂုဏ်ပြုသောအားဖြင့် ဖော်ပြလိုက်ရပေသည်။

အယ်ဒီတာ 

ဓာတ်ပုံ - မိုးကျော်လွင်၊ ရဲပြည့်ဇာနည်
အမေရိကန်ဒေါ်လာ သန်း ၃၀ နီးပါး ဆုံးရှုံးခဲ့ရသည့် ရန်ကုန်မြို့ မင်္ဂလာဈေး မီးလောင်မှု 
၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် ရန်ကုန်မြို့ကိုတုန်ဟည်းစေခဲ့သည့် နာမည်ကျော် စက်ဆန်းမီးလောင်မှုကြီး
မင်္ဂလာဈေးမီးလောင်မှုတွင် သက်စွန့်ဆံဖျား မီးသတ်နေသည့် မီးသတ်တပ်ဖွဲ့ဝင်များ
ကန်တော်ကြီး မီးလောင်မှုအပြီး မီးသတ်ပစ္စည်းများ သိမ်းဆည်းနေသည့် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး
ရန်ကုန်မြို့ ကန်တော်ကြီးမီးလောင်မှုတွင် အသက်ပေးခဲ့ရသည့် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး၏ ဈာပန အခမ်းအနား
လှိုင်သာယာ ထိန်ပင်အမှိုက်ပုံမီးလောင်မှုကို မေလ ၂ ရက်နေ့က အပြီးငြှိမ်းသတ်နေစဉ်
လှိုင်သာယာ ထိန်ပင်အမှိုက်ပုံ မီးလောင်မှုတွင် ထိခိုက်ဒဏ်ရာရသည့် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး ဆေးကုသမှု ခံယူနေစဉ်
လှိုင်သာယာ ထိန်ပင်အမှိုက်ပုံမီးလောင်မှုကို ငြှိမ်းသတ်နေကြသည့် မီးသတ်တပ်ဖွဲ့ဝင်များ
မီးသတ်ကားဝင်ရောက်ရန် ခက်ခဲသည့် တိုက်ခန်းမီးလောင်မှုတွင် မီးသတ်သမားများ အိမ်ခေါင်မိုးပေါ်မှ စွန့်စား၍ မီးငြှိမ်းသတ်နေကြစဉ်
အင်းစိန်သံမဏိစက်ရုံ မီးလောင်မှုတွင် မီးငြှိမ်းသတ်နေသော မီးသတ်တပ်ဖွဲ့ဝင်များ
မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့တွင် သရုပ်ပြလေ့ကျင့်နေသည့် မီးသတ်တပ်ဖွဲ့ဝင်များ