News

POST TYPE

PHOTO ESSAYS

မြန်မာ့ ပန်းပဲဖို မပျောက်ဖို့လို

မြန်မာ့ရိုးရာ ပန်းဆယ်မျိုးတွင် ပန်းပဲလုပ်ငန်းမှာ အပါအဝင်ဖြစ်သည်။

ဓာတ်ပုံ- ဇေယျာကို

မြန်မာ့ရိုးရာ ပန်းဆယ်မျိုးတွင် ပန်းပဲလုပ်ငန်းမှာ အပါအဝင်ဖြစ်သည်။

ပန်းပဲဖိုလုပ်ငန်းသည် ခွန်အား သုံးရသည့်အပြင် အမြတ်အစွန်းမှာလည်း ပြောပလောက်အောင် မရှိသည့်အတွက် လက်ဆင့်ကမ်း ထိန်းသိမ်းမည့်မျိုးဆက် နည်းပါးသည့်အပြင် လုပ်သားခေါ်ယူရသည်မှာလည်း ခက်ခဲကြောင်း လက်ရှိလုပ်ကိုင်နေသူ ပန်းပဲဖို လုပ်ငန်းရှင်များက ဆိုသည်။

ပန်းပဲဖိုလုပ်သား ရှာရသည့် အခက်အခဲအပြင် ကျွမ်းကျင်မှုရှိအောင် သင်ကြားရသည့်အတွက် လုပ်သားတစ်ဦးလျှင် ဖိုဆရာတစ်ယောက် တစ်ရက်လျှင် ၁၃၀ဝ၀ ခန့်နှင့် တူဖြင့်ထုရသည့် လုပ်သားတစ်ဦးလျှင် ငွေကျပ် ၉၀ဝ၀ ခန့်ရှိသည်။

ကြေးကုန်၊ သံကုန်ဆိုင်တစ်ခုတွင် ပန်းပဲဖိုမှ ထုတ်လုပ်သော ဓား၊ ကတ်ကြေး၊ ပေါက်တူးနှင့် လှံကဲ့သို့သော ပစ္စည်းများကို ကြည့်ရှုနေသူတစ်ဦး။

မီးသွေးမီးဖိုကို မော်တာဖြင့် လေပေးကာ မီးအရှိန်မြှင့်တင်ပြီး သံကိုမီးဖုတ် ထုနှက်ပုံသွန်းရသည့် ပန်းပဲပညာသည် ယခင်က မီးအရှိန်မြင့်တက်ရန် ဖားဖိုတစ်ခုဖြင့် လူတစ်ဦးက ကြိုးဖြင့်ဆွဲကာ လေရရန် ပေးရသည့်အတွက် ဖိုတစ်ခုလျှင် ကျွမ်းကျင်ဆရာနှင့် လုပ်သားသုံးဦး လိုအပ်ခဲ့သော်လည်း နောက်ပိုင်းတွင် ဆရာနှင့်လုပ်သား နှစ်ဦးသာ လိုအပ်တော့သည်။

တောင်ငူမြို့နယ် ပန်းပဲကျေးရွာရှိ ဓားထုတ်လုပ်နေသည့် လုပ်ငန်းခွင်တစ်ခု။ တောင်ငူမြို့နယ် ပန်းပဲကျေးရွာ အခြေစိုက် ပန်းပဲလုပ်ငန်းဟု ခေါ်သော ဓား၊ လှံ၊ ကတ်ကြေးနှင့် ပေါက်တူး လုပ်ငန်းလုပ်ကိုင်သူ ဦးရေသည် ယခင်က ၁၀ဝ နီးပါး ရှိခဲ့သော်လည်း လက်ရှိတွင် လုပ်ငန်းရှင်ဦးရေ ဆယ်ဂဏန်းခန့်သာ ကျန်ရှိတော့သည်။

မိုးကြိုးသွားဖြင့် လုပ်သည့် ဓားလက်နက်များကို ပန်းပဲရွာ လုပ်သားများက မထုတ်လုပ်နိုင်သည့်အပြင် နောက်ပိုင်း တရုတ်နိုင်ငံထုတ် ဈေးပေါသည့် စတီးဓားများကို ယှဉ်ပြိုင်နိုင်ခြင်း မရှိတော့ပေ။