News

POST SECTION

PERSPECTIVE

30-Oct-2017
မြန်မာအစိုးရနှင့် တပ်မတော် ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများနှင့် တိုင်းရင်းသားအဖွဲ့များမှ ထိုအချက်ကို အဓိက တွက်ချက်ကာ ဖြစ်ပေါ်လာနိုင်မည့် အရေးများအတွက် စုရုံးပြင်ဆင်ပြီး စည်းလုံးညီညွှတ်ရတော့မည့် အချိန်အခါလည်း ဖြစ်နေသည်။
29-Oct-2017
လွန်ခဲ့သည့် ခေတ်နှစ်ခေတ်အကြား အဓိကခြားနားချက်မှာ နောင် ဆက်ခံမည့် မျိုးဆက်ကို ကြိုတင်စနစ်တကျ မွေးမြူ လေ့ကျင့်ပေးခြင်းနှင့် အသက်အရွယ်ကန့်သတ်ချက်ဖြင့် ရာထူးတာဝန်မှ အနားယူစေခြင်း၊ ထိပ်ဆုံး ရာထူးတာဝန်များကို သက်တမ်း နှစ်ကြိမ်သာ ထမ်းဆောင်စေခြင်းဖြစ်သည့်အတွက် ခေါင်းဆောင်မှု အမှားကြောင့် ကြီးမားသည့် ဘေးဒုက္ခမျိုး မကြုံနိုင်ဟုလည်း တရုတ်မီဒီယာများက ဆိုကြလေသည်။
27-Oct-2017
...ဒီမိုကရေစီ ခိုင်မာစွာ ပေါ်ပေါက်ရေးနဲ့ နိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် မရှိမဖြစ် လိုအပ်ချက်ဖြစ်တဲ့ ညီညွတ်မှုကိုတော့ ဥပေက္ခာပြုထားကြပါတယ်။ ဒါကြောင့်ပဲ နိုင်ငံရေးက စလို့ ငြိမ်းချမ်းရေး၊ စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အပါအဝင် ဘယ်ကဏ္ဍကိုမှ သေသေချာချာ တည်ဆောက်လို့မရ ဖြစ်နေရခြင်းဖြစ်ပါတယ်။
25-Oct-2017
တရားစွဲဆိုခံရသူများက ၎င်းတို့၏ ရည်ရွယ်ချက် အမှန်ကို ထုတ်ဖော် ပြောဆိုရန်မှာလည်း တရားစွဲ အဖွဲ့အစည်းများနှင့် တရားစီရင်ရေး အဖွဲ့အစည်းများ၏ လုပ်ရည်ကိုင်ရည်နှင့် စွမ်းဆောင်ရည်များအပြင် နိုင်ငံတော်နှင့် ပြည်သူ၏ မျက်နှာကို မည်မျှထောက်ရှုသည် ဆိုသည့်အပေါ်တွင်လည်း တည်မှီပါသည်...။
24-Oct-2017
ဒီတော့လည်း ကျူရှင်ပြဖို့ အခြေအနေ ပေးတဲ့ ကျောင်းတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာ၊ ဆရာမတွေရဲ့ နာသုံးနာဟာ ကျူရှင်ဆိုတဲ့ ဆိုင်ကလုန်းမုန်တိုင်းထဲမှာ မွှေနှောက်ခြင်းခံရပြီး ယိမ်းယိုင်ကျိုးပဲ့ကုန်တော့တာပေါ့။
23-Oct-2017
တစ်ဆက်တည်းမှာ ဒီဘင်္ဂါလီအမျိုးသမီးဟာ သွေးအလိမ်းလိမ်း အဝတ်ဗလာနဲ့ လယ်ကွင်းတွေကို ဒယိမ်းဒယိုင်ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက် ပြေးလာခဲ့ရတယ်လို့ ရေးထားတယ်။ ဇာတ်နာအောင် ပုံဖော်ထားသလား၊ တကယ် ဖြစ်ရပ်မှန်လားဆိုတာ ဘယ်သူမှ မသိနိုင်ပေမယ့် ဒီရေးသားမှု၊ တစ်ဖက်သတ်ရရှိတဲ့ သတင်းအချက်အလက်တွေကို အခြေခံပြီး ဆောင်းပါး ရေးလိုက်တဲ့အခါ ကမ္ဘာကြီးမှာ မြန်မာဟာ လူ့အခွင့်အရေး ချိုးဖောက်၊ လူမျိုးတုံး သတ်ဖြတ်တဲ့ ရာဇဝတ်မှု ကျူးလွန်သူတွေအဖြစ် ပုံပေါ်သွားပါတယ်။
21-Oct-2017
ကျူရှင်သင်တန်းတွေ ကြည့်လိုက်ရင် ကလေးတွေကိုတောင် သနားမိတယ်။ ပိတ်ကျပ်နေတဲ့အခန်းတွေထဲမှာ ဆရာက ဦးဆောင် သင်၊ အားလုံး အလွတ်လိုက်ဆိုပြီး တစ်ချိန်လုံး စာကျက်၊ စာပြန်နဲ့ အချိန်ကုန်နေကြတာ။ အောင်ချက်ကောင်းဖို့ တစ်ခုတည်းပဲ။ ဘယ်လိုနည်းနဲ့အောင်အောင် အောင်ချက်ကောင်းရင် နာမည်ကြီးနေကြတာပါ။
20-Oct-2017
ဝန်ထမ်းတွေ လိုက်နာစောင့်ထိန်းရမယ့် တာဝန်တွေထဲမှာ ပါတီနိုင်ငံရေး ကင်းရှင်းခြင်းလို့ ပါတဲ့အတွက် ပြည်သူ့ဝန်ထမ်းတွေကို ဒီဥပဒေထဲမှာ ရောနှော မပြဋ္ဌာန်းသင့်ဘူးလို့ ပုဂ္ဂလိက အမြင်အားဖြင့် သုံးသပ်မိပါတယ်။
20-Oct-2017
ပြည်သူ၊ ရဲ၊ တပ်၊ ဌာနဆိုင်ရာများဖြင့် ပူးပေါင်းထားသည့် စစ်ဆေးရေးအဖွဲ့များ ထားရှိကာ အဝင်အထွက် စိမ်းကျက်မျက်နှာ မရွေးဘဲ စစ်ဆေးသင့်ကြသည်။ တိုင်းဒေသကြီး တစ်ခုနှင့်တစ်ခုအကြား၊ ပြည်နယ်တစ်နယ်နှင့် ပြည်နယ် တစ်နယ်အကြား အဝင်အထွက် စစ်ဆေးရေးဂိတ်များထားကာ အသေအချာ စစ်ဆေးရမည်။
18-Oct-2017
မြို့တော်မက်ဒရစ်တွင်လည်း ကတ်တလန်နိုင်ငံ ခွဲထွက်မသွားရေးအတွက် ဆန္ဒပြနေကြသည်။ အကယ်၍ ခွဲထွက်သွားပြီဆိုလျှင် ကတ်တလိုးနီးယားက ဥရောပကောင်စီကို ဝင်လိုကြောင်း ပြောထားရာ စပိန်တရားလွှတ်တော်က ဆုံးဖြတ်ချက်ကြောင့် အဖွဲ့ဝင်အဖြစ် လက်ခံရန် အခက်အခဲများ ရှိနေသည်။ အဖြေမရှိနိုင်သည့် ပြဿနာတစ်ခုလို ဖြစ်နေသည်။
18-Oct-2017
စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဟူသည် မိမိလူမျိုး၏ လူနေမှုဘဝ အဆင့်အတန်းကို မြင့်မားအောင် နည်းမှန်လမ်းမှန်ဖြင့် ကြိုးစားအားထုတ်ခြင်းဖြစ်ပါသည်။ မိမိလူမျိုး၊ မိမိဘာသာဝင် မဟုတ်သူများဆိုလျှင် ခွဲခြားဆက်ဆံကာ ထိုသူတို့၏ အကျိုးစီးပွားများ ပျက်စီးရာ ပျက်စီးကြောင်းများကို ကြံစည်နေသူများသည် မျက်ကန်းမျိုးချစ်သမားများ ဖြစ်ကြသည်။
17-Oct-2017
အခြားကဏ္ဍများဖြစ်သည့် နိုင်ငံ့စီးပွားရေးတိုးတက်ရေး၊ အလုပ်သမားများ လုပ်ခလစာတိုးမြှင့်ရေး၊ နိုင်ငံ့ဝန်ထမ်းများ လစာတိုးမြှင့်ရေး၊ ပညာရေး၊ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်များ တိုးမြှင့်ရေး၊ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးရေး ကိစ္စများဘက်သို့လည်း မြားဦးမလှည့်နိုင်သည့် အနေအထားများ ဖြစ်ပေါ်စေခဲ့တော့သည်။
17-Oct-2017
ဖြေသူက စာအုပ်ကြီးပါအတိုင်း အခွန်စည်း မကြပ်ရသေးတဲ့အတွက် တရားမဝင်ကြောင်း၊ စည်ပင်က လိုင်စင်လိုကြောင်း၊ အက်ဖ်ဒီအေကလည်း စစ်ဆေးဖို့လိုကြောင်း၊ ငြိစွန်းရင် ထောင်ဒဏ် သုံးနှစ်အထိ အပြစ်ပေး အရေးယူနိုင်ကြောင်း ဖြေသွားပါတယ်။
13-Oct-2017
ပစ္စည်းပိုင်ရှင်များသည် တန်ဖိုးကြီးမားလှသော မိမိတို့၏ ပစ္စည်းများကို အဖမ်းအဆီးခံ၍ ခြေရာပျောက် ထွက်ပြေးသွားကြသည်လား သို့မဟုတ် ဆုံးရှုံးသွားသော ပစ္စည်းများ၏ တန်ဖိုးကို ပြန်လည်ရရှိရန် နောက်ထပ် တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်၊ အကြိမ်ပေါင်း များစွာ ထပ်မံကြိုးစား၍ သယ်ယူပို့ဆောင်ကြမည်လား။
13-Oct-2017
အဆိုးဆုံးမှာကား ပဋိပက္ခများ ရှိနေပါလျက်နှင့် ပဋိပက္ခပဲ မရှိသလိုလို ခပ်တည်တည်ဖြင့် မြုံထားခြင်းဖြစ်သည်။ ထိုကဲ့သို့ လုံးဝ မလုပ်အပ်ပေ။ တစ်ချိန်တွင် ပြဿနာကိုထုတ်၍ အကျိုးရယူရန်အတွက်၊ လက်တစ်လုံးအလိုတွင် ဝင်ကယ်ရန်အတွက် ပဋိပက္ခကို မရှင်းဘဲ မွေးထားခြင်းက ပို၍သာ မလုပ်အပ်သော လုပ်ရပ်ဖြစ်သည်။