News

POST TYPE

PHOTO ESSAYS

မြေလတ်ဒေသက ရွှေနတ်တောင်ဘုရားပွဲ (Daily,Vol-6/No-1)
22-Apr-2018 tagged as

မြန်မာနိုင်ငံတွင် လှည်းများဖြင့် လာရောက်လည်ပတ်ကြသည့် ပွဲတော်များ ရှားပါးလာချိန်တွင် ယခုတိုင် ရိုးရာမပြတ် လှည်းများ ထောင်နှင့်ချီ လာရောက်လည်ပတ်ကြသည့် ရွှေနတ်တောင်စေတီ တပေါင်းပွဲတော်အား ဖော်ပြပေးလိုက်သည်။ ရွှေနတ်တောင်စေတီဘုရားပွဲတော်မှာ လှည်းများဖြင့်လာရောက်လည်ပတ်ကြသည့်ပွဲတော်များတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ရွှေတောင်မြို့ အနီးတစ်ဝိုက်ကျေးရွာများ၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ကျေးရွာများ၊ သဲကုန်းမြို့နယ်နှင့် ပေါင်းတည်မြို့နယ်များရှိ ကျေးရွာစုစုပေါင်း ၃၀ ခန့်မှ လှည်းတန်းများဖြင့် လာရောက် လည်ပတ်ကြခြင်းလည်းဖြစ်သည်။ ကျေးရွာဒေသခံများသည် နှစ်စဉ် တပေါင်းလဆန်း ၁၁၊ ၁၂၊ ၁၃ ရက်များတွင် လှည်းပေါင်းမိုးများပြင်ဆင်ကာ ဆန်၊ ဆီ၊ ဆား စားသောက်ဖွယ်ရာများ၊ နွားများအတွက် ကောက်ရိုးများ၊ အိုးခွက်ပန်းကန်များ တင်ဆောင်ကာ မိသားစုလိုက် ရွာလုံးကျွတ်နီးပါး လာရောက်လေ့ရှိသည်။ လှည်းဝိုင်းများကို ဘုရားပွဲတော် ပွဲဈေးတန်းအနီးတစ်ဝိုက် လယ်ကွင်းပြင်ထဲတွင် ၎င်းတို့ ကျေးရွာအလိုက် လှည်းဝိုင်းများဖွဲ့ကာ နေထိုင်ချက်ပြုတ်စားသောက်ကြပြီး ဘုရားပွဲပြီးဆုံးသည့်ရက်မှသာ ပြန်လေ့ရှိသော ရှေးနှစ်ပေါင်း များစွာမှ ရိုးရာဓလေ့မှာ ယနေ့တိုင် မပျောက်ပျက်ဘဲ ကျန်ရှိနေသေးသည်ကို တွေ့ရသည်။

ဓာတ်ပုံ - အောင်ဖြိုး


ရွှေနတ်တောင်စေတီ အတက်လမ်း ဘုရားစေတီတစ်ဆူ ခြေရင်းတွင် စခန်းချထားသော လှည်းဝိုင်းအဖွဲ့များ။


ရွှေနတ်တောင်စေတီ အတက်လမ်း ဘုရားစေတီတစ်ဆူ ခြေရင်းတွင် စခန်းချထားသော လှည်းဝိုင်းအဖွဲ့များ။


ဘုရားပွဲတော် ဈေးဆိုင်တန်းများတွင် လာရောက်လည်ပတ်နေကြသော ဒေသခံ မိသားစုများ။


လှည်းဝိုင်းစခန်းချရန် လယ်ကွင်းပြင်ထဲတွင် မြေညှိပြင်ဆင်နေကြစဉ်။


ရွှေတောင်မြို့နယ်တွင်း ကျေးရွာတစ်ရွာမှ ပေါင်းမိုးလှည်းများဖြင့် လာကြစဉ်။


ဘုရားပွဲတော် ဈေးဆိုင်တန်းများအနီး စခန်းချထားသော လှည်းဝိုင်းတစ်ခု။


ယခင် ဘုရားဖူးများ တူးဖော်လှူဒါန်းခဲ့ကြသည့် ရေတွင်းများတွင် ရေချိုးနေကြစဉ်။

ရွှေတောင်မြို့နယ်တွင်း ကျေးရွာတစ်ရွာမှ ကားများဖြင့် လာရောက်စဉ်။


  • TAGS