News

POST TYPE

PHOTO ESSAYS

သံတောင်ကြီးအပန်းဖြေစခန်းမှ ဖိုးကျားဆင်စခန်းဆီသို့
02-Apr-2018 tagged as

ကရင်ပြည်နယ်မြောက်ဖျားပိုင်းက သံတောင်ကြီး အပန်းဖြေစခန်းမှာရှိတဲ့ နော်ဘူဘောဆုတောင်းတောင်ကို အလည်အပတ် လာရောက်ကြသူတိုင်း တောင်ငူကို ဝင်ရောက်ကြရပါတယ်။ သံတောင်ကြီး တောင်ပေါ်စခန်းကိုတက်ပြီး ပြန်အဆင်းမှာ အမြန်လမ်းအတိုင်း မန္တလေးဘက်ကို မိုင် ၃၀ လောက် မောင်းလိုက်ရင် မြန်မာသစ်လုပ်ငန်းဌာက တည်ထောင်ဖွင့်လှစ်ထားတဲ့ ဖိုးကျားဆင်စခန်းကို ရောက်ရှိမှာဖြစ်ပါတယ်။ နော်ဘူဘောဆုတောင်းတောင် သံတောင်ကြီးတောင်ပေါ်အပန်းဖြေစခန်းမှ ဖိုးကျားဆင်စခန်းက ပုံရိပ်အချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

ဓာတ်ပုံ - ဇေယျာကို
ဖိုးကျားဆင်စခန်း ရောက်ပြီဆိုပါက ဆင်ဝိုင်း သို့မဟုတ် ဆင်စခန်း အုပ်ချုပ်ရေးဆောင်၊ နားနေဆောင်နဲ့ ဘန်ဂလိုများအနီးက ဆင်မှတ်တမ်း ပြတိုက်မြင်ကွင်းဖြစ်ပြီး ဆင်တွေနဲ့ပတ်သက်တဲ့သမိုင်းတွေ ဆင်ရုပ်ထုလေးတွေနဲ့ ဆင်စခန်းဖြစ်ပေါ်လာပုံ သမိုင်းကိုလေ့လာနိုင်မှာ ဖြစ်ပါတယ်။

ဖိုးကျားဆင်​စခန်း တည်းခို​ဆောင်​ ဘန်​ဂလို​တွေမှာ ညအိပ်​နားခိုပြီး ရိုးမထဲက ​မြင်​ကွင်းတွေကို ခံစား အပန်း​ဖြေနိုင်သလို ဆင်​စခန်းမှာ ​လေ့ကျင့်မွေးမြူထားတဲ့ သစ်​လုပ်​ငန်းပိုင်​ ဆင်တွေကိုလည်း အခ​​ကြေး​ငွေ ​ပေးပြီး ဆင်​စီးရင်း​ တော​​တောင်​​ရေ​မြေ အလှ​တွေကို ခံစားနိုင်​ပါတယ်။

ဆင်စီး အပန်းဖြေဖို့ ဆင်ပေါ် အတက် အဆင်း လုပ်ရတဲ့စင်ပေါ်မှာ ဆင်စီး ပြန်လာချိန် အောက်ဆင်းဖို့ အမျိုးသားတစ်ဦးနဲ့ ကလေးငယ်နှစ်ယောက်ကို ဆင်ဦးစီးနဲ့ ဆင်စခန်းဝန်ထမ်းတွေက စောင့်ကြိုကူညီနေမှာပါ။

ဆင်စခန်းဘန်ဂလိုလေးတွေနဲ့ နားနေဆောင်ကလေးတွေရဲ့ နံဘေးက စမ်းချောင်းတစ်ခုဘေး တောင်ကုန်းလေးပေါ်မှာ စားသောက်ဆိုင်လေး တစ်ခုရှိပြီး အကျယ် ပေခြောက်ဆယ်လောက် ရှိတဲ့ ကြိုးတံတားလေးနဲ့ ဖြတ်ကူးပြီး သွားရောက် အနားယူနိုင်ပါတယ်။

ပဲခူးတိုင်းဒေသကြီးထဲမှာ စိမ်ရေဆင်စခန်း ပိတ်သိမ်းပြီးနောက်ပိုင်း အစောဆုံး ဖွင့်လှစ်ခဲ့တဲ့ ရေတာရှည်မြို့နယ် သာဂရမြို့အနောက်ဘက် ၁၀ မိုင်ခန့်အကွာရှိ ဖိုးကျားဆင်စခန်း အဝင်ဝမြင်ကွင်းတစ်ခုပါ။

သံတောင်ကြီးမြို့ထဲကနေ နော်ဘူဘောဆုတောင်း တောင်တက်လမ်းကို ကားနဲ့မောင်းပြီး တက်လာမယ်ဆိုပါက လမ်းခရီး တစ်ဝက်လောက်က မြင်ရတဲ့ဆုတောင်းတောင်မြင်ကွင်းပါ။

ကရင်ပြည်နယ် မြောက်ဖျား တောင်ပေါ် အပန်းဖြေစခန်းရှိတဲ့ သံတောင်ကြီးမြို့နယ် နော်ဘူဘော ဆုတောင်းတောင်ကို တက်မယ့်ခရီးသွားဧည့်သည်တွေ 

ပွင့်လင်းရာသီကာလ ဘုရားဖူးဧည့်သည် အလည်ပတ်လာရောက်သူတွေ များပြားလှတဲ့ ဒီဇင်ဘာလ ခရစ္စမတ်မှာ ခရစ်ယာန်ဘာသာဝင်တွေ ထောင်သောင်းချီ လာရောက် လည်ပတ်လေ့ရှိပါတယ်။

နော်​ဘူ​ဘောဆူ​တောင်းတောင်​ အဝင်​ဆိုင်းဘုတ်

  • TAGS