02-Jan-2019
ဒီမိုကရေစီစနစ်သည် ပွင့်လင်းမြင်သာသောခေတ်ဖြစ်သည်။ ပွင့်လင်းမြင်သာမှုမရှိခြင်းသည် မရိုးသားမှု၏သဘောဖြစ်သည်။ ပွင့်လင်းမြင်သာမှုမရှိသောလုပ်ငန်းတိုင်းတွင်လည်း ပြည်သူအများစု သဘောမတူကြ။ သို့ဖြစ်၍လည်း ဖျက်သိမ်းခံရသည့်စီမံကိန်း စီမံချက်များစွာ ရှိနေခြင်းဖြစ်၏။ ကြီးမားသော အဂတိလိုက်စားမှုများ၊ မမျှမတစီရင်မှုများကို ပြည်သူတို့ လက်မခံ။ အမှန်တရားမြတ်နိုးသူများကြောင့် တရားစီရင်ရေး ခိုင်မတ်မှုနှင့် အဂတိလိုက်စားမှုများကို ရဲရဲဝံ့ဝံ့ဖော်ထုတ်ကာ အရေခွံ ခွာချနိုင်ခဲ့ကြသည်။