News

POST TYPE

PHOTO ESSAYS

ဂျိုးဖြူရေ
02-Apr-2018

အင်္ဂလိပ်အုပ်စိုးမှုအောက် ရှိစဉ်အခါက ရန်ကုန်မြို့ ရေပေးဝေရေး လုံလောက်မှု ရှိစေရန်အတွက် တိုက်ကြီးမြို့နယ် ချောင်းမကြီး လေးခုဆုံရာအရပ်၌ ဂျိုးဖြူရေလှောင်ကန်ကို ၁၉၃၇ ခုနှစ်က စတင် တည်ဆောက်ခဲ့ပြီး ၁၉၄၀ ပြည့်နှစ်တွင် ပြီးစီးခဲ့ပါတယ်။ ကုန်ကျငွေ ၁၇၅ သိန်းဟု စာရင်းများက ဆိုတယ်။ ဂျိုးဖြူရေကန်မှ ကုက္ကိုင်းကန်အထိ ပိုက်လိုင်းအရှည် ၄၃ မိုင်ကို အချင်း ၅၆ လက်မ သံမဏိပိုက်ဖြင့် နေ့စဉ် ရေပို့ဆောင်ကာ ယင်းမှတစ်ဆင့် ဖြန့်ဖြူးပေးလျက်ရှိပါတယ်။ 

ဓာတ်ပုံ- မိုးကျော်လွင်
သဘာဝဘေးဒဏ် ငလျင်ကြောင့် ပိုက်လိုင်းကျိုးပေါက်တာ မရှိသေးဘဲ ပိုက်လိုင်းကို ထောက်ကူထားတဲ့ ဒေါက်အချို့သာ ကျိုးပြတ်ဖူးတယ်လို့ ဆိုပါတယ်။
တိုက်ကြီးမြို့နယ် ရန်ကုန်-ပြည်လမ်း ၄၉ မိုင်အရောက် ညာဘက်သို့ ချိုးကွေ့ပြီး ဂျိုးဖြူကန်လမ်းအတိုင်း ၇ မိုင် ဝင်ရောက်သွားလျှင် ဂျိုးဖြူရေလှောင်ကန် ဆိုင်းဘုတ်ကို တွေ့နိုင်ပါတယ်။
ရေယူအဆောက်အအုံထဲက မတ်တတ်အထောင် သံမဏိရေပိုက်ကြီးပါ။ ယင်းသံမဏိပိုက်ကို ပထမ ရေယူပေါက်အမြင့် ၂၀၁ ပေ၊ ဒုတိယ ရေယူပေါက် အမြင့် ၁၈၀ပေ၊ တတိယ ရေယူပေါက်အမြင့် ၁၃၀ ပေ သုံးနေရာမှ ကန်ရေကို ယူဆောင်တာပါ။ ဂျိုးဖြူကန်ရဲ့ ရေလျှံအမြင့်က ၂၁၅ ပေ ရှိပါတယ်။
ဂျိုးဖြူကန်အတွင်းက ရေယူအဆောက်အုံနှင့် ကန်ဘောင်ပေါ်က အကျွတ်အလွတ် ကန်တော်ဦးဆုတောင်းပြည့်စေတီတော်ကို မြင်ရတာပါ။ ဂျိုးဖြူကန်ဟာ ရေ ၁၆၆၀၀ ဂါလန်သန်း သိုလှောင်နိုင်ထားနိုင်ပါတယ်။
ဂျိုးဖြူရေတွင် ရောစပ်မည့် ကျောက်ချဉ်များကို အရည်ဖျော်စပ်နေတာပါ။ ဆောင်းရာသီရောက်ရင် သဘာဝကြောင့် ကန်ရေဟာ အပေါ်အောက် လှည့်လည်တတ်ပြီး အရောင်ပြောင်းလဲတတ်ပါတယ်။
ဂျိုးဖြူရေပိုက်ရဲ့ အစိတ်အပိုင်းအချို့ မရှိတော့လို့ သစ်သားအဆို့ သုံးထားတာပါ။
ရေအရည်အသွေးကို နေ့စဉ် စမ်းသပ်ပြီး မှတ်တမ်းထားရှိပါတယ်။ ကန်ရေဟာ သတ်မှတ် PH အတွင်းမှာသာ ပုံမှန်ရှိပါတယ်။
ဂျိုးဖြူရေလှောင်ကန်ကို ၁၉၃၈ ခုနှစ်မှာ စက်ယန္တရား အနည်းငယ်နဲ့ မြေသား ပြုပြင်ဆောင်ရွက်ခဲ့ကြပါတယ်
ဒီနေရာကတော့ ကန်ရေမျက်နှာပြင်ဧရိယာ ၂ ဒသမ ၈ စတုရန်းမိုင် အကျယ်မှ ရေပြည့်လျှံချိန် ရေထွက်ပေါက်ဖြစ်ပါတယ်။ ယင်းရေပိုလွှဲမှတစ်ဆင့် လှိုင်မြစ်အတွင်း စီးဝင်သွားပါတယ်။
ကန်ရေပြင် ရေယူ အဆောက်အအုံထဲရှိ မတ်တတ်သံမဏိရေပိုက်ကြီးကနေ ရေစစ်ကန်ကို အခုလို ဥမင်လိုဏ်ကနေ သွယ်တန်းထားပါတယ်။
ဂျိုးဖြူကန်ဘောင်ကြီးအနီးရှိ ဧရာမ ရေတွန်းစက်ကြီး သုံးလုံးပါ။ ဂျိုးဖြူကန်ကြီးရဲ့ အလိုအလျောက်ရေပေးနိုင်တဲ့အမြင့်က ၁၈၉ ပေရှိလို့ ဒီစက်ကြီးတွေကို တစ်ခါတစ်ရံမှသာ အသုံးပြုပါတယ်။ 
ကန်ကြီးထဲက လာတဲ့ရေကို သန့်စင်ပေးဖို့အတွက် ရေစစ်ကန်ထဲကို အဆင့်ဆင့် ဖြတ်သန်းပြီး နေရောင်ခြည်၊ လေတို့နဲ့ ပေးတွေ့ပါသေးတယ်။ရေစစ်ကန် အနက် ပေ ၃၀ ကျော်ရှိပါတယ်။
ယခင်နှစ်ပေါင်း များစွာအကြာက ကန်ရေကို သန့်စင်ရန်အတွက် အသုံးပြုခဲ့တဲ့ ကလိုရင်းဘူးကြီးတွေပါ။