News

POST TYPE

PHOTO ESSAYS

အကျည်းတန်ခဲ့သော 7 July
09-Jul-2017
မြန်မာနိုင်ငံ၏ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်း၌ အထောက်အပံ့ ဖြစ်စေခဲ့သော ကျောင်းသားများ၏ လှုပ်ရှားမှုအတွက် ဆုံးဖြတ်ချက်များ ချမှတ်ရာ၊ စည်းဝေးတိုင်ပင်ရာ ကျောင်းသားသမဂ္ဂ အဆောက်အအုံမှာ ၁၉၆၂ ခုနစ် ဇူလိုင် ၇ ရက်နေ့တွင် ဒိုင်းနမိုက်နှင့် ဖျက်ဆီးခြင်း ခံခဲ့ရသည်မှာ နှစ်ပေါင်း ၅၅ နှစ် တိုင်ခဲ့လေပြီ။ ပါလီမန်စနစ်ဖြင့် တင်မြှောက်သော အစိုးရထံမှ အာဏာသိမ်းယူပြီး စစ်အာဏာရှင်စနစ်ကို ဦးဆောင် မွေးဖွားခဲ့သူ ဗိုလ်ချုပ်ကြီး နေဝင်း(ငြိမ်း)၊ ဗိုလ်မှူးချုပ် အောင်ကြီး(ငြိမ်း) အပါအဝင် တော်လှန်ရေး ကောင်စီဝင်အချို့မှာ သမဂ္ဂ အဆောက်အအုံ ဖျက်ဆီးခံရမှုတွင် အပြန်အလှန် အပြစ်ပုံချမှုများဖြင့် တမလွန်လောကသို့ ထွက်ခွာသွားကြပြီးဖြစ်သည်။ ရုပ်ဆိုး အကျည်းတန်လှသော ယင်းဖျက်ဆီးမှုမှာ နှစ်စဉ် ဇူလိုင်လ ၇ ရက်နေ့ရောက်တိုင်း သမိုင်းမှတ်တမ်းအဖြစ် ထွက်ပေါ်လျက်ရှိသည်။ ယခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် ပြုလုပ်ခဲ့သော 7 July အထိမ်းအမှတ်ပွဲများမှ မှတ်တမ်း ဓာတ်ပုံများကို ကောက်နုတ် ဖော်ပြလိုက်သည်။

ဓာတ်ပုံ - Kyae Mone U Thung၊ TH၊ နေမင်းထက်၊ အောင်နိုင်၊ အောင်ဖြိုး

၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်နေ့က ရန်ကုန်တက္ကသိုလ်ဝင်းနှင့် သမဂ္ဂအဆောက်အအုံရှေ့တွင် ကျောင်းသားများ ဆန္ဒပြနေစဉ်။
၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်နေ့က ရန်ကုန်တက္ကသိုလ်ဝင်းနှင့် သမဂ္ဂအဆောက်အအုံရှေ့တွင် ကျောင်းသားများ ဆန္ဒပြနေစဉ်။
၅၅ နှစ်မြောက် 7 July အောက်မေ့ဖွယ် အခမ်းအနားကို ရန်ကုန်တက္ကသိုလ်ဝင်းတွင် ပြုလုပ်စဉ်။
၅၅ နှစ်မြောက် 7 July အခမ်းအနားကို ဇူလိုင်လ ၇ ရက်နေ့ နံနက်ပိုင်းက မန္တလေးမြို့ ရတနာပုံ တက္ကသိုလ်ဝင်းအတွင်း၌ ကျင်းပခဲ့ပြီး ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင် အပါအဝင် ကျောင်းသားဟောင်းများက စာပေဟောပြောပွဲ ပြုလုပ်ခဲ့သည်။

ပြည်မြို့တွင် 7 July အထိမ်းအမှတ်ဖြင့် ဇူလိုင်လ ၇ ရက် နံနက်ပိုင်းက နိုင်ငံရေး အကျဉ်းသားများ အမြန်ဆုံး လွှတ်ပေးရေး၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံတော် သမ္မတကြီးတို့က ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဖျက်သိမ်းပေးရေးတို့ကို အမြန်ဆုံး ဆောင်ရွက်ပေးရန် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ကာ တောင်းဆိုခဲ့သည်။ 
7 July အခမ်းအနားတွင် ဗကသကျောင်းသားဟောင်း ကိုအောင်ကျော်လွင်၊ ၁၉၆၂ တက္ကသိုလ်ကျောင်းသားဟောင်း ကိုအရှိတ်၊ ၁၉၇၄ ကျောင်းသားဟောင်း ဦးတင်စိုး၊ ၈၈ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုမင်းခိုင်၊ ၈၈ မျိုးဆက် ဦးစိန်သောင်း၊ ဟင်္သာတ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂဥက္ကဋ္ဌ ကိုဧပရယ်ထွန်းတို့ ဟောပြောခဲ့သည်။
7 July  ၅၅ နှစ်မြောက်ခဲ့ပြီဖြစ်သည့် အောက်မေ့ဖွယ် အခမ်းအနားကို ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း တက္ကသိုလ် ကျောင်းသားသမဂ္ဂများမှ ဦးဆောင် ကျင်းပပြုလုပ်ခဲ့သည်။

  • VIA