News

POST SECTION

PERSPECTIVE

17-Oct-2018
ဝေဖန်ထောက်ပြထိန်းကျောင်းခြင်းနှင့် အပုပ်ချတိုက်ခိုက်ခြင်းဆိုသည်မှာ ခွဲခြားရလွယ်ကူသော အပြုအမူများသာဖြစ်သော်လည်း မသိချင်ယောင်ဆောင်ပြီး ခပ်ကြမ်းကြမ်း ဥပဒေပုဒ်မဆိုးများဖြင့် ဖမ်းဆီးအရေးယူခြင်းမှာ ဒီမိုကရေစီယဉ်ကျေးမှုကို ဖျက်ဆီးခြင်းသာ ဖြစ်ပါသည်။ တစ်နည်းအားဖြင့် အာဏာရှင်စနစ် နောက်ပြန်လည်ခြင်းပင်ဖြစ်သည်။
17-Oct-2018
အဆိုပါအမှုကို စတင်စွဲဆိုကြမည့် ဆိုင်ရာဌာနက ဥပဒေကိုမသိနားမလည်၍ လာရောက်ဖွင့်ကြမည်ဆိုစေဦး ဥပဒေအကြံပေးများနှင့် ဖမ်းဝရမ်းထုတ်ဆင့်ပေးသည့် တရားရေးမဏ္ဍိုင်မှ တရားသူကြီးများအနေနှင့် ဖြစ်စဉ်အကြောင်းအရာနှင့် ဆက်စပ်ပတ်သက်နေသည့် အခြားအခြားသော ဥပဒေများနှင့် မည်သို့ပတ်သက်ဆက်စပ်မှုရှိသည်၊ ဥပဒေလမ်းကြောင်းအရ မည်သို့မည်ပုံရှိကြမည်ကို မည်သည့်အတွက် ပြန်လည်စဉ်းစားသုံးသပ်ပြီး မှန်မှန်ကန်ကန်ဆုံးဖြတ်ကာ မဆောင်ရွက်ခဲ့ကြသနည်းဆိုသည့် အမေးများလည်း ဥပဒေရေးရာ လေ့လာသူများအကြား ပေါ်ထွက်လာနေခဲ့သည်။
16-Oct-2018
ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင် တစ်ဖက်နှင့်တစ်ဖက် တောင်းဆိုချက်၊ လိုလားချက်များကို လက်ခံရန်ခက်ခဲတတ်သော်လည်း ဆွေးနွေးညှိနှိုင်းမှုများမှာ မရှိမဖြစ်လိုအပ်ချက်ဖြစ်သည်။ အဓိကပြဿနာများအပေါ် သဘောတူညီချက်ရရှိခြင်းဖြင့် ငြိမ်းချမ်းရေးတည်ဆောက်မှုသည် အားကောင်းလာမည်ဖြစ်သည်။
15-Oct-2018
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က တိုကျိုမြို့မှာ ဂျပန်ဝန်ကြီးချုပ် အာဘေး အပါအဝင် မဲခေါင်နိုင်ငံများက ခေါင်းဆောင်တွေနှင့် ရင်းရင်းနှီးနှီး အဆင်ပြေပြေ နိုင်ငံတကာ ဆက်ဆံရေး တည်ဆောက်နေချိန်၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ လာရောက်ဖို့၊ နိုင်ငံတကာ အကူအညီတွေရဖို့ ဆော်ဩနေချိန်မှာ နိုင်ငံပုံရိပ်ကို ထိခိုက်စေသည့် ဖြစ်ရပ်တစ်ခုက ရန်ကုန်မြို့မှာ ဖြစ်ခဲ့သည်။
13-Oct-2018
လက်ထပ်ထိမ်းမြားခြင်း ဆယ်ပါးပေါ့။ လက်ခံကျင့်သုံးကြရမယ်ဆိုတဲ့ ညွှန်ကြားချက်မျိုး မဟုတ်ပါဘူး။ ရှေးထုံးဆိုတာ ဘိုးဘွားတွေရဲ့ ကောင်းမွေဖြစ်ပါတယ်။ လွယ်လွယ်နဲ့တော့ မပယ်ကောင်းဘူး မဟုတ်လား။ ဗဟုသုတဖြစ်ပါတယ်။
13-Oct-2018
ကျွန်တော်တို့ နိုင်ငံသားအသီးသီးမှာ အနှစ်နှစ်အလလ ဖိနှိပ်ခံခဲ့ရသောကြောင့် ရင်ဖွင့်စရာများက များလှသည်။ မကျေနပ်မှုများက အပြည့်အသိပ် ကိန်းအောင်းနေသည်။ လိုအင်ဆန္ဒများက တင်းကျမ်းတည်နေသည်။ ထိုစိတ်ဆန္ဒများ ရင်ဖွင့်ရာ ပလက်ဖောင်းမှာ ဒေသလွှတ်တော်များက အဓိကနေရာဖြစ်နေဖို့ အရေးကြီးသည်။ လွှတ်တော်က ထိုစိတ်ဆန္ဒများကို ကိုယ်စားပြုနေဖို့ အခရာကျသည်။ ထိုသို့မဟုတ်ပါက ရှိရင်းစွဲ လွှတ်တော်ပြင်ပနိုင်ငံရေးကိုသာ ဒေသခံတို့က အားကိုးအားထားပြုကြပေလိမ့်မည်။
11-Oct-2018
NCA လက်မှတ်ထိုးပြီးတဲ့နောက်ပိုင်း ကရင်ဒေသတွေမှာ ပိုမိုဖွံ့ဖြိုးလာတဲ့အကြောင်း၊ ဘုရားသုံးဆူ ဒေသက မွန်တိုင်းရင်းသားအများစု နေထိုင်ကြတာဖြစ်ပြီး ကရင်စုရပ်ကွက်က သတ်သတ် တည်ရှိကြောင်း၊ သူ့အနေနဲ့ကတော့ တရားဥပဒေစိုးမိုးရေးနဲ့ ဒေသဖွံ့ ဖြိုးရေးအတွက် အမြဲတမ်း အကူအညီပေးပါမယ့်အကြောင်း စသဖြင့် အားပါးတရ ပြောပြခဲ့ပါတယ်။ ခင်မင်နှစ်လိုဖွယ်ရာ အတော်ကောင်းတဲ့သူပါ။ (ခါးကြားထဲက သေနတ်ကြီးကိုတော့ မခင်မိပါဘူး)။
10-Oct-2018
လူငယ်တစ်ယောက်အနေနှင့် ဦးနှောက်တစ်ခုတည်း ကောင်းနေရုံနှင့် မလုံလောက်ပါ။ နှလုံးသားရှိဖို့လည်း လိုအပ်ပါသည်။ ထို့အတူ ခံယူချက်ရှိဖို့လည်း လိုအပ်ပါသည်။ လူငယ်တွေ ရင်ဆိုင်နေရသော အခက်အခဲပြဿနာ များကို မိသားစုတစ်စုစီကသာ ဖြေရှင်းပေးနိုင်မည် ဖြစ်ပါသည်။ လူငယ်တစ်ယောက်၏ဘဝနှင့် စိတ်ဓာတ်သည် မိနှင့်ဖပေါ်တွင် မူတည်နေသောကြောင့် ရှင်သန်ခြင်းစစ်မှန်အောင်၊ ကြီးပြင်းခြင်းမှန်ကန်အောင် သင်ကြားလမ်းညွှန်ပေးကြရပါမည်။
10-Oct-2018
နိုင်ငံအတွက် စွမ်းအင်မဟာဗျူဟာတစ်ရပ် ရေးဆွဲကြဖို့ လိုအပ်နေပြီ ဖြစ်သည်။ စွမ်းအင်မဟာ ဗျူဟာဆိုသည်မှာ စွမ်းအင်အသုံးပြုပုံ ဒီဇိုင်း၊ အလုပ် လုပ်ပုံဒီဇိုင်းနှင့် ခရီးသွားပုံဒီဇိုင်းများအထိ ပါဝင်သည်။ ဤနေရာတွင် အများပြည်သူ သယ်ယူပို့ဆောင် ရေး ကောင်းမွန်ဖို့ အင်မတန် အရေးကြီးပါလိမ့်မည်။ သို့မှသာ ကိုယ်ပိုင်ဆိုင်ကယ်နှင့် ကိုယ်ပိုင်ကားများ အသုံးပြုမှု နည်းပါးလာမှာ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ အထက်တွင်ဆိုခဲ့သလို စက်သုံးဆီဈေး ကြီးမြင့်လာမှုသည် ဆူပါရှော့ခ် ဖြစ်သည်။ ဆူပါရှော့ခ်သည် အပြောင်းအလဲ ကြီးကြီးမားမားကို မွေးထုတ်ပေးတတ်သည်။
09-Oct-2018
အကြမ်းဖျင်းပြောရရင်တော့ ဥပဒေမှာ ရေးသားထားချက်တွေဟာ ရွှန်းရွှန်းဝေနေပြီး လက်တွေ့သာအကောင်အထည် ဖော်နိုင်ရင်တော့ မြန်မာနိုင်ငံရဲ့ သက်ကြီးရွယ်အိုတွေရဲ့ ဘဝဟာ သာယာစိုပြည်နေမှာ ဖြစ်ပါတယ်။ လက်တွေ့မှာတော့ မြန်မာနိုင်ငံမှာ အသက် ၆၀ ကို သက်ကြီးရွယ်အိုအဖြစ် သတ်မှတ်ထားပေမယ့် အသက် ၉၀ အရွယ် သက်ကြီးရွယ်အိုတွေကိုသာ တစ်လကို ကျပ်ငွေတစ်သောင်းသာ ထောက်ပံ့နိုင်ပါသေးတယ်။ (လာမယ့်ဘဏ္ဍာရေးနှစ်ကစပြီးတော့ အသက် ၈၅ နှစ်ကစပြီး ပေးမယ်လို့တော့ သိရပါတယ်)။
09-Oct-2018
အိန္ဒိယပါလီမန်မှာ တိုင်းပြည်၏ လူတန်းစားခွဲခြားသောစနစ် (Caste Systemာ)၊ ဘာသာရေးကွဲပြားမှုနှင့် နယ်နိမိတ်လိုင်းများ ကွဲပြားနေမှုတို့ကြောင့် အချင်းချင်း ရန်ဖြစ်ကြရသည်ကများပြီး လုပ်နိုင်ကိုင်နိုင်မှု လျော့နည်းခြင်းပြဿနာများ ရှိပါသည်။ ထိုလုပ်ငန်းများထဲတွင် ပြည်သူပြည်သားများထံမှ ကောက်ခံရရှိသော ရူပီးငွေ သန်းချီ၍ ဆုံးရှုံးနေရပါသည်။
08-Oct-2018
ဒီနေရာမှာ ချ၊ ချဆိုပြီး အားပေးအားမြှောက်ပြုနေတဲ့သူတွေရဲ့ အန္တရာယ်ကိုလည်း သတိပြုသင့်ပါတယ်။ ကိုယ့်ကို အားပေးနေတာက ကိုယ်နဲ့စိတ်တူကိုယ်တူ သူငယ်ချင်းတွေ ဖြစ်ချင်ဖြစ်မယ်၊ ကိုယ့်ထက်ကြီးတဲ့သူတွေ ဖြစ်ချင်ဖြစ်မယ်၊ ဘယ်သူပဲဖြစ်ဖြစ်ပေါ့လေ။ တစ်ခုသတိထားရမှာက လက်ခုပ်သံဆိုတိုင်းလည်း ကိုယ့်ကိုချစ်လို့ တီးနေတာလို့ မမှတ်ယူမိဖို့ပါ။ တချို့လက်ခုပ်သံတွေက ကိုယ့်ကို နစ်သထက်နစ်သွားအောင် အဆင်းဘီးတပ်ပေးနေတဲ့သဘောမျိုးနဲ့ တီးပေးတာမျိုးလည်း ရှိတယ်ဆိုတာကို သတိထားစေချင်ပါတယ်။
08-Oct-2018
ခေတ်တွေ စနစ်တွေ ပြောင်းလာတော့ ဦးကျော်သူကိုယ်တိုင် စက်မှုဝန်ကြီး ဦးအောင်သောင်းထံ သွားပြန်တောင်းသည်။ သူများကိုပေးလိုက်ပြီဆိုသော စကားတစ်ခွန်းနှင့် သူများတွေလက်ထဲ ရောက်သွားသော မိဘပိုင်ခြံမြေကို ယခုအစိုးရလက်ထက်အထိ ပြန်တောင်းသော်လည်း မရသည့်အတွက် ဆန္ဒထုတ်ဖော်ခြင်းဖြစ်သည်။
06-Oct-2018
အမှန်တော့ ကျေးလက်လိုနေသည်မှာ ဝင်လာသမျှ သတင်းတို့ကို ဆင်ခြင်တုံတရားဆန်ခါနှင့် စစ်ကြည့်ခြင်းဖြစ်သည်။ ထိုနည်းတူ နည်းပညာ အားကောင်းမောင်းသန် ရှိလာသော ယနေ့ကာလမျိုးတွင်ရှိပြီး မြန်မာ့ရိုးရာယဉ်ကျေးမှုထုံးစံများကလည်း ဒွန်တွဲ၍ ခိုင်မာလာဖို့ အရေးကြီးသည်။ ကိုယ်ခံအားကောင်းသော ယဉ်ကျေးမှုဖြင့်သာ နည်းပညာ၏ အဆိုးများကို ချေဖျက်ပြီး ကောင်းကျိုးအထွေထွေကို ခံစားရပါလိမ့်မည်။ ယင်းသို့ မလုပ်ဆောင်နိုင်လျှင် ကျေးလက်နှင့် နည်းပညာအတွေ့တွင် ရင်နာ စိတ်မကောင်းစရာတွေကို ပို၍ မြင်ရကြားရဦးမည်သာ ဖြစ်ပါသည်။
06-Oct-2018
ကျောင်းကို ဖုန်းပါလာလို့ ရှင်းရတဲ့ ပြဿနာတွေက မကြာခဏဆိုသလို တက်နေတတ်တယ်။ ဖုန်းကနေတစ်ဆင့် ရည်းစားစာပို့တယ်။ ဖုန်းကနေ ဆဲကြ၊ ဆိုကြ၊ ရန်ဖြစ်ကြတယ်။ စာသင်ချိန်အတွင်း ဂိမ်းကစားတယ်။ ယူကျုကနေ မတော်တရော်ဇာတ်လမ်းတွေ ကြည့်တယ်။ မကျေနပ်တဲ့ဆရာမကို ဓာတ်ပုံခိုးရိုက်ပြီး အွန်လိုင်းပေါ်ကနေ ဆဲတာတို့ လုပ်တယ်။ ကျောင်းသူတစ်ယောက်ရဲ့ အောက်ပိုင်းပုံကို နောက်ကနေ ခိုးရိုက်ပြီး ဖေ့စ်ဘွတ်ခ်ပေါ် တင်တာတို့ကို ဖြေရှင်းနေရတယ်။ လက်ကိုင်ဖုန်းတွေက ကျောင်းသားတွေကို မလှုပ်နိုင်အောင် တုပ်ထားပြီး ပြဿနာနွံထဲ တွန်းပို့နေကြတယ်။