News

POST TYPE

PHOTO ESSAYS

ချင်းတွင်းမြစ်ရိုးက လှေပြိုင်ပွဲ
02-Apr-2018 tagged as

ချင်းတွင်းမြစ်နှင့်မြစ်သာမြစ် ဆုံသည့်နေရာ မြစ်ခုမြစ်ကြားတွင်တည်ရှိသည့် ကလေးဝမြို့တွင် လှေလှော်ပြိုင်ပွဲ ကျင်းပခဲ့သည်။ ကလေးဝမြို့အနီး ချင်းတွင်းမြစ်အတွင်း လှေလှော်ပြိုင်ပွဲများ ကျင်းပရာတွင် ယခင်က လူဦးရေ ၂၀ အနည်းဆုံး ပါဝင်လှော်ခတ်ရသည့် လောင်းလှေပြိုင်ပွဲအဖြစ် ကျင်းပခဲ့ပြီး ယခုအခါ လူ ၁၁ ဦးသာ ပါဝင်လှော်ခတ်ရသည့် လှေလှော်ပြိုင်ပွဲအဖြစ် ကျင်းပကြသည်။ မတ်လ ၁၇ ရက်နေ့မှစတင်၍ ၅ ရက်အကြာ ကျင်းပသည့် လှေလှော်ပြိုင်ပွဲကို ကလေးဝမြို့အနီး ချင်းတွင်းမြစ်အတွင်း အမျိုးသား လှေလှော်အသင်း ၁၇ သင်း၊ အမျိုးသမီး လှေလှော်အသင်း ၆ သင်းဖြင့် ၆ ဖာလုံခန့် အကွာအဝေးကို ရေစုန်အတိုင်း လှော်ခတ်ပြိုင်ကြသည့် လှေလှော်ပြိုင်ပွဲကို ရိုက်ကူးဖော်ပြလိုက်ရပါသည်။

ဓာတ်ပုံ- ငြိမ်းသူမင်း

လှေလှော်ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လှေလှော်အသင်းသားများ အန္တရာယ်ကင်းစေရန် မြစ်အတွင်းရှိ နတ်ကောင်းနတ်မြတ်များကို အုန်း၊ ငှက်ပျော ၅ ပွဲဖြင့် ပူဇော်ပသခြင်း၊ ရေစာကျွေးခြင်း(ချင်းတွင်းမြစ်ရှိ နတ်ကောင်းနတ်မြတ်များကို ပူဇော်သည့်ဓလေ့) ပြုလုပ်နေသည်ကို မြင်ရစဉ်။

ချင်းတွင်းမြစ်အတွင်း လှေလှော်ပြိုင်ပွဲမကျင်းပမီ ပြိုင်ပွဲဝင်မည့်အသင်းများမှ မြစ်အတွင်း အားစမ်းလှော်ခတ်နေကြသည်ကိုမြင်ရစဉ်။

လှေလှော်ပြိုင်ပွဲ ကျင်းပသည့် ကလေးဝမြို့ တောရကျောင်း ပရိယတ္တိစာသင်တိုက် ဆရာတော်ကြီး၏ပုံတူကိုပူဇော်သည့်အနေဖြင့် အဘိုးဆရာတော် (နာဂလိုဏ်ဂူဆရာတော်)၏ရုပ်တုကို လောင်းလှေအတွင်း သယ်ဆောင်ကာ ပြိုင်ပွဲကျင်းပမည့် ချင်းတွင်းမြစ်အတွင်း လှည့်လည်ကြသည်ကိုမြင်ရစဉ်။

ကိုင်းကျေးရွာမှ မျိုးဆက်သစ် လှေလှော်အသင်း အမည်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်သည့် လှေ၏ဦးထိပ်ကို နဂါး ပုံသဏ္ဌာန် ထုလုပ်ပြီး နတ်ကောင်းနတ်မြတ်များကို ပန်းဖြင့်ပူဇော်ဟန် ပြုလုပ်ထားသည်ကို မြင်ရစဉ်။

လှေလှော်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့်အသင်းများ ကလေးဝမြို့ ချင်းတွင်းမြစ်ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည်ကိုမြင်ရစဉ်။

လှေလှော်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့်အသင်းများ ကလေးဝမြို့ ချင်းတွင်းမြစ်ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည်ကိုမြင်ရစဉ်။

လွန်ခဲ့သည့် နှစ်ပေါင်းများစွာက သစ်လုံးကိုထွင်းပြီး ပြုလုပ်ထားသည့် လောင်းလှေများဖြင့်သာ ပြိုင်ပွဲကျင်းပခဲ့သည်။ လောင်းလှေပြိုင်ပွဲအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကလေးဝမြို့ရှိ လောင်းလှေကို လှေလှော်ပြိုင်ပွဲ အမှတ်တရအဖြစ် ပြိုင်ပွဲကျင်းပမည့်နေရာသို့ လှော်ခတ်လာသည်ကို မြင်ရစဉ်။

လှေလှော်ပြိုင်ပွဲဝင်မည့် တုန်နန်းကျေးရွာမှ လှေလှော်အမျိုးသမီးအသင်းကို မြင်ရစဉ်။

  • TAGS