News

POST TYPE

PHOTO ESSAYS

ခေါင်ကျွဲပွဲ
02-Apr-2018 tagged as

ချင်းတိုင်းရင်းသားတို့၏ ခေါင်ကျွဲပွဲဆိုသည်မှာ စော်ဘွားများက မိမိသည် ဂုဏ်ဓန ငွေကြေးချမ်းသာသူ ဩဇာအာဏာကြီးမြတ်သူဖြစ်ကြောင်း၊ မိမိ၏ဇနီး ချောကြောင်း လှကြောင်း ချောမောလှပသည့်မိမိဇနီးကို ချီးမြှောက်ဂုဏ်တင်သည့် ပွဲတော်တစ်ခုဖြစ်သည်။ ချင်းပြည်နယ် ဟားခါးမြို့တွင်ကျင်းပခဲ့သော ချင်းအမျိုးသားနေ့ နှစ်(၇၀)ပြည့် ပွဲတော်တွင် ထည့်သွင်းဆင်နွှဲခဲ့သော ခေါင်ကျွဲပွဲ ပုံရိပ်များကို ဖော်ပြလိုက်ပါသည်။

ဓာတ်ပုံ- ငြိမ်းသူမင်း


ခေါင်ကျွဲပွဲတော်အတွက် စိုက်ထူထားသည့် ရိုးရာနတ်တိုင်များ


ခေါင်ကျွဲပွဲတော် ကျင်းပရန် ရိုးရာနတ်တိုင် စိုက်ထူရန် ပြုလုပ်နေစဉ်။


စော်ဘွားများခေတ် ကုန်ဆုံးပြီး ၁၉၇၄ ခုနှစ် နိုင်ငံတော်ကောင်စီက ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ ၃၀ ပုဒ်မခွဲ (ခ) အရ ချင်းပြည်နယ်အဖြစ် သတ်မှတ်ခဲ့ပြီးနောက် ၁၉၇၄ ခုနှစ်မှစတင်၍ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ရောက်တိုင်း ၂၀၁၁ ခုနှစ်အထိ ချင်းပြည်နယ်နေ့အဖြစ်သာ ကျင်းပခဲ့ကြသည်။ ယင်းကာလ ဟားခါးမြို့နယ်နေ ချင်းတိုင်းရင်းသားတို့က ခေါင်ကျွဲပွဲကို ချင်းပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ထည့်သွင်း ကပြခဲ့ကြသည်။


စော်ဘွားများခေတ် ကုန်ဆုံးပြီး ၁၉၇၄ ခုနှစ် နိုင်ငံတော်ကောင်စီက ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ ၃၀ ပုဒ်မခွဲ (ခ) အရ ချင်းပြည်နယ်အဖြစ် သတ်မှတ်ခဲ့ပြီးနောက် ၁၉၇၄ ခုနှစ်မှစတင်၍ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ရောက်တိုင်း ၂၀၁၁ ခုနှစ်အထိချင်းပြည်နယ်နေ့အဖြစ်သာ ကျင်းပခဲ့ကြသည်။ ယင်းကာလ ဟားခါးမြို့နယ်နေ ချင်းတိုင်းရင်းသားတို့က ခေါင်ကျွဲပွဲကို ချင်းပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ထည့်သွင်း ကပြခဲ့ကြသည်။

စော်ဘွားများခေတ် ကုန်ဆုံးပြီး ၁၉၇၄ ခုနှစ် နိုင်ငံတော်ကောင်စီက ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ ၃၀ ပုဒ်မခွဲ (ခ) အရ ချင်းပြည်နယ်အဖြစ် သတ်မှတ်ခဲ့ပြီးနောက် ၁၉၇၄ ခုနှစ်မှစတင်၍ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ရောက်တိုင်း ၂၀၁၁ ခုနှစ်အထိ ချင်းပြည်နယ်နေ့အဖြစ်သာ ကျင်းပခဲ့ကြသည်။ ယင်းကာလ ဟားခါးမြို့နယ်နေ ချင်းတိုင်းရင်းသားတို့က ခေါင်ကျွဲပွဲကို ချင်းပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ထည့်သွင်း ကပြခဲ့ကြသည်။


စော်ဘွားများ ကြီးစိုးစဉ်ကာလကပင် စတင် ကျင်းပခဲ့ကြသည်။ မိုးလေကင်းလွတ်သည့်အချိန် ကောက်ပဲသီးနှံများ ပေါ်ပြီးသည့်အချိန် အလုပ်အားလပ်ချိန်တွင် ရွာနီးချုပ်စပ်လူများကို ပင့်ဖိတ် အကျွေးအမွေးနှင့်ဧည့်ခံပြီး ကပြသည့်ပွဲဖြစ်သည်။


ချင်းအမျိုးသားနေ့အဖြစ် စတင် ပြောင်းလဲကျင်းပသည့် အချိန်တွင်လည်း ချင်းအမျိုးသားနေ့ရောက်တိုင်း ရိုးရာအစဉ်အလာ ကြီးမားသည့် ခေါင်ကျွဲပွဲကို ကပြခဲ့သော်လည်း ယခင်က ဇနီးမယား၏ဂုဏ်ကို ချီးမြှင့်သည့်ပွဲမှ ပညာတတ် အချောအလှ မိန်းမပျိုကို ဂုဏ်တင် ချီးမြှောက်သည့် ပွဲတော်တစ်ခု ဖြစ်လာခဲ့သည်။


ဟားခါးမြို့တွင်ကျင်းပသည့် ချင်းအမျိုးသားနေ့သို့ တက်ရောက်လာသည့် ပလက်ဝမြို့နယ်နေ ခူမီးတိုင်းရင်းသားတို့မှ ရိုးရာတူရိယာ ပစ္စည်းများ တီးခတ်နေစဉ်


ခေါင်ကျွဲပွဲကျင်းပမည့်နေရာသို့ အတီးအမှုတ်များဖြင့် လာရောက်သည့် ရိုးရာအဖွဲ့။


ခေါင်ကျွဲမယ်ကို ချီးမြှောက်ရာတွင် သုံးသည့်ထမ်းစင်ကို ထမ်းသည့် အမျိုးသမီး ၁၆ ဦး၊ အမျိုးသား ၁၆ ဦး စုစုပေါင်း ၃၂ ဦးက ခေါင်ကျွဲမယ်ရှိရာဆီ အတီးအမှုတ် အကအခုန်များဖြင့် လာကြရသည်။ 


ခေါင်ကျွဲမယ်


ပွဲတော်တွင် မိမိဇနီးကို မထိရန်၊ ထိပါက သတ်ပစ်မည်ဆိုသည့်ဟန်ဖြင့် မိမိဇနီး ခေါင်ကျွဲမယ်ကို ချီးမြှောက်နေချိန်တွင် လေးနှင့်မြားကို ကိုင်ဆောင်လျက် ပစ်တော့မည့်ဟန်ဖြင့် နံဘေးတွင် ဟန်ရေးပြလေ့ရှိသည်။


  • TAGS