News

POST TYPE

PHOTO ESSAYS

မြိုင်ကြီးငူရောက် စစ်ဘေးရှောင်များ
16-Sep-2016 tagged as စစ်ဘေးရှောင်

မဲသဝေါဒေသတွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် ကျေးရွာပေါင်း ၂၂ ရွာမှ စစ်ဘေးရှောင် ဒုက္ခသည် ၃၀၀၀ ကျော်သည် မြိုင်ကြီးငူဆရာတော် ဖွင့်လှစ်ထားသည့် စစ်ဘေးရှောင် ဒုက္ခသည်စခန်းသို့ ရောက်ရှိခိုလှုံနေရသည့် မြင်ကွင်းများကို စုစည်းဖော်ပြလိုက်ပါသည်။

ဓာတ်ပုံ - ရဲပြည့်ဇာနည်
ရန်ကုန်အခြေစိုက် မိုးစေတနာ ပရဟိတအဖွဲ့က စစ်ဘေးရှောင် ပြည်သူတွေအတွက် အခြေခံ စားသောက်ကုန်တွေ လာရောက်လှူနေကြတာပါ။

မြိုင်ကြီးငူ စစ်ရှောင်စခန်းမှ စစ်ဘေးရှောင်ပြည်သူတွေ နေ့လယ်စာ စားသုံးနေကြတာပါ။
စစ်ဘေးရှောင်စခန်းကို လာလှူထားတဲ့ အဝတ်အစားတွေကို စခန်းမှ ကလေးငယ်တွေက ရွေးယူနေကြတာပါ။
စစ်ရှောင်စခန်းကို ရောက်ရှိလာတဲ့ ဖခင်မပါတော့တဲ့ မိသားစုလေးပါ။
စစ်ရှောင်စခန်းကို ရောက်ရှိလာတဲ့ လူငယ်အချို့ ခြင်းခတ်နေကြတာပါ။ စခန်းမှာ ကလေးသူငယ်နဲ့ ကျောင်းနေအရွယ်ဦးရေက အများဆုံးပါ။
စစ်ရှောင်စခန်းမှာ ခိုလှုံနေသူတစ်ဦး။
မြိုင်ကြီးငူ စစ်ရှောင်စခန်းကို ရောက်ရှိနေကြတဲ့ ကျောင်းနေအရွယ် ကလေးသူငယ်အချို့။