POST TYPE

PHOTO ESSAYS

သပိတ်ကျင်းတွင် ရွှေကျင်ကြသူများ
27-Aug-2017 tagged as သပိတ်ကျင်း

သပိတ်ကျင်းတွင် ရွှေကျင်ကြသူများ

ဓာတ်ပုံ - တင်ဇော်ဦး

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် သပိတ်ကျင်းမြို့နယ်က သစ်တောနဲ့ ဓာတ်သတ္တု သယံဇာတ များစွာ ထွက်ရှိပေမယ့် ရွှေလုပ်ငန်းကိုသာ တူးဖော် လုပ်ကိုင်ကြပါတယ်။

လက်လုပ်လက်စား ရွှေတူးဖော်ရှာဖွေမှုများအပြင် စက်ယန္တရားတွေကိုသုံးပြီး ရွှေတူးဖော် ထုတ်လုပ်နေသော ကုမ္ပဏီလုပ်ကွက် အများအပြားလည်း ရှိပါတယ်။

လက်လုပ်လက်စား နေ့စားသမား အများစုက မနက်မိုးလင်းတာနဲ့ သံတူးချွန်းပေါက်ပြား၊ အင်ဝိုင်းများကိုရွက်ကာ ရွှေထွက်ရှိတဲ့နေရာ ချောင်းများဆီ အုပ်စုလိုက် သွားရောက်နေကြတာပါ။

ဒေသခံ အများအပြား တူးဖော်ရှာဖွေနေတဲ့ရွှေကို တောတောင် မြစ်ချောင်းတွေအောက် ရွှေပါနိုင်တဲ့ ဖြုန်းမြေစာ အနေအထားတွေကိုကြည့်ပြီး ရေတင်စက်ကို သုံးလို့မျောချပြီး ရှာဖွေသူလည်း ရှိပါတယ်။

ရွှေရှိနိုင်တဲ့ချောင်း၊ မြောင်းတွေမှာ ဖြုန်းမြေစာတွေကို မိမိတို့မှာပါလာတဲ့ ပေါက်ပြား၊ သံတူးချွန်းတွေနဲ့ တူးဆွကာ ရွှေပါနိုင်တဲ့ မြေစာတွေကို အင်ဝိုင်းတွေနဲ့ ရွှေရှာဖွေကြပါတယ်။

ရွှေရှာဖွေထုတ်လုပ်ရာမှာ ကျယ်ပြန့် နက်စောက်တဲ့ ကမ်းပါးစောက်အောက် တည်ရှိနေသော ရွှေပါတဲ့ဖြုန်း မြေစာတွေကိုရဖို့ အန္တရာယ် ဖြစ်ပေါ်လာနိုင်ပေမယ့် အသက်စွန့်ပြီး တူးဖော် ထုတ်လုပ်နေသူတွေလည်း ရှိပါတယ်။

အင်ဝိုင်းနဲ့ ရွှေတူးဖော်ရှာဖွေသူတွေအပြင် သစ်သားပြား (လက်ထိုးမျော)အပေါ် ရွှေပါဖြုန်းမြေစာတွေကို ရရှိနိုင်တဲ့ပစ္စည်းကို အသုံးပြုကာ ရှာဖွေနေတာပါ။

မိမိတို့နေအိမ်က ထမင်းချိုင့်တွေကို တစ်ပါတည်း ယူလာကာ စုပေါင်းစားသောက်ပြီး ခေတ္တခဏ အိပ်စက် အနားယူကြတာပါ။

မိမိတို့နေအိမ်က ထမင်းချိုင့်တွေကို တစ်ပါတည်း ယူလာကာ စုပေါင်းစားသောက်ပြီး ခေတ္တခဏ အိပ်စက် အနားယူကြတာပါ။

မြေအောက်က တူးဖော်ထုတ်လုပ်ရတဲ့အတွက် အင်းအတွင်းက ထွက်ရှိလာတဲ့ ဖြုန်းမြေစာတွေကို သယ်ဆောင်ရလွယ်ကူဖို့၊ တူးဖော်ရေး လုပ်ကိုင်ဆောင်ရွက်နေသူတွေ အသက်အန္တရာယ်ကင်းစေဖို့ စက်ယန္တရားတွေကို အသုံးပြုကာ လေပေးတာ၊ သယ်ဆောင်တာ လုပ်ရတာပါ။

ရွှေတူးဖော်လုပ်ကိုင် ဆောင်ရွက်နေတဲ့ ကုမ္ပဏီတွေဟာ ရွှေအရ များဖို့ မိမိတို့ကိုးကွယ်တဲ့ ဘုရား၊ တရား၊ သံဃာတွေအတွက် ကုသိုလ်ယူမှုတွေအပြင် နေရာဒေသ ယုံကြည်မှုတွေအရ ဆိုင်ရာပိုင်ရာ နတ်မင်းတွေကိုလည်း တခမ်းတနား ပူဇော်ကိုးကွယ်ရပါတယ်။

ရွှေထွက်ရှိနိုင်တဲ့ မြေသားအနေအထားပေါ် မူတည်ပြီး ၄ ပေပတ်လည် တွင်းတွေတူးကာ မိသားစု စားဝတ်နေရေး ပြေလည်စေဖို့ မိသားစုတွေအလိုက် တူးဖော်ရှာဖွေ ထုတ်လုပ်နေတာကို တွေ့မြင်နိုင်ပါတယ်။

ကုမ္ပဏီအများအပြားက ရွှေတူးဖော် ထုတ်လုပ်ရာမှာ ကျောက်ဆောင်၊ ကျောက်တုံးတွေကြားက စပြီး မြေအောက်ပေ ရာထောင်ချီရှိတဲ့ ရွှေပါ ဖြုန်းမြေ ရရှိဖို့ တူးဖော် ထုတ်လုပ်နေတာပါ။

ကုမ္ပဏီအများအပြားက ရွှေတူးဖော် ထုတ်လုပ်ရာမှာ ကျောက်ဆောင်၊ ကျောက်တုံးတွေကြားက စပြီး မြေအောက်ပေ ရာထောင်ချီရှိတဲ့ ရွှေပါ ဖြုန်းမြေ ရရှိဖို့ တူးဖော် ထုတ်လုပ်နေတာပါ။

အင်းအတွင်းက ထွက်လာတဲ့ ရွှေပါဝင်တဲ့ ဖြုန်းမြေစာတွေကို ကြိတ်ခွဲစက်တွေနဲ့ ကြိတ်ခွဲကာ ရရှိလာတဲ့ဖြုန်းမြေစာတွေကို အဆင့်ဆင့် ရွှေထုတ်လုပ်ရရှိနိုင်ဖို့ ဆောင်ရွက်နေတာကိုလည်း တွေ့မြင်ရတာပါ။

ဓာတုပစ္စည်းတွေနဲ့ အဆင့်ဆင့် ထုတ်ယူခဲ့တဲ့ရွှေကို အသန့်စင်ဆုံး အနေအထား လက်ရှိဈေးကွက်တင် ရောင်းချနိုင်ရေး၊ လက်ဝတ်ရတနာတွေ ပြုပြင်လုပ်ကိုင် ဆောင်ရွက်နိုင်ဖို့အတွက် ကုမ္ပဏီတွေက ထုတ်လုပ်နေကြတာကို တွေ့မြင်နိုင်ပါတယ်။