News

POST SECTION

PERSPECTIVE

08-Aug-2017
မည်သို့ပင်ဆိုစေကာမူ ရှစ်လေးလုံး အရေးတော်ပုံကြီးသည် ယူတတ်လျှင် သင်ခန်းစာများကို ပေးစွမ်းပါသည်။ (၁) စစ်အာဏာရှင်များ၏ လက်သုံးစကား တစ်ခုဖြစ်သည့် “အာဏာသည် သေနတ်ပြောင်းဝမှာ ရှိသည်”ဟူသောစကားကို ချေဖျက်ခဲ့သည်။
07-Aug-2017
....တရားရုံးကို လေးစား အားကိုးပြီး အမှန်တရားကို ကူညီဖော်ထုတ်ပေးလိုသည့် ဆန္ဒများ ပြည်သူများတွင် ရှိဖို့လိုပါပြီ။ ပြည်သူများက မလိမ်မညာ၊ မကွယ် မဝှက်၊ အမှန်ကိုအမှန်အတိုင်း ထွက်ဆိုချက် ပေးလာဖို့အရေး ကျမ်းစာအုပ်ကြီးကလည်း အကူအညီ မပေးတော့ပါ။ နိုင်ငံတကာတွင်တော့ မုသားဖော်စက်များ သုံးနေသည်ဟု ကြားဖူးနားဝရှိပါသည်။ ကျွန်တော်တို့ နိုင်ငံတွင်လည်း နည်းလမ်း ရှာကြံသင့်ပြီဖြစ်ပါကြောင်း ပုဂံခေတ်ကို အကြောင်းပြု၍ မောင်းထုလိုက်ရပါသည်။
07-Aug-2017
အမှန်ဆိုရလျှင် ယခုရက်ပိုင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည့် ပညာရေး တက္ကသိုလ် ကျောင်းသားများ၏ ဆန္ဒထုတ်ဖော်မှုကို ဖြေရှင်းပေးရာတွင် ထိုအတိုင်းသာ ဖြစ်သင့်သည်။ တာဝန်ရှိဌာနဆိုင်ရာများမှ ညှိနှိုင်းဖြေရှင်း ပေးကြရမည်။ ညှိနှိုင်းဖြေရှင်းရန် ကိစ္စများကိုလည်း အထက်တွင် တင်ပြခဲ့သည့် ဥပဒေကြီးအထဲတွင် ပြန်လည်ဖြည့်စွက် ထည့်သွင်းကြရမည်။
05-Aug-2017
ဘယ်လိုပဲဖြစ်ဖြစ် သက်ငယ်မုဒိမ်းမှုတွေ လျော့ကျဖို့ကတော့ မိဘအုပ်ထိန်းသူတွေမှာ ထိန်းသိမ်းဖို့ တာဝန်ရှိတယ်။ ငယ်လွန်းတဲ့အရွယ်ဆိုပြီး စိတ်ချထားလို့ မရတော့ပါဘူး။ သားကောင်ကို ချောင်းနေတဲ့ မုဆိုးတွေက အရန်သင့်။ ကျောင်းတွေကနေ ခေါ်ဆောင်သွားပြီး ပြစ်မှု ကျူးလွန်ခံနေရတာတွေ ကတော့ မိဘနဲ့ဆရာ အချိတ်အဆက်မိမိ ထိန်းကျောင်းနိုင်ရင် လျော့ကျတန်သရွေ့ လျော့ကျသွားမှာ သေချာပါတယ်။ ဆိုလိုတာကတော့ ကျောင်းက ပြန်ခေါ်ဆောင်ခွင့်ဆိုတာ မိသားစုအတွင်းကပဲ ဖြစ်သင့်တာပေါ့။
04-Aug-2017
ကြက်ငှက်တုပ်ကွေး အပါအဝင် ရာသီတုပ်ကွေး၊ ဝက်တုပ်ကွေး၊ ကြက်တုပ်ကွေးတို့မှာ နှစ်စဉ် ဖြစ်ပွားလေ့ရှိပြီး လူကို တိုက်ရိုက် ထိတွေ့မှုက ကူးစက်ခြင်း၊ အသက်ရှူလမ်းကြောင်းကတစ်ဆင့် ကူးစက်ခြင်းတို့ရှိကာ တစ်ကိုယ်ရေ သန့်ရှင်းရေးနဲ့ လက်ဆေးခြင်း၊ လက်ကို ဆပ်ပြာ၊ ရေတို့နဲ့ စက္ကန့် ၂၀ ကျော်ကြာ ဆေးကြောခြင်းတို့ဟာ အဓိကအချက်အဖြစ် ပါဝင်နေပါတယ်။
02-Aug-2017
ကမ္ဘာ့အထက်တန်းကျောင်းများဟာ ဒီမိုကရေစီစနစ်ကို အဓိက လေ့ကျင့်ပေးရာ မူလလေ့ကျင့်ကွင်း ဖြစ်ကြပါတယ်။ ကျောင်းဟာ တိုင်းပြည် အငယ်စားပါ။ ကျောင်းအုပ်ကြီးနဲ့ ဆရာများက သမ္မတနှင့် အစိုးရအဖွဲ့ ဝန်ကြီးများပါ။
02-Aug-2017
လက်ဆေးတာအပြင် အာဟာရဖြစ်တဲ့ အစားအသောက် စားဖို့၊ အိပ်ရေးဝဝ အိပ်ဖို့နဲ့ အသင့်အတင့် ကိုယ်လက် လှုပ်ရှားလေ့ကျင့်ခန်းလုပ်ဖို့ပဲ လိုတာပါ။
01-Aug-2017
ရံဖန်ရံခါ နေ့ရောညပါ ဆက်တိုက် လုပ်ကိုင်ရသည်ဖြစ်၍ ပြုပြင်ပြောင်းလဲမှု လုပ်သော နိုင်ငံတိုင်း ကိုယ်ခံစွမ်း အား (Self-resilience) ရှိရန် လိုအပ်ပါသည်။ အရပ်သားစကားနှင့် ဆိုလျှင်တော့ အားလုံး “တောင့်ထား”ကြရန်လည်း လိုအပ်မည် ဖြစ်ပါသည်။
01-Aug-2017
အမှန်တကယ်သာ သတင်းမီဒီယာကဏ္ဍကို ဖွံ့ဖြိုးတိုးတက်လိုပြီး သတင်းသမားတွေကိုလည်း ကျင့်ဝတ်တွေနဲ့ ညီစေချင်တယ်ဆိုရင် သတင်း အရင်းအမြစ် စတင်ပေါက်ဖွား အခြေတည်ရာ ဌာနတွေကသာ သတင်း အမှန်တွေကို အချိန်မဆိုင်းဘဲ ဖြစ်ရင်ဖြစ်တဲ့အတိုင်း၊ တွေ့ရင်တွေ့တဲ့အတိုင်း မှန်မှန်ကန်ကန် သတင်းမီဒီယာသမားတွေ အလိုကျ တုံ့ပြန်ပြောဆို ဖြေကြားပေးဖို့သာ လိုပါတယ်။
31-Jul-2017
မိမိ၏ခြေ၊ လက်၊ မျက်စိတို့၏ လျင်မြန်ဖျတ်လတ်မှုကို အားကိုးရမည် မှန်သော်လည်း ခြေ၊ လက်၊ မျက်စိတို့ကို ညွှန်ကြား/ အမိန့်ပေးနေသည်မှာ မိမိ၏ဦးနှောက် (ဝါ)စိတ်ပင်ဖြစ်ပါသည်။ ထိုကဲ့သို့ အမိန့်ပေးစေခိုင်းနိုင်ဖို့အတွက် မိမိ၏စိတ်/ ဦးနှောက်သည် ကြည်လင် လန်းဆန်းနေဖို့ လိုပါသည်။ ထိုသို့ဖြစ်ရန်မှာ အိပ်ရေးဝခြင်းသည် မဖြစ်မနေ လိုအပ်ချက်ဖြစ်ပြီး အိပ်ငိုက်နေပါက မည်သည့်အခါမျှ ခရီးဝေးကား မမောင်းသင့်ပါ။
31-Jul-2017
ကျွန်တော်တို့က သဘောထားကြီးပြီး အမြင်ကျယ်သော တပ်မတော် ဖြစ်စေချင်သည်။ ဒီမိုကရေစီအရ မတူကွဲပြားမှုကို လက်ခံနိုင်သော အင်စတီကျူးရှင်းတစ်ခု ဖြစ်စေချင်သည်။
28-Jul-2017
ကိုယ့်ရဲ့လက်ရှိအနေအထားဟာ ဘယ်လောက်ဆိုးဆိုး ရုန်းထွက်ဖို့ တွန့်ဆုတ်တတ်တာဟာ Comfort Zone မှာ ပိတ်မိနေလို့ပါ။ လူအများစုဟာ မလှုပ်၊ မရှုပ်၊ မပြုတ်ပုံစံနဲ့ပဲ ဒီအနေအထားမှာ ကျင်လည်နေတတ်ကြပါတယ်။ ကြက်ဥအခွံလေးဟာ Comfort Zone နဲ့ တူပါတယ်။ ကြက်ပေါက်စလေးဟာ ကြက်ဥခွံက ထွက်နိုင်တဲ့အခါမှ လောကကြီးရဲ့ အဆိုး၊ အကောင်းတွေကို စတင်ခံစားရတာပါ။ ဥထဲကနေ ထွက်မလာနိုင်ရင် ကြက်တစ်ကောင် ဖြစ်လာမှာ မဟုတ်ပါဘူး။ စာရေးသူတို့ တစ်တွေလည်း Comfort Zone ထဲ ပိတ်မိနေရင် လူပီသတဲ့လူ ဖြစ်လာမှာ မဟုတ်တဲ့ အတွက် ရုန်းထွက်ဖို့ လိုပါတယ်။
28-Jul-2017
မူးယစ်ဆေးစွဲသူအပေါ် ထောင်ဒဏ်အစား လူမှုရေးပြစ်ဒဏ်သာ ပေးမယ်ဆိုရင် ကောင်းကျိုးက ဆေးပြတ်သွားလို့ လူကောင်းဖြစ်သွားနိုင်တယ်။ ဘေးထွက်ဆိုးကျိုးက ဝယ်ရောင်းလုပ်သူတွေကပါ မူးယစ်ဆေးစွဲ ဟန်ဆောင်ပြီး ဒီထက်မက ရောင်းဝယ်ဖောက်ကားမှု လုပ်လာနိုင်တယ်။
27-Jul-2017
တစ်နည်းဆိုရရင် မူးယစ်ဆေးစွဲသူကို ရန်သူလို့ မသတ်မှတ်ဘဲ သားကောင်အဖြစ် ပြန်လည်ထူထောင်ရေးတွေနဲ့ လူကောင်းပြန်ဖြစ်စေဖို့ပဲဖြစ်ပါတယ်။
27-Jul-2017
နောက်အပိုင်းတစ်ခုကို ဆက်လက် ဆွေးနွေးတင်ပြရလျှင် ကြိုတင်ကာ ကျန်းမာရေး စစ်ဆေးတတ်ကြသည့် အလေ့အကျင့်အကြောင်း ဖြစ်ပါသည်။ ထိုနည်းစနစ်ကိုသာ လူတိုင်း အမှန်တကယ် ကျင့်သုံးဆောင်ရွက်ကြပါက အထက်တွင် ဖော်ပြခဲ့သည့်ရောဂါဖြစ်ပြီး လက္ခဏာပြမှသာ သိရှိပြီး ကုသကြရမည့်အရေးမှ အမှန်ပင် ကင်းလွတ်မည်လည်း ဖြစ်ပါသည်။