News

POST TYPE

PHOTO ESSAYS

စစ်ဘေးရှောင်တို့၏ ပုံရိပ်များ (Daily, Vol-6/No-15)
29-Apr-2018 tagged as စစ်ဘေးရှောင်

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် ဒေသခံပြည်သူထောင်ချီ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိပါသည်။ ယာယီ ကယ်ဆယ်ရေး စခန်းများတွက် ခိုလှုံနေကြရသော အမျိုးသမီးနှင့် ကလေးငယ် အများစုပါဝင်သော စစ်ဘေးတိမ်းရှောင်သူများမှာ နေထိုင်စားသောက်ရေး၊ ကျန်းမာရေး စောင့်ရှောက်မှု ခံယူရေးနှင့် ကလေးငယ်များ၏ ပညာသင်ကြာခွင့်မှာ အခက်အခဲ ဖြစ်ပေါ်လျက်ရှိသဖြင့် ငြိမ်းချမ်းရေး၏အရသာကို ငတ်မွတ်နေကြရသူများပင် ဖြစ်ပါသည်။ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ စစ်ဘေးရှောင်များ၏ အခြေအနေကို ဖော်ပြလိုက်ပါသည်။

ကျောက်မဲမြို့ မြင်သာဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေရသော စစ်ဘေးရှောင်များ

ဓာတ်ပုံ - ကိုသစ္စာ

သီပေါမြို့ ဘော်ကြို ဘုရားဝင်းအတွင်း ခိုလှုံနေရသော စစ်ဘေးရှောင်များကို မြို့ပေါ်ရှိ အနီးအနားရပ်ကွက်ကျေးရွာများမှ လာရောက် လှူဒါန်းသည်ကို တွေ့မြင်ရစဉ်။

ဓာတ်ပုံ - အောင်ဖြိုး

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် RCSS နှင့် TNLA တို့၏တိုက်ပွဲကြောင့် ဒေသခံများမှာ သီပေါ၊ ကျောက်မဲ၊ နမ္မတူမြို့ပေါ် စစ်ဘေး တိမ်းရှောင်ထွက်ပြေးခဲ့ရပြီး ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေခဲ့ရသည်။

ဓာတ်ပုံ - ကိုသစ္စာ

တန်ဖရဲ ကက်သလစ် စစ်ရှောင်စခန်းတွင် ရောက်ရှိနှင့်သော စစ်ရှောင်ပြည်သူများမှ ဆက်လက်ထွက်ပြေးလာနေသူများ ဘေးအန္တရာယ် ကင်းရှင်းစွာ ရောက်ရှိနိုင်ရန်နှင့် ငြိမ်းချမ်းရေးအတွက် ဆုတောင်းနေကြစဉ်။

ဓာတ်ပုံ - မုန်အောင်

သီပေါမြို့ ရတနာရွှေဂူကျောင်းတိုက်အတွင်း တိုက်ပွဲရှောင်များ အတွက် ကျန်းမာရေးဌာနက ဆေးခန်းဖွင့်လှစ် ကုသပေးနေစဉ်။

ဓာတ်ပုံ - အောင်ဖြိုး

တပ်မတော်နှင့် KIA တို့၏ တနိုင်းဒေသတိုက်ပွဲများကြောင့် အောင်လော့ဒ်ဒေသမှ ထွက်ပြေးလာသော စစ်ဘေးရှောင်အမျိုးသမီးငယ် တစ်ဦး လမ်းခရီးတောတွင်းတစ်နေရာတွင် နားနေစဉ်။

ဓာတ်ပုံ - ချွန်အောင်

ကလေးငယ်များအား ညနေစာကျွေးနေသောမိခင်များ

ဓာတ်ပုံ - အောင်ဖြိုး

ဘေးလွတ်ရာတွင် ခဏရပ်နားနေသည့် စစ်ဘေးရှောင် ကလေးသူငယ်များ။

ဓာတ်ပုံ - ချွန်အောင်

နမ္မတူမြို့နယ် နားစီးဒေသမှ ၁၀ ရက်သား ကလေးငယ်နှင့် မိခင်ဖြစ်သူကို လားရှိုးမြို့ မန်ဆူဘုန်းတော်ကြီးကျောင်းတွင် တွေ့မြင်ရစဉ်။

ဓာတ်ပုံ - မမ