News

POST SECTION

PERSPECTIVE

25-Mar-2017
အရပ်ဘက် အဖွဲ့အစည်းများ ပို၍ကျယ်ကျယ်ပြန့်ပြန့်နှင့် လွတ်လွတ်လပ်လပ် လှုပ်ရှားဖို့ အခွင့်သာလိမ့်မည်ဟု အားလုံးက မျှော်လင့်ထားသော်လည်း လက်တွေ့တွင် ထင်သလို ဖြစ်မလာ။ လူ့အဖွဲ့အစည်းနှင့် နိုင်ငံတော်ကြား ပေါင်းကူးဆက်သွယ်ပေးသော အရပ်ဘက် အဖွဲ့အစည်းများ၊ မီဒီယာများ၊ နိုင်ငံရေးပါတီများကိုကျော်ပြီး လူထုနှင့် တိုက်ရိုက်ချဉ်းကပ်လိုမှုတွေ ကဲလာဟန်ရှိဟု (ကို) မင်းဇင်က သုံးသပ်။ ဒါကို သူက ‘သည်းခြေကြိုက် နိုင်ငံရေး’ ဟု အမည်ပေး။ (Populist Tendency ကို ဘာသာပြန်ထားသည်ဟု ယူဆရ)
23-Mar-2017
... နိုင်ငံရေးပါတီများအကြား အားပြိုင်မှု၊ ပြည်သူများအပေါ် စည်းရုံးမှုသည် တရားသဖြင့် မှန်ကန်သော ယှဉ်ပြိုင်ခြင်းသာ ဖြစ်သင့်ကြောင်း၊ တိုင်းပြည်ကို မည်သို့တိုးတက်အောင် တည်ဆောက်မည်၊ ထို့အတွက် မည်သည့်မူဝါဒများကို သေချာပေါက် အောင်မြင်အောင် လုပ်မည်၊ အလုပ်လက်မဲ့ လူငယ်များအတွက် မည်သို့လုပ်ပေးမည်၊ တောင်သူလယ်သမား အကျိုးစီးပွားကို မည်သို့ဖော်ဆောင်ပေးမည် စသည်ဖြင့်သာ မှန်ကန်သော ပြိုင်ဆိုင်မှုမျိုးများဖြင့် ပြုလုပ်သင့်ကြကြောင်း ...
23-Mar-2017
သူတို့ခေတ် အင်္ဂလိပ်ကျွန်၊ ဂျပန်ကျွန်ဘဝက လွတ်အောင် လုပ်ရတာထက်ကို ၁၉၈၈ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဒီနေ့ပြည်သူတွေ စစ်အာဏာရှင်ဘဝက လွတ်အောင် တော်လှန်ရတာ ပိုခက်ခဲပါတယ်။ ပေးဆပ်ခဲ့တာ ပိုများပါတယ်။ ဒီတော်လှန်ရေးမှာ ပါတဲ့လူတွေကိုလည်း မမေ့သင့်ဘူး။ သူတို့ကိုလည်း ဂုဏ်ပြုသင့်ပါတယ်...
22-Mar-2017
အစိုးရကို မဝေဖန်ဝံ့အောင် ဥပဒေပုဒ်မ တစ်ခုခုနှင့် တားမြစ်ခြိမ်းခြောက်ထားပြီဆိုလျှင်တော့ ထိုအစိုးရသည် ဒီမိုကရေစီ အစိုးရဟု မခေါ်ထိုက်တော့။
22-Mar-2017
မကြာမီကာလအတွင်း ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပတော့မည်ဖြစ်ရာ ကြားဖြတ် ရွေးကောက်ပွဲနှင့် စပ်လျဉ်းပြီး သိရှိထားသင့်သည့် “ကြားဖြတ် ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များ” နှင့် “အဘယ်ကြောင့် ကြားဖြတ် ရွေးကောက်ပွဲ ပေါ်ပေါက်လာရသည်များ”ကို အများပြည်သူ တစုတစည်းတည်း လေ့လာနိုင်ရန် ရည်ရွယ်ပြီး စုစည်းတင်ပြခြင်း ဖြစ်ပါသည်။
21-Mar-2017
ဓမ္မကို ယုံကြည် လက်ခံသော အဝန်းအဝိုင်း၊ အစုအဖွဲ့တို့က ဓမ္မနည်းဖြင့် အဓမ္မကို ဓမ္မဘက်သို့ ရောက်ရှိစေရန် ဖျောင်းဖျ စည်းရုံးခြင်း၊ ထိုအဝန်းအဝိုင်းက စောင့်ထိန်း လိုက်နာအပ်သော ကျင့်ဝတ်စည်းကမ်းများဖြင့် ကြပ်မတ်ခြင်း တစ်နည်းအားဖြင့် ဓမ္မစက်ဖြင့် ဖျောင်းဖျ ထိန်းသိမ်းရန် တာဝန်ရှိပေသည်
21-Mar-2017
ဥပဒေ မပြင်ဆင်ရသေးတဲ့ ကိစ္စတွေနဲ့ပတ်သက်လို့ တည်ဆဲ ဥပဒေအရ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်တဲ့ နေရာမှာ တစ်ခုသတိပြုရမှာက တည်ဆဲဥပဒေသည် ပြည်သူကို အမှန်တကယ် အကျိုးပြု မပြုဆိုတာပဲ ဖြစ်ပါတယ်။
20-Mar-2017
...အရွယ်ရောက်ပြီးသူ လူကြီးများတွင်ပင် ဘဝနှင့်အလုပ်ကြား ဟန်ချက်မျှရေး အရေးကြီးသည်ဆိုလျှင် ကလေးငယ်တို့အတွက်မူ ဆိုဖွယ်ရာ မရှိတော့ချေ။ ကလေးငယ်တို့အတွက် အလုပ်နှင့် အနားယူမှုတို့သည် သူ့အရွယ် သူ့အတိုင်းအတာနှင့်သာ ဖြစ်သင့်သည်။
20-Mar-2017
နောင်အနှစ် ၂၀ အတွင်း စင်ကာပူကို ကျော်လွန်စေချင်ရင် မြန်မာတွေ စင်ကာပူထက်ပိုပြီး အလုပ် လုပ်ကြရမယ်။ အသက်မွေးဝမ်းကျောင်းပညာ ကိုယ်စီ (ဒီပလိုမာရပြီး) တတ်မြောက်ပြီး ကျွမ်းကျင်လုပ်သားအဖြစ် ပါဝင် ဆောင်ရွက်နိုင်ရမယ်။
18-Mar-2017
လွှတ်တော်တံတားသည် အပ်နှင့်ထွင်းရမည့် အရာကို ပုဆိန်နှင့်ပေါက်ခြင်း ဖြစ်သည်။ ဆူးစူးသည့်အတွက် အပ်နှင့်ထွင်းရမည် ဖြစ်သော်လည်း ပုဆိန်နှင့် ပေါက်လိုက်ရာ ပုဆိန်ဒဏ်ချက် ပြင်းသဖြင့် ဆူးကိစ္စ အရေးမပါတော့ဘဲ ပုဆိန်ဒဏ်ရာကို ကုရမည့်အခြေဆိုက်သွားသည်။ ဆေးအတွက် လေးရသည့်ကိန်း။ ‘တိုက်ပွဲလေး တစ်ပွဲနိုင်သလောက် စစ်ပွဲကြီးရှုံးသည်’ ‘Winning a battle, losing the war’ ဟူသော စကားကို အမှတ်ရမိသည်။
18-Mar-2017
အမှန်စင်စစ် ‘တံတားတစ်စင်း ကင်ပွန်းတပ်ရေး’ မှာ လွန်ရောကျွံရော အရေးမပါလှသည့် တိုက်ပွဲငယ်တစ်ခုအတွက် အရေးမကြီးလှသော ‘နည်းဗျူဟာ’ မျှသာ ဖြစ်ပါသည်။ ဤကိစ္စ လူအုပ်နှင့် အနိုင်ယူလို့ ရသွားသည့်တိုင် မြန်မာ့နိုင်ငံရေးအတွက် အရေးအပါဆုံးဟု ဆိုနိုင်လောက်သည့် ‘ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး’ မှာကား ‘အက်’ သံ ပါသွားခဲ့ရချေပြီ။ ဘာလုပ်ကြမည်နည်း။ ဘယ်လိုပြင်ကြမည်နည်း။
17-Mar-2017
လက်ပံတောင်း စီမံကိန်းကသာ ဒေသခံတို့အတွက် အလုပ်အကိုင် အခွင့်အလမ်းများကို ဖန်တီးပေးနိုင်ပြီး နည်းပညာများကိုပါ ဖြည့်တင်းပေးပါက ဒေသတွင်း ဥစ္စာဓန တိုးပွားလာမည်ဖြစ်ပြီး ဆင်းရဲချမ်းသာ ကွာခြားမှုလည်း လျော့ကျလာမည် ဖြစ်သည်။
17-Mar-2017
ပြည်သူအများ လိုချင်တောင့်တနေသည့် ပြောင်းလဲလာမည့် အရာများအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်သည့် အစိုးရတစ်ရပ်မှာ ယနေ့အချိန်ထိ ကောင်းစွာ မပေါ်ထွန်းသေးသည်မှာ ထင်ရှားနေပြီး ထိုအရာကို ပြည်သူအများကလည်း မျှော်လင့်ချက် ကြီးမားစွာ ထားနေကြဆဲပင် ဖြစ်သည်။
16-Mar-2017
မြို့တော်စည်ပင်သာယာရေး ကော်မတီအနေနှင့် အဆိုပါ တိုက်များကို စနစ်တကျ လိုက်လံစိစစ်၍ လိုအပ်ပါက ဘေးအန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်၍ ပြန်လည် တည်ဆောက်စေခြင်း စသည်တို့ကို ဆောင်ရွက်ဖို့ အချိန်ကျရောက်ပြီ ဖြစ်ပါသည်။
16-Mar-2017
၆၆(ဃ) ဆိုသည်မှာလည်း နာမည်ဆိုးနှင့်သာ ကျော်ကြားနေလျက်ရှိပြီး ပြည်သူအများအတွက် အကျိုးစီးပွားကို ကာကွယ်ပေးရမည့်နေရာမှ လျှောကျလျက် ရှိနေလေတော့သည်။ ထိုသို့ လျှောကျခဲ့ရခြင်းမှာလည်း ဥပဒေများအပေါ် ကောက်ယူသုံးစွဲပြီး စနစ်တကျ အသုံးမချတတ်သူများကြောင့်ဟုဆိုလျှင် ရနိုင်သည်။