POST SECTION

PERSPECTIVE

04-Aug-2018
အသွင်ကူးပြောင်းဆဲကာလတွင် အစိုးရမဏ္ဍိုင်များ အခြေမခိုင်သေးခြင်း၊ ဥပဒေစိုးမိုးမှု အားနည်းနေသေးခြင်း၊ မူဘောင်နှင့် လုပ်ထုံးလုပ်နည်းများ ပြောင်းလဲနေရခြင်း၊ လူထု၏ သဘောထားများ၊ အဖွဲ့အစည်းများ၏ သဘောထားများ အံဝင်ခွင်ကျမှု လိုအပ်နေသေးခြင်း စသည့် အခြေအနေများကြောင့် အကူးအပြောင်း လုပ်ငန်းစဉ်၏ အရေးပါသော ဆုံးဖြတ်ချက်များသည် အပြောင်းအလဲအား ဦးဆောင်သူအပေါ်၌သာ မူတည်နေတတ်ပါသည်။
04-Aug-2018
ငြိမ်းချမ်းရေးဆိုင်ရာ လူထုလှုပ်ရှားမှုများကို အားပေးအားမြှောက်ပြုပေးရမည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြုလုပ်နေသော ငြိမ်းချမ်းရေးစကားဝိုင်းများသည် ပင်လုံချဉ်းကပ်မှုနှင့်အတူ More People ချဉ်းကပ်မှုဟု ဆိုနိုင်သည
04-Aug-2018
ကုမ္ပဏီကထုတ်ပြန်ရာတွင် သူတို့သည် ရေကာတာမှချို့ယွင်းချက်ကို သိပြီးသည်နှင့်တစ်ပြိုင်နက် တာဝန်ရှိသူများကို အကြောင်းကြားပြီး အနီးဆုံးကျေးရွာများ ရွှေ့ပြောင်းရေးကိစ္စများကို အဆောတလျင် ပြုလုပ်ခဲ့ကြသည်ဟု ဆိုသည်။ သို့သော် ထိုနယ်မှ ပို၍တာဝန်ရှိသောပုဂ္ဂိုလ်များ (Provincial Government) ကို အကြောင်းကြားရန် ပျက်ကွက်ခဲ့ပြီးနောက် နောက်တစ်နေ့ နေ့လယ်ပိုင်းမှသာ အကြောင်းကြားနိုင်ခဲ့သည်။ ထိုအချိန်မှာ ရေကာတာကို ပြုပြင်မရနိုင်တော့ပေ။
04-Aug-2018
ယနေ့လက်ရှိနိုင်ငံတော်မှာ ကြုံတွေ့နေရတဲ့ စီးပွားရေးဆိုင်ရာ တိုးတက်မှု ရှိ မရှိဆိုတဲ့ ကိန်းဂဏန်းဆိုင်ရာ ကိစ္စရပ်တွေအကြားက အငြင်းပွားမှုတွေ အဆုံးသတ်ဖို့ဆိုရင် ယခုစတင်ကျင့်သုံးမယ့် မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေကို စနစ်တကျ အသက်ဝင်အောင် ဆောင်ရွက်ကြပြီး အခြား ဖြေလျှော့သင့် ပြင်ဆင်သင့်တဲ့ အချက်တွေကိုလည်း လိုက်ပါဆောင်ရွက်ပေးမှသာ မြေပြင်မှ ပြည်ပက ဝင်ရောက်လာမယ့် ကုမ္ပဏီတွေနဲ့ ပြည်တွင်းက ကိုယ့်နိုင်ငံသား ကုမ္ပဏီတွေအတွက် အရာရာအဆင်ပြေ ချောမွေ့စေနိုင်မှာ ဖြစ်ပါတယ်။
04-Aug-2018
ဆရာတွေကို White Card တွေ၊ Green Card တွေနှင့် ခြိမ်းခြောက်လို့ခြိမ်းခြောက်။ “ရ” ထားတဲ့ဘွဲ့နဲ့ မကိုက်ညီတဲ့ဘာသာရပ်မသင်ရဘူး ပြောလို့ပြော။ တကယ်လည်းမဟုတ်။ လုပ်စားခေတ်က ဥပဒေကြီးအတိုင်း လုပ်နေတုန်း။ စစ်သည်။ ဆေးသည်။ ရစ်သည်။ မေးသည်။ အံ့ဖွယ်။ မူလတန်းဘယ်မှာနေသလဲ။ အထက်တန်း ဘယ်ကျောင်းထွက်လဲ။ နောက်ထပ် နာမည်ရှိသေးလား။ ဟား ဟား...။ မရောင်ရာဆီလူး။ ပြီးတော့ ထုတ်ပေးသည့် Green Card ထဲမှာ တွေ့ရာစာရေးမ ရေးခိုင်းထားသည့် နမော်နမဲ့အမှားတွေ ဗရပွနဲ့။
02-Aug-2018
၂၀၂၁ ခုနှစ်အလွန်မှာ စာမေးပွဲမရှိတော့တဲ့အတွက် နဖူးတွေ့ ဒူးတွေ့ကြုံမှ လိုအပ်ချက်တွေ အားနည်းချက်တွေနဲ့ ပူပူညံညံတွေ ဖြစ်လာကြဦးမယ်။ ဘာကြောင့်ပြောရသလဲဆိုတော့ ခုလိုဆွေးနွေးနေတဲ့အချိန်မှာ သိပ်စိတ်မဝင်စားကြဘူး။ အားလုံးပါဝင်ဆွေးနွေးကြတာလည်း မတွေ့ရဘူး။ ဆွေးနွေးကြတဲ့ ကျောင်းအများစုကလည်း ကောင်းပါသည်ခင်ဗျာပဲ။ တချို့ အစည်းအဝေးသာတက်ပြီး ပြန်လာတယ်။ ဘာအစည်းအဝေးမှန်းတောင် မသိခဲ့ကြဘူး။
02-Aug-2018
ဝန်ထမ်းက ပညာမပြနိုင်အောင် အစိုးရက ပညာပြည့်ဝနေဖို့လိုမည်။ အရည်အသွေးမြင့်သော အစိုးရအဖွဲ့ကို ဘယ်ဝန်ထမ်းမှ ပညာပြလို့မရ။ အစိုးရကိုယ်တိုင်ကလည်း အရည်အသွေး မြင့်နေသင့်သည်။ ဝန်ထမ်းတွေ ပညာပြတာ ခံရပြီဆိုကတည်းက သက်ဆိုင်ရာ အကြီးအကဲဖြစ်သူ၏ အရည်အသွေးပိုင်းကို အရင်ဆုံး မေးခွန်းထုတ်သင့်သည်။ ကိုယ့်ဌာနကိုယ် မနိုင်လို့ ထွက်လာသောအသံဖြစ်သည်။ ဘယ်လိုညှိနှိုင်းဆောင်ရွက်ရင် အဆင်ပြေနိုင်မလဲ ဆိုသောအဖြေကို ရှာကြစေချင်သည်။
01-Aug-2018
တရားဥပဒေစိုးမိုးမှု လျော့ရဲလာတာဟာ တရားစီရင်ရေးကဏ္ဍရဲ့ ဆောင်ရွက်မှုတွေနဲ့ တိုက်ရိုက် အချိုးကျပါတယ်။ တရားစီရင်ရေး ဆောင်ရွက်တဲ့နေရာမှာ ဥပဒေကို လက်တစ်လုံးခြားလုပ်ပြီး ဂယ်ပေါက် ထွက်ပေါက် ရှာတာ၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် ပြဋ္ဌာန်းချက်တစ်ခု ပုဒ်မတစ်ခုကို လိုသလို အဓိပ္ပာယ်ဖွင့်ပြီး အသုံးချတာ၊ အဂတိတရားကို အလွန်နှစ်သက်ပြီး တရားခံ၊ တရားလို နှစ်ဖက်ထံက လာဘ်လာဘ ရယူတာဟာ ယနေ့ခေတ် အချိန်အခါမှာတော့ အလွန်ကို စက်ဆုပ်ဖွယ်ရာ အလေ့အကျင့်တစ်ခုပဲ ဖြစ်ပါတယ်။
01-Aug-2018
စာပေအဆင့်အတန်းဆိုတာ လူ့အဖွဲ့အစည်းရဲ့ အဆင့်အတန်းဖြစ်ပါတယ်။ နိုင်ငံရဲ့ အဆင့်အတန်း ဖြစ်ပါတယ်။ လူမျိုးရဲ့ အဆင့်အတန်း ဖြစ်ပါတယ်။ စာပေအဆင့်အတန်း မရှိတော့တဲ့ လူ့အဖွဲ့အစည်းဆိုတာ ဘာအဆင့်အတန်းမှ မရှိနိုင်တော့ပါဘူး။
01-Aug-2018
ဗိုလ်ချုပ်အောင်ဆန်းကတော့ ဆူဇူကီးစကားကို သဘောမတူပါ။ ဆူဇူကီးရှိနေသရွေ့ ထိုအလုပ်မျိုး မလုပ်ဟု ဆိုသည်။ သို့သော် နောက်ပိုင်းတွင် မြန်မာ့တပ်မတော်သည် ဆူဇူကီးပေးခဲ့သည့် နည်းနာအတိုင်းပင် (၁၉၄၅ ခုနှစ်၌) ဂျပန်ကို ပြန်လည်တော်လှန်ခဲ့သည်။
28-Jul-2018
ဒေါ်လာဈေးတက်ပြီး ကုန်ဈေးနှုန်းကြီးမြင့်ကာ ပြည်တွင်း ထုတ်ကုန်များ ယုတ်လျော့နေမှုအပေါ် ဥပဒေပြုရေးမဏ္ဍိုင်မှာလည်း ဤအတိုင်းကြည့်နေကြဖို့ မသင့်တော့ချေ။ အချုပ်အားဖြင့်တင်ပြရလျှင် ယနေ့အချိန်အခါသည် ခေတ်ဟောင်းမှ နည်းဟောင်းများအတိုင်း စနစ်များ မပြောင်းဘဲ လုပ်နည်းလုပ်ဟန်လေးသာ ပြောင်းပြီး လုပ်နေကြရုံ၊ အပြောသန်နေကြရုံမျှဖြင့်လည်း အလုပ် မဖြစ်ကြတော့ပေ။
28-Jul-2018
ညနေပိုင်းတွင် ပင်လုံညီလာခံအကြို အစိုးရ၊ လွှတ်တော်၊ တပ်မတော် အစုအဖွဲ့ အစည်းအဝေးကို အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန၌ ပြုလုပ်ခဲ့သည်။ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသား အစုအဖွဲ့များ အပါအဝင် လူဦးရေ ၁၀၀ ကျော် တက်ရောက်ခဲ့ကြသည်။ ပြည်သူ့ လွှတ်တော်၏ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ကော်မတီဥက္ကဋ္ဌပင် မသိ။ သူက ပအိုဝ်းပါတီမှ ဖြစ်သည်။ လွှတ်တော်ထဲရှိ ရှမ်း၊ ရခိုင်၊ ဇိုမီး၊ ပအိုဝ်း၊ ပလောင်ကိုယ်စားလှယ်များ တစ်ဦးမှ မပါဝင်။ မည်သည့်စံနှုန်းဖြင့် မည်သူက ရွေးချယ်သနည်း။
28-Jul-2018
ယခုအခြေအနေက ပြည်သူတွေနှင့် အစိုးရ သီးခြားစီလို ဖြစ်နေသည်။ လွှတ်တော်တွေက လွှတ်တော်အလုပ် ပုံမှန်လုပ်နေသော်လည်း လွှတ်တော် ကတိကဝတ်တွေကို အစိုးရက ဝတ်ကျေတမ်းကျေလောက်ပဲ ဆောင်ရွက်နေသည်။ နိုင်ငံက ရွေ့သင့်သလောက် မရွေ့။
28-Jul-2018
နိုင်ငံခြားသားတစ်ဦးက ဦးဆောင်သောကော်မရှင်သစ်တစ်ရပ် ပေါ်ထွက်လာပြန်ပါပြီ။ ကော်မတီ၊ ကော်မရှင်တွေက များလာသလို ဖိအားများက ပိုဆိုးလာသည်။ ရခိုင်မြေမှာ တိုးတက်မှုကိုလည်း လက်ဆုပ် လက်ကိုင် မမြင်ရပေ။ ဒုက္ခသည်များ ပြန်လည်နေရာချထားရေးမှာ ဟင်းမျိုးစုံနှင့်ထမင်းဝိုင်းများတည်ကာ လာကြပါ လာကြပါဟု လှိုက်လှဲပျူငှာ ဖိတ်ခေါ်နေသော်လည်း မည်သူမျှမလာသော အလှူပွဲကဲ့သို့ ဖြစ်နေသည်။
28-Jul-2018
ဗဟိုဘဏ်အကြောင်းကို ကကြီး ခခွေး မသိသူ ကျွန်တော် ဘာစလုပ်ရမှန်း မသိခဲ့။ ဒေါ်လာဈေးတွေ တက်တာကျတာကို သိသည်။ ဘာကြောင့် ဘယ်လိုဖြစ်သလဲကိုမသိ။ ဘယ်လိုထိန်းရမလဲဆိုတာ မိမိနှင့်မိုင်ပေါင်းကုဋေ ဝေးသည်။