News

POST TYPE

PHOTO ESSAYS

မြေလတ်ဒေသ ကျေးလက် ဆောင်းနံနက်ခင်း
02-Apr-2018 tagged as

ယခုအချိန်ထိ လျှပ်စစ်မီး မရရှိသေးသလို လမ်းပန်းဆက်သွယ်ရေးလည်း အခက်အခဲ ရှိနေသေးတဲ့ မကွေးတိုင်းနဲ့ ပဲခူးတိုင်းအစပ်နားက ကံမမြို့နယ် ဧရာဝတီမြစ်ဘေးမှာတည်ရှိတဲ့ စစ္စရံကျေးရွာရဲ့ ချမ်းအေးလှတဲ့ ဆောင်းမနက်နဲ့ ဆောင်းကို အန်တုနေကြတဲ့ ဒေသခံတွေရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

ဓာတ်ပုံ - အောင်ဖြိုး


စစ္စရံကျေးရွာအပြင်ဘက် စိုက်ခင်းက လယ်စောင့်တဲမှာ နေထိုင်ကြတဲ့ မိသားစုရဲ့ ဆောင်းမနက်ခင်းကို မီးလှုံရင်း ကြိုဆိုနေကြပါတယ်။


နေထွက်လာပေမယ့်လည်း စာသင်ကျောင်းကိုမသွားမီ ကလေးငယ်တွေဟာ မြစ်ဘေး ကုက္ကိုမြစ်ပေါ်မှာ နေပူဆာ လှုံနေကြတယ်။


ဆောင်းမနက်ခင်းရဲ့ အအေးဒဏ်ကြောင့် မနက်စာကိုတောင်မှ မီးလှုံရင်း စားကြရပါတယ်။


စစ္စရံကျေးရွာအတွင်း ကုက္ကိုပင်ကြီးအောက် ဆောင်းမနက်ခင်း အနွေးဓာတ်ရရန် မီးလှုံနေကြသူများ။


အေးလွန်းလှတာမို့ အိမ်မွေးတိရစ္ဆာန်တွေပါ မီးပုံနားကိုလာပြီး မီးလှုံကြပါတယ်။


ကျေးရွာ မနက်ခင်းမှာ ရေနွေးကြမ်းသောက်ရင်း နေပူဆာလှုံနေတဲ့ အဘိုးအိုတစ်ဦး။


ကျေးရွာအတွင်း မိသားစုတစ်စု မနက်စာအတွက် ပြင်ဆင်နေကြပုံ။


စစ္စရံကျေးရွာမှ မိသားစုများ အေးချမ်းတဲ့ ဆောင်းမနက်ခင်းမှာ အနွေးဓာတ်ရရန် မီးလှုံနေကြစဉ်။


စစ္စရံကျေးရွာမှ မိသားစုများ အေးချမ်းတဲ့ ဆောင်းမနက်ခင်းမှာ အနွေးဓာတ်ရရန် မီးလှုံနေကြစဉ်။


စစ္စရံကျေးရွာမှ မိသားစုများ အေးချမ်းတဲ့ ဆောင်းမနက်ခင်းမှာ အနွေးဓာတ်ရရန် မီးလှုံနေကြစဉ်။


စစ္စရံကျေးရွာအပြင်ဘက် ကုလားပဲစိုက်ခင်းတွေကို မနက်စောစော မြင်တွေ့ရတာပါ။



စစ္စရံကျေးရွာ ကမ်းနားက ဆောင်းမနက်ခင်း ဧရာဝတီမြစ်ရဲ့အလှ။



  • TAGS