News

POST SECTION

PERSPECTIVE

20-Apr-2017
၂၀၁၇ ဧပြီလမှ စတင်ကာ ကမ္ဘာ့နိုင်ငံရေး အခြေအနေသည် အလျင်အမြန် ပြောင်းလဲလာနေပါတယ်။ ကမ္ဘာ့မဟာအင်အားကြီးနိုင်ငံများဟု သတ်မှတ်ထားသော အမေရိကန်နိုင်ငံ၊ ရုရှားနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား မကျေလည်မှုများ ကြီးထွားလာနေပါတယ်။ ယခု ဧပြီလ အစောပိုင်းတွင် အမေရိကန်ဟာ ရုရှား၏မိတ်ဖက် ဆီးရီးယားနိုင်ငံအား ပစ်ခတ်တိုက်ခိုက်လိုက်ခြင်းဖြင့် နိုင်ငံတကာ တင်းမာမှု အရှိန်အဟုန်ကို အမြင့်ဆုံးအမှတ်သို့ ဆွဲတင်လိုက်တယ်။
09-Apr-2017
အမေရိကန် ဒီမိုကရေစီစနစ်တွင် ခေါင်းဆောင်ကြီး လမ်းလွဲနေသည်ကို သတင်းစာများက သတိတရား ရအောင် သတိပေး ရေးသားနိုင်ခွင့် ရှိကြပါသည်။ ခေါင်းဆောင်ကြီးကို ဝေဖန် အပုပ်ချထားသည့်တိုင် စာရေးသူတွင် ဥပဒ်အန္တရာယ်ဖြစ်လာရန် မရှိပါ၊ စောင်ရေ သန်းချီ၍ ပုံနှိပ်နေသော သတင်းစာကြီးကို သမ္မတလုပ်သူတွေ့ရ၊ ဖတ်ရမည်မှာ မလွဲပါ။
09-Apr-2017
ပါတီသစ်အနေနှင့် “ပါတီ”ဆိုသော အထိုင်နှင့် စတင်ရပါလိမ့်မည်။ ၉၀ ရွေးကောက်ပွဲ အကြိုကာလကလို “ပါတီ”ကိုပင် အထက်စီး အကျောကြီးဖြင့် “တပ်ပေါင်းစု”အမည်ပေးသည်မျိုး မလုပ်သင့် (နိုင်ငံရေးဆိုသည်မှာ ရိုးသားရမည်။) ပြီးပျောက်ဆုံးနေသော တပ်ပေါင်းစုလမ်းကြောင်းကို မဖြစ်မနေ အကောင်အထည် ဖော်ရပါလိမ့်မည်။ (ဤသည်ပင် ရှစ်ဆယ့်ရှစ်မျိုးဆက်၏ သမိုင်းပေးတာဝန်ဟု ထင်သည်။)
08-Apr-2017
အပြောင်းအလဲတွင် “စနစ်ပြောင်းလဲခြင်းနှင့် စိတ်ဓာတ်ပြောင်းလဲခြင်း” နှစ်ခုရှိသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။ ထိုနှစ်ခုလုံးတွင် ပြည်သူရော၊ အစိုးရရော ပါဝင်ရမည်။ စနစ်ပြောင်းလဲခြင်းသည် အစိုးရက ဦးဆောင်ရမည်။ ပြည်သူများက အစိုးရကို ကြောက်ဖို့မလိုကြောင်း အများက သိလာခြင်းသည် တိုးတက်မှုဟု သူကမြင်သည်။
08-Apr-2017
သင်္ကြန်ကာလ ပြီးဆုံး၍ မေလနှင့်ဇွန်လတွင် အရောင်းအဝယ်သည် နည်းပါးပါသည်။ သို့သော် ထို ၂ လအတွက် အရောင်းအဝယ် ပမာဏကို ဧပြီတွင် ရရှိခဲ့သဖြင့် အရောင်းအဝယ်သမားများ၊ လက်လုပ်လက်စားနှင့် ကုမ္ပဏီများအတွက် မသိသာလှပေ။ ၎င်းအတွေ့အကြုံက မြန်မာနိုင်ငံကဲ့သို့ သင်္ကြန်ပွဲတော်ရှိသော ထိုင်းတွင်လည်း အလားတူ အတွေ့အကြုံကို ခံစားရပါသည်။
06-Apr-2017
တက္ကသိုလ်၏ဂုဏ်ကို မြှင့်တင်လိုသော အိမ်ရှင်စိတ်တို့ဖြင့် ပြည့်လျှံနေရမည်။ ဤနေရာတွင် ရာထူးတိုး၊ အပြောင်းအရွှေ့များကြောင့် တက္ကသိုလ်အချို့ အရည်အသွေး တည်ဆောက်သူ အမာခံများ လျော့နည်းခြင်းအပေါ် အပြစ်ဆိုလာကြသည်။
06-Apr-2017
သင်တတ်မြောက်ပြီးသွားလို့ရှိရင် နောက် ၂ ယောက်ကို သင်ပေးစေလိုပါတယ်။ နောက်၂ ယောက်ကလည်း တစ်ယောက်ကို ၂ ယောက်စီ သင်ပေးဖို့ပါပဲ။ ဒါမှ သစ်တောသစ်ပင် ပြုန်းတီးမှုမှ အမြန်သက်သာမှာပါ။
05-Apr-2017
လမ်းတံတားတွေ ယခင်ကထက် အရည်အသွေး ပိုမိုတိုးတက်ပြီး ကောင်းမွန်လာတာ၊ ငြိမ်းချမ်းရေး ရရှိဖို့လမ်းစနဲ့ နီးသထက်နီးလာတာ NLD အစိုးရအဖွဲ့ဝန်ကြီးတွေ အဂတိကင်းတာ၊ အကျင့်ပျက် ခြစားမှုတွေ ကင်းဝေးပြီး နိုင်ငံ့ဘဏ္ဍာတွေ အလေအလွင့် မရှိတာတွေအတွက်လည်း သူ့ကို ထောက်ခံခဲ့တဲ့ ပြည်သူတွေက ကျေနပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
05-Apr-2017
သင်ကြားမှု အရည်အသွေးပိုင်းနှင့်ပတ်သက်၍ ကမ္ဘာတစ်ဝန်း နိုင်ငံအသီးသီးရှိ စွမ်းဆောင်ရည် မြင့်မားသော ပညာရေးစနစ် အားလုံးကို လေ့လာမည်ဆိုပါက ပညာရေးရလဒ်များ တိုးတက်ကောင်းမွန်စေရေးအတွက် ကြိုးပမ်းရာတွင် ဆရာများ၏အခန်းကဏ္ဍသည် ပင်မအချက်အချာ ဖြစ်နေကြောင်း တွေ့ရှိရပါသည်။
04-Apr-2017
“ရတနာပူရ အင်းဝရွှေပြည်တော်ကြီးနှင့် တရုတ်ပြည် နှစ်ပြည်သည် ရှေးဘေးလောင်းတော်၊ ဘိုးလောင်းတော် အဆက်ဆက် အစဉ် မိတ်သဟာယဖြစ်၍ ရွှေလမ်း၊ ငွေလမ်း ပေါက်ရောက်ခဲ့ကြသည်။ ယခု မိမိတို့ဘက်မှ စော်ဘွားငယ်များ ပြေးဝင်လေသည်နှင့် ပြည်ကြီးနှစ်ပြည် ခိုက်ရန်ကြီးစွာ အကြိမ်ကြိမ် ဖြစ်ကြရသည်။ ထို့ကြောင့် ရှေးအစဉ်အလာအတိုင်း ပြည်နှစ်ပြည် ချမ်းသာကြမည့်အကြောင်းကို ပြေငြိမ်းအောင် ဆောင်ရွက်ပါ” (ဝန်ကြီး မဟာသီဟသူရ)
04-Apr-2017
လက်ရှိ အခြေအနေမှာ တပ်မတော်က ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ် လုံခြုံရေးလို တရားဥပဒေ စိုးမိုးရေးဆိုင်ရာ အဓိကနေရာတွေ ချုပ်ကိုင်ထားလို့ တကယ်တော့ မြန်မာ့နိုင်ငံရေးဟာ အာဏာရှင်တစ်ပိုင်း နိုင်ငံရေးပါဆိုပြီး သုံးသပ်တာတွေလည်း ရှိပါတယ်။
03-Apr-2017
ငွေကို သုံးနိုင် စွဲနိုင်သော လစာဝင်ငွေ သင့်တင့်သော လူလတ်တန်းစားတွေ များများရှိလာမှ နိုင်ငံစီးပွားရေးက အားကောင်းလာမည်။ လူလတ်တန်းစားတွေ အများကြီး ရှိလာဖို့ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖော်ထုတ်ပေးဖို့လိုသည်။ အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါများလာဖို့ ဆိုသည်က ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ အားကောင်းလာဖို့ လိုသည်။
03-Apr-2017
e-Government စနစ်မှာ အညံ့ဖျင်းဆုံး နိုင်ငံဖြစ်နေရတဲ့ အကြောင်းအရင်းတွေထဲမှာ National Portal မရှိသေးတာ၊ စနစ်ကျတဲ့ ကွန်ပျူတာသုံး မြန်မာစာစနစ် အကောင်အထည် မဖော်နိုင်သေးတာ၊ အစိုးရဝန်ထမ်းတွေကို Awareness လုပ်မှုအပိုင်း အားနည်းတာ စတဲ့ e-Government စနစ်ရဲ့ အခြေခံ ဒေါက်တိုင်တွေကနေစပြီး မပြည့်စုံသေးတာကြောင့်ပါပဲ။
01-Apr-2017
အစိုးရသက်တမ်း တစ်နှစ်ပြည့်ချိန်တွင် စီးပွားရေးသည် ‘ထင်’ သလောက် မ ‘ပေါက်’။ ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံများ စာရင်းဝင်နေပြီး နောက် သုံးလေးနှစ်အတွင်း ထိုစာရင်းမှထွက်ရန် မရှိသေးသည့် မြန်မာနိုင်ငံ စီးပွားရေးသည် ရှားရှားပါးပါး အရပ်သားအစိုးရ လက်ထက် အဖိုးတန်အချိန် ကျန်လေးနှစ်တွင် ဘယ်လိုရှေ့ဆက် ချီတက်မလဲ။
01-Apr-2017
မြန်မာ့ဒီမိုကရေစီရေးတွင် လက်နက်ကိုင်တပ်ကိုသာ နောက်ကြောင်းပြန် အင်အားစုအဖြစ် အဓိကကြည့်မြင်လေ့ ရှိသော်လည်း အစိုးရအဖွဲ့ အကြီးအကဲ၏ မကျွမ်းကျင်မှု၊ အားနည်းချက်၊ အရည်အချင်း မပြည့်မီမှုများကြောင့်လည်း ပြဿနာ ဖြစ်နိုင်သည်ကို သတိချပ်ဖို့လိုမည် ထင်သည်။