News

POST SECTION

PERSPECTIVE

21-Dec-2016
ပြည်သူ့ကိုယ်စားလှယ်ဖြစ်သော လွှတ်တော်ကိုယ်စားလှယ်ကြီးများ အနေနှင့် မသိမဖြစ်သိရှိနားလည်ထားကြရမည်ကား ရုံးလုပ်ငန်းဆိုင်ရာ အထွေထွေဗဟုသုတပင် ဖြစ်ပါသည်။
21-Dec-2016
ပြည်သူများထံမှကောက်ခံသည့် အခွန်များဖြင့်သာ ရပ်တည်နေကြသည့် အစိုးရများ ကမ္ဘာ့နိုင်ငံများတွင် ရှိနေသည်။ အမှန်တကယ်သာ အသေအချာကောက်ခံလျှင် ရငွေများ အဆမတန် တက်လာမည်။
20-Dec-2016
တကယ်လက်တွေ့ အားသွန်ခွန်စိုက် လုပ်နေပါလျက်နှင့်မှ သက်ငယ်မုဒိမ်းမှုတွေ လျော့ကျမသွားသေးသည်ဆိုလျှင် မိမိတို့ လုပ်နေသောလမ်းစဉ် လွဲနေပြီဖြစ်ကြောင်း သဘောပေါက်ရပါမည်။ သို့ဆိုလျှင် ဘယ်နေရာ လွဲနေသလဲ အလျင်အမြန် ရှာဖွေ ဖော်ထုတ်ကာ ပြင်ဆင်အရေးယူရပါမည်
20-Dec-2016
ယခုရက်ပိုင်းအတွင်း ကြားခဲ့ကြ၊ မြင်ခဲ့ကြ၊ သိခဲ့ကြရသည့် သတင်းတစ်ခုကြောင့် ပြည်သူများအကြား အတော်ပင် စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်စေခဲ့သည်။ ထိုသတင်းမှာ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့အထွက် ဥသျှစ်ပင်ရွာ အနီး ကားတစ်စီးပေါ်၌ ပီပါ ၁ လုံးလျှင် စိတ်ကြွရူးသွပ်ဆေး အပြားရေ ၁ သန်းစီ ထည့်ထားသည့် ပီပါ ၁၄ လုံးတွင် WY စာတန်းပါ လိမ္မော် ရောင်ဆေးပြား ၁၄ သန်းနှင့် အထုပ်များဖြင့် သီးခြား ခွဲထည့်ထားသည့် ဆေးပြား ၉ သိန်း ၅ သောင်း ၄ ထောင်၊ စုစုပေါင်း စိတ်ကြွဆေးပြားပေါင်း ၁၅ သန်းနီးပါးကို ဖမ်းဆီးရမိခဲ့မှုနှင့် ဒီဇင်ဘာလ ၁၁ ရက် နံနက် ၁ နာရီ ခန့်တွင် မင်္ဂလာဒုံမြို့နယ် ပတ္တမြားမြို့သစ်ရှိ နေအိမ်တစ်လုံး၌ ကျပ်သန်း ရှစ်သောင်းခြောက်ထောင်ကျော်ရှိ စိတ်ကြွဆေးပြား၂၄သိန်းကျော်ကို ဖမ်းဆီးရမိခဲ့မှု သတင်းများပင် ဖြစ်သည်
19-Dec-2016
စာအုပ်၏ အသွင်အပြင် ညံ့ဖျင်းတာကို အတင်းဖျစ်ညှစ် ခွင့်လွှတ်လို့ ရသေးသည်။ သို့သော် စာများမှားခြင်းကိုမူ မည်သည့်နည်းနှင့်မှ ခွင့်လွှတ်နိုင်စရာ အကြောင်း မရှိပါ။ စာဟူသည် စာတစ်အုပ်၏ အသက်ဖြစ်၏။ ဆရာကြီး ပီမိုးနင်း ဆိုလျှင် သူ့စာမူကြမ်းကို စာပြင်ဆရာက တစ်လုံးကလေးမျှ ပြင်မိရုံနှင့် အလွန်ဒေါသပုံထကာ စာတစ်ပုဒ်လုံး ပစ်ရရောဟု ပြောခဲ့ကြောင်း ဖတ်ဖူးပါသည်။ ယခု အဝေးသင်စာအုပ်များ မှားပုံကို ဆရာကြီးသာ ဖတ်ရလျှင် အဘယ်ကဲ့သို့ ပြောလေမည်မသိ။
19-Dec-2016
ကျွန်တော်တို့နိုင်ငံတွင် လက်ရှိအစိုးရနှင့် လွှတ်တော်တို့တွင် တာဝန် ထမ်းဆောင်နေသောပုဂ္ဂိုလ်များကို အရေးယူ အပြစ်ပေးသည့်အခါ သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေပြဋ္ဌာန်းထားချက်များအတိုင်း တာဝန်ရှိပုဂ္ဂိုလ်အဖွဲ့အစည်းတို့မှ အရေးယူခြင်းမပြုလုပ်ဘဲ ပါတီက အရာရာကို ဦးဆောင်သည်ဆိုသည့်မူဖြင့် နေရာတကာ ပါဝင်နေသည်ကို စိတ်မသက်မသာ တွေ့မြင်နေရခြင်း ဖြစ်ပေသည်။
17-Dec-2016
ကဏန်းနှင့် မိအေးကို သဘောမပေါက်လျှင် လောကတွင် နိုင်ငံရေးလုပ်လုပ်၊ စီးပွားရှာရှာ၊ ပညာယူယူ ပေါက်မြောက်နိုင်မည် မဟုတ်။ ကဏန်းနှင့် မိအေးကို မသိသောသူများ ခေါင်းဆောင်ဖြစ်နေလျှင်၊ နောက်လိုက်ထဲတွင် များနေလျှင် တိုင်းပြည်၊ အဖွဲ့အစည်း ရှေ့မတက်နိုင်။ နောက်ပြန်လန်မကျလျှင်ပင် ကံကောင်းဟု ပြောရမည်။
17-Dec-2016
ဒေါ်နယ်ထရမ့်၏ အောင်ပွဲမှာ ဥရောပမှ ‘လီပန်’ လိုလူမျိုးကို အားတက်စေသလို အနောက်ဆန့်ကျင်ရေး အစဉ်အလာရှိသူ ပူတင်၏ အနေအထားကိုလည်း ခိုင်မာစေသည်။ ယနေ့ လက်ယာ အများကြိုက် ပေါ်ပြူလာဝါဒက အမျိုးသားရေးဝါဒ အလံကိုလည်း မြင့်မြင့်မားမားလွှင့်ထားရာ လစ်ဘရယ်ဝါဒ၏ အားနည်းချက် တစ်ခုဟု ဆိုနိုင်သော လူ့အခွင့်အရေး အကြောင်းပြချက်ဖြင့် အမျိုးသားလက္ခဏာ ထိပါးခံနေရသော နိုင်ငံများ အထူးသတိထားဖို့ လိုပါလိမ့်မည်။
16-Dec-2016
စာရင်းစစ်ဝင်သော အခါတွင်ကား သက်ဆိုင်ရာ ဌာနတာဝန်ရှိသူကိုသာ အပြစ်ပုံချ၍ မပြောရကောင်းလား၊ မကြီးကြပ်ကောင်းလားဟူသည့် အပြစ်တင်သော မှတ်ချက်ဖြင့်သာ အဆုံးသတ်ပြီး ကန်ထရိုက်ကိုလည်း မဆိုစလောက်သော အစိတ်အပိုင်းအချို့ကိုသာ ပြန်လည်ပြင်ဆင်စေသည် ဖြစ်ရာ နောက်ဆုံး နစ်နာရသည်မှာ နိုင်ငံတော်သာ ဖြစ်ပါတော့သည်။
16-Dec-2016
ဒေါ်လာဈေးတက်ပြီး ကုန်ဈေးနှုန်း ကြီးမြင့်ကာ ပြည်တွင်းထုတ်ကုန်များ ယုတ်လျော့နေမှုအပေါ် ဥပဒေပြုရေး မဏ္ဍိုင်ကလည်း ဤအတိုင်း ကြည့်နေကြဖို့ မသင့်တော့ချေ။ ဝိုင်းဝန်းမှ ရတော့မည်။ ဆိုင်ရာဌာန (Focal Ministry) ဖြစ်သည့် စီးပွားကူးသန်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေး၊ စက်မှုစိုက်မွေး စသည့်ဌာနတို့ဖြင့် မလုံလောက်တော့ပေ။ ဌာနအားလုံး ပါဝင်ဖွဲ့စည်းထားသည့် ပြည်ထောင်စု အစိုးရအဖွဲ့ (Cabinet) တစ်ခုလုံး ဝိုင်းထိုင်အဖြေရှာမှရမည်။
15-Dec-2016
ကိုလံဘီယာ သမ္မတကတော့ မျိုးဆက် ၃ ခု ပါဝင်ခဲ့တဲ့ နှစ် ၅၀ ကြာ ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်ခဲ့ပြီလို့ ပြောပါတယ်။ မြန်မာနိုင်ငံ ပြည်တွင်းစစ်က နှစ် ၇၀ ရှိနေပြီဖြစ်လို့ မျိုးဆက် ၄ ခုစာ ရှိနေပါပြီ။ မျိုးဆက် ၅ ခုစာအထိ ရှည်မသွားအောင် တားဆီးနိုင်ရေးအတွက် ဒီနေ့ အစိုးရ တာဝန်ရှိသူတွေ၊ နှစ်ဖက်တပ်တွေရဲ့ တပ်မှူးတွေက လူငယ်မျိုးဆက်တွေရဲ့ အနာဂတ်ကိုပါ ထည့်သွင်း စဉ်းစားဖို့ လိုနေပြီဖြစ်ပါတယ်။
15-Dec-2016
See something, say something. ဟူသော စကားသည် ရှိ၏။ အကြင်တစ်ဦးတစ်ယောက်သောသူသည် မှားနေသည်ကို တွေ့သည် ဖြစ်အံ့။ ထိုသူသည် မှားနေတာကို မှားနေကြောင်းထောက်ပြမှ တာဝန် ကျေသူဖြစ်ပေမည်။ မှားနေမှန်းသိလျက်နှင့် မသိလိုက် မသိဘာသာနေသူသည် တာဝန်မဲ့သူသာဖြစ်၏။ အထူးသဖြင့် တိုင်းပြည်အရေးနှင့် ပတ်သက်လာလျှင် ပိုပြောသင့်သေးသည်။ အနာဂတ် မျိုးဆက်သစ်များအရေးနှင့် ဆိုင်လာလျှင်လည်း (အများက ကဲ့ရဲ့သြင်္ဂိုဟ် အတင်းဆိုနေသည့်တိုင်) ပြောသင့်ပြောထိုက်ပါက ပြောကိုပြောရမည်သာ ဖြစ်လေသည်
15-Dec-2016
မိုးပြာ ဦးဉာဏ အနေနဲ့ လူ့အသက်သတ်မှ ပါဏာတိပါတကံ ထိုက်တာ။ တိရစ္ဆာန်အသက် သတ်ရင် ပါဏာတိပါတကံ မထိုက်ဘူးလို့ ပြောခွင့်မရှိတော့ဘူးလားလို့ မေးစရာ ရှိပါတယ်။ မိုးပြာ ဦးဉာဏ အနေနဲ့ “ကျုပ်အယူအဆကတော့ လူ့အသက်သတ်မှ ပါဏာတိပါတကံ ထိုက်တာ၊ တိရစ္ဆာန်အသက် သတ်ရင် ပါဏာတိပါတကံ မထိုက်ဘူး” လို့ ကိုယ်ပိုင်အယူအဆ အနေနဲ့ ဟောပြောခွင့် ရှိပါတယ်။ သို့သော်လည်း မိုးပြာ ဦးဉာဏက သူ့အယူအဆကို ‘ဘုရားရှင်ရဲ့ အယူအဆမှန်’ လို့ ဟောပြောတဲ့အတွက် ထိုအယူအဆဟာ မှားယွင်းဖောက်ပြန်တဲ့ အယူအဆ ဖြစ်တယ်လို့ ထေရဝါဒ သံဃာတော်များက ကန့်ကွက်ကြရတာ ဖြစ်ပါတယ်။ သူ့အယူအဆ အနေနဲ့ ပြောမယ်ဆိုရင်တော့ ဘာပြောပြော ကန့်ကွက်စရာ မရှိပါဘူး။
14-Dec-2016
မြန်မာ့အလင်းသတင်းစာ (၃-၁၂-၂၀၁၆ ရက် စနေနေ့ ထုတ်) မှာ ဦးနေဝင်းဆိုသူက မိုးပြာဦးညာဏရဲ့ ပစ္စုပ္ဗန်ကမ္မဝါဒ အယူဝါဒရေးရာဆိုင်ရာ စာအုပ်စာတမ်း အသံသွင်းခွေများ ထုတ်ဝေမယ်၊ ကန့်ကွက်နိုင်တယ်ဆိုပြီးတော့ ကြေငြာခဲ့တယ်။ ညွှန်ကြားရေးမှူး (ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူးရုံး)က ဥပဒေနဲ့အညီ ကန့်ကွက်ခဲ့တယ်။ လွှတ်တော်မှာ သာသနာရေးဝန်ကြီး ကိုယ်တိုင်ကလည်း မိုးပြာဦးညာဏကို တရားစွဲမယ်လို့ သတင်းထောက်တွေကို ထုတ်ပြောခဲ့တယ်။ ဒီအခါမှာ လစ်ဘရယ်သမားလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားသူအချို့နဲ့ မိုးပြာဂိုဏ်းသားများက ဒီမိုကရေစီခေတ်မှာ လွတ်လပ်စွာ ပြောရေးဆိုခွင့်မရှိဘူးလို့ အသံထွက်လာကြတယ်။ ဒါကြောင့် မိုးပြာဦးညာဏနဲ့ သူ့အယူဝါဒနဲ့ပတ်သက်ပြီး ပြောပြချင်တာလေးတွေ ရှိလာတယ်
13-Dec-2016
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကလည်း လူငယ်တွေကို ယုံကြည်ပါတယ်။ “အသက်မွေးဝမ်းကျောင်း” ပညာရေးကို လေ့လာ လိုက်စားဖို့ အတန်တန်မှာတယ်။ ဂျပန်၊ စင်ကာပူနဲ့ တောင်ကိုရီးယားမှာ အသက်မွေးဝမ်း ကျောင်းပညာရေးက ထိပ်တန်း ဦးစားပေး ပညာရေးဖြစ်တော့ နိုင်ငံကို စက်မှုဖွံ့ဖြိုးပြီး နိုင်ငံအဖြစ် ဆွဲတင်သွားတယ်။