News

POST TYPE

PHOTO ESSAYS

သမ္မတဦးထင်ကျော်၏ ပုံရိပ်များ
02-Apr-2018 tagged as

မြန်မာနိုင်ငံ၏ နဝမမြောက်သမ္မတ ဦးထင်ကျော်သည် မတ်လ ၂၁ ရက်နေ့တွင် ရာထူးမှ နုတ်ထွက်သွားခဲ့ပြီဖြစ်သည်၊ ဒေါ်အောင်ဆန်းစုကြည်၏ ယုံကြည်စိတ်ချရသူတစ်ဦးဖြစ်သူ ဦးထင်ကျော်မှာ မာန်မာနကင်းသည့် ရိုးသားမှုဂုဏ်သတင်း မွှေးပျံ့ခဲ့သူဖြစ်သည်။ နာမည်ကျော် စာရေးဆရာကြီး မင်းသုဝဏ်၏သားဖြစ်သူ ဦးထင်ကျော်၏ နိုင်ငံတော်သမ္မတ တာဝန်မထမ်းဆောင်မီက ပုံရိပ်အချို့နှင့် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်က ပုံရိပ်အချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

ပြည်ထောင်စုလွှတ်တော်နာယကရှေ့မှောက်တွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဒုတိယသမ္မတ နှစ်ဦးတို့ ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်နေ့က ကျမ်းသစ္စာကျိန်ဆိုနေကြစဉ်။

၂၀၁၀ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက် လာသည့်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့်အတူတွေ့ရစဉ်။

ရန်ကုန်မြို့တွင် ပြုလုပ်သည့် ကလေးစာပေပွဲတော်သို့ တက်ရောက်လာသည့် သမ္မတ ဦးထင်ကျော်နှင့်ဇနီး

ရန်ကုန်မြို့တွင် ပြုလုပ်သည့် ကလေးစာပေပွဲတော်သို့ တက်ရောက်လာသည့် သမ္မတ ဦးထင်ကျော်နှင့်ဇနီး

ရွှေတိဂုံစေတီတော်တွင် ပြုလုပ်သည့် အနေကဇာတင်ပွဲသို့တက်ရောက် လာသည့် သမ္မတ ဦးထင်ကျော်

မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိလာသည့် ပုပ်ရဟန်းမင်းကြီး နှင့်အတူ တွေ့ရစဉ်။

နိုင်ငံတော်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ပြည်ထောင်စု လွှတ်တော်မှ ထွက်ခွာလာစဉ်။

ကော့မှူးမြို့နယ်တွင် ပြုလုပ်ခဲ့သည့် အမှိုက်ကောက်လှုပ်ရှားမှုတွင် တွေ့ရသည့် သမ္မတဦးထင်ကျော်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တည်ထောင်ထားသည့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတွင် သမ္မတဦးထင်ကျော် တာဝန်ယူခဲ့စဉ်။

  • TAGS