News

POST SECTION

PERSPECTIVE

01-Aug-2016 tagged as
တရုတ်တို့ ကိုင်တွယ်နေတဲ့ “မြစ်ဆုံစီမံကိန်း”ဟာ တရုတ်တို့ ရင်ဆိုင်နေရတဲ့ “တောင်တရုတ်ပင်လယ် အရေးကိစ္စ” နဲ့ နှိုင်းယှဉ် ကိုယ်ချင်းစာပြီး NLD အစိုးရနဲ့ ဆွေးနွေး အဖြေရှာပေးဖို့ တရုတ်တို့ကို တောင်းဆိုလို ပါတယ်။
30-Jul-2016 tagged as သယံဇာတ
‘ပြည်တွင်းငြိမ်းချမ်းရေးကို မဖြစ်မနေ တည်ဆောက်မည်’ ဟု ကြွေးကြော်ထားသော ‘၂၁ ရာစုပင်လုံ’ က ‘နိုင်ငံရေး’ နှင့် ‘လုံခြုံရေး’ သာ ဆွေးနွေးမည်ဟုဆိုထားရာ ‘စီးပွားရေး’ ခေါင်းစဉ်ပျောက် နေသည်။ ဤသို့ဆိုလျှင် သယံဇာတလုပွဲများကို အဆုံးသတ်စေသည့် ‘သယံဇာတခွဲဝေရေး’ (Resource Sharing) ကို မည်သည့်ခေါင်းစဉ် အောက်တွင် အဖြေရှာကြရမည်နည်း။
ကင်ဆာရောဂါလို နိုင်ငံရေးဗျူဟာမျိုးသုံးပြီး ပြည်ပက ပယောဂ လက်တံတွေနဲ့ မမြင်နိုင်တဲ့ အရစ်အပတ်တွေကို အထူးသဖြင့် တိုင်းရင်းသား ပြည်သူလူထုက မခံမိကြဖို့၊ ခံမိပြီ ဆိုရင်လည်း ခွဲစိတ်ကုသပစ်ကြဖို့၊ ပြည်တွင်းမှာ နည်းလမ်းပေါင်းစုံနဲ့ ရှိနေကြ၊ နေထိုင်နေကြတဲ့ ဧည့်နိုင်ငံသားတွေကလည်း ကိုယ့်ဝမ်းစာ ကိုယ့်စီးပွားကို ရိုးရိုးသားသား ရှာဖွေစားသောက်ကြဖို့၊ ကိုယ်ထမင်းစားနေတဲ့ နိုင်ငံကို သစ္စာမဖောက်ကြဖို့ တောင်းဆိုပါတယ်
28-Jul-2016 tagged as
အတတ်ပညာရှင်၊ အသိပညာရှင်များကလည်း အစိုးရရဲ့ အများစုပေါင်း ဦးဆောင်မှုနဲ့ နိုင်ငံတိုးတက်ရေး ပေါ်လစီတွေ ချမှတ် ဆောင်ရွက်ကြ တော့မှာပါ။
ကျောင်းဆရာဝင်လုပ်ပြီး စာသင်ကြားနေသည် ဆိုကတည်းက ဝါသနာက အထိုက်အလျောက်ပါရှိပြီး ဖြစ်ပါသည်။ ဝါသနာ၏နောက်တွင် စေတနာဆိုသည်က အလိုအလျောက် လိုက်ပါစမြဲဖြစ်ကာ ထိုစေတနာကို ပို၍ပို၍ ထက်သန်လာအောင်၊ အနစ် နာခံချင်လာအောင် ဆိုသည်က အသပြာနှင့် ပံ့
26-Jul-2016 tagged as
တကယ်တော့ ၂၁ ရာစု တရုတ်၏ တိုးတက်ဖြစ်တည်မှု The Rise of China က ဒေသတွင်း နိုင်ငံတွေအတွက် တစ်နည်းမဟုတ် တစ်နည်း စိုးရိမ်စရာ ကောင်းလှသည်။ တရုတ်သည် တောင်တရုတ်ပင်လယ်တွင် သာမက အရှေ့တရုတ်ပင်လယ်ပြင်တွင်လည်း ဂျပန်နိုင်ငံနှင့် ရေပြင်ပိုင်နက် အငြင်းပွားမှုတွေ ရှိနေသည်။
24-Jul-2016 tagged as
မျက်မှောက်ခေတ်၏ ရှည်ကြာသော စစ်ပွဲများ (အထူးသဖြင့် ပြည်တွင်းစစ်) များကို ရပ်တန့်ပစ်နိုင်ရန် နည်းလမ်းနှစ်သွယ်ရှိသည်။ ပထမနည်းမှာ ပြည်တွင်းစစ်များကို သက်ဆိုးရှည်စေသည့် ‘သယံဇာတ ခွဲဝေရေး’ (Resource Sharing) ကို မျှတအောင် ခန့်ခွဲပေးခြင်း ဖြစ်သည်။ ဒုတိယနည်းမှာ ကူးသန်းရောင်းဝယ်ရေး တစ်နည်း ကုန်သွယ်ရေး ဖြစ်သည်
အမှန်တကယ်ဆိုရင်တော့ ကိုယ့်နိုင်ငံသားတွေဟာ ကိုယ့်နိုင်ငံမှာပဲ အလုပ်အကိုင် အခွင့်အလမ်းတွေ များများရရှိပြီး ထိုက်သင့်တဲ့လုပ်ခ လစာလေး ပုံမှန်ရလို့ ကိုယ့်မိဘ ကိုယ့်ရပ်ရွာမှာပဲ အိုးအိမ်ကို မခွဲမခွာနေကြ၊ လုပ်ခွင့်ရနေကြရရင်ပဲ ကျေနပ်ကြမယ့်သူတွေလို့ ထင်ပါတယ်။ အမှန်တကယ် တော့လည်း ရေခြားမြေခြားမှာ မိဘညီအစ်ကိုတွေ၊ ငယ်ပေါင်းတွေ၊ ချစ်သူ ခင်သူတွေ၊ ဇာတိမြေတွေကို နှစ်ရှည်လများခွဲခွာပြီး တိုင်းတစ်ပါး ဘယ်သူကမှ အလုပ်သွားလုပ်ချင်ကြမယ် မထင်မိပါဘူး။
21-Jul-2016 tagged as ပညာရေး ကလေး
တပည့် ပညာအရာတွင် လွတ်လပ်စွာ စီးမျောတီထွင် ကြံဆနိုင်ရန်အတွက် ဆရာ၏ တန်ခိုးဩဇာမှာ အရှိန်လျှော့ပေးရတော့သည်။ ဆရာသည် ပလ္လင်ထက်က ဆင်းပေးလာရသည်။ ယင်းအရာများသည်ပင် မျက်မှောက်ပြုနေရသည့် ပညာခေတ်၏ နောက်ဆုံးပေါ် အခြင်းအရာများပင် ဖြစ်ပါသည်
20-Jul-2016 tagged as
အသွားတမန် အပြန်ရှေ့နေ ဟူသော မြန်မာစကားပုံ တစ်ရပ်ရှိသည်။ နှစ်ဖက်ကြားတွင် ဝင်ရပ်ရသော သူသည် နှစ်ဖက် အခြေအနေမှတစ်ဆင့် ဆိုးကျိုး တစ်စုံတစ်ရာ မဖြစ်ပေါ်လာစေရန် လိမ္မာပါးနပ်ရမည့် ဝတ္တရား
18-Jul-2016 tagged as အာဇာနည်
“ငါ့တပည့်တို့။ အာဇာနည် ခေါင်းဆောင်ကြီးတွေကို မဆုံးရှုံးစေချင်ရင်ဖြင့်... အစားမက်တာ၊ အပျော်အပါး မက်တာတွေ လျှော့ကြပါကွာ။ ဘယ်သောအခါမှ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ မနေကြပါလေနဲ့။ သတိတစ်ချက်လွတ်တာနဲ့ တစ်တိုင်းပြည်လုံး ရေစုန်မျောသွားနိုင်တာကို သတိမြဲမြဲချပ်ကြပါကွာ”
စီမံကိန်းတိုင်းတွင် ပါဝင်သည်မှာ ယင်းစီမံကိန်းငွေကြေးဖြင့် အရာရှိများ၏အကျိုးအမြတ် ရှာရန်ကိုသာ ဦးစားပေးပါသည်။ ဥပမာ-စီမံကိန်းအတွက် ဈေးကြီးကြီး ဖြင့် ကားငှားခြင်း၊ သင်္ဘောငှားခြင်းဖြင့် အကျိုးအမြတ်ထုတ်ရန်သာ စိတ်ဝင်စားပါသည်။
အစိုးရသစ်တို့အတွက် တက်စ ရက် ၁၀၀ သည် သြဇာနှင့် အာဏာ အထွတ်အထိပ်သို့ ရောက်ချိန်ဖြစ်သည်။ ဝေဖန်သူနည်း၊ ချစ်ခင်သူ များသည့်အတွက် ကျန်သည့်ကာလ ‘ငါးနှစ် အနုတ် ရက် ၁၀၀’ တွင် ဖော်ဆောင်မည့် မူဝါဒများအတွက် အခြေခံကောင်းချ ရချိန်၊ ချနိုင်ချိန် ဖြစ်သည်။ တစ်ဖန် ၂ နှစ်ခွဲ ကျော်သွားလျှင် အစိုးရသက်တမ်း တစ်ဝက်ကျိုးသည့်အတွက် ၂၀၂၀ ရွေးကောက်ပွဲနှင့် နီးသွားပြီး ရွေးကောက်ပွဲကို အာရုံပြုမည်ဖြစ်ရာ ပြည်သူအကျိုးရှိမည့် မူဝါဒထက် ပြည်သူကြိုက်မည့် မူဝါဒများကိုသာ အကောင်အထည်ဖော်ဖို့ လမ်းများသွားပြီ။