News

POST SECTION

PERSPECTIVE

07-May-2020
တကယ်တော့ အစိုးရမဟုတ်သောအဖွဲ့အစည်းလို့ဆိုတိုင်း အစိုးရရဲ့ထိန်းကွပ်မှုအောက်မှာမရှိတာ မဟုတ်ပါဘူး။ မဏ္ဍိုင်သုံးရပ်က တစ်နိုင်ငံလုံးနဲ့သက်ဆိုင်တယ်ဆိုတာကိုလည်း အထူးဖွင့်ဆိုရှင်းပြဖို့ လိုတော့မှာမဟုတ်ပါဘူး။ ဥပဒေပြုရေးဆိုရင်လည်း နိုင်ငံသားအားလုံးအတွက်ပါပဲ။
06-May-2020
ပုံမှန်ဝင်ငွေရှိသည့် နိုင်ငံ့ဝန်ထမ်းများသည်ပင်လျှင် အပိုဝင်ငွေရှာ ဖွေနိုင်ခြင်းမရှိသဖြင့် ငွေရေးကြေးရေး အခက်အခဲဖြစ်ပေါ်နေသည့်အချိန်မျိုးတွင် ပုံမှန်ဝင်ငွေမရှိသည့်မိသားစုများအနေနှင့် မည်မျှခက်ခဲ ကျပ်တည်း လိုက်မည်နည်း။ မကြာမီ ကျောင်းများဖွင့်တော့မည်ဖြစ်သည်။ ကလေးများ အတွက် ကျောင်းစရိတ်ကို မည်သို့ရှာဖွေသွားကြမည်နည်း။ စုဆောင်း ထားသည့် ချွေးနှဲစာကလေးများမှာလည်း
06-May-2020
ဗုဒ္ဓဘာသာဝင်တိုင်း၏ အထွတ်အမြတ်နေ့ထူး နေ့မြတ်တစ်ရက်ဖြစ်သော ကဆုန်လပြည့်ဗုဒ္ဓနေ့မှသည် နေ့တိုင်း အချိန် တိုင်းကိုလည်း ဗုဒ္ဓဘုရားရှင်၏တရားတော် (အဆုံးအမများ )နှင့်အညီ၊ ရပ်တည်ရှင်သန်ခွင့်ရနေသည့် ဘဝကိုယ်စီအား အဓိပ္ပာယ်တန်ဖိုးရှိပြီး ပြည့်စုံ စွာဖြင့် ရှင်သန်ဖြတ်သန်း လွန်မြောက်ကြစေလိုခြင်းသာ ဖြစ်ပါသည်။ ဤကဲ့သို့ ဗုဒ္ဓဘုရားရှင်၏ အဆုံးအမများအား နှလုံးသွင်းလိုက်နာကျင့်သုံး ရှင်သန်နိုင်ခြင်းသည်ပင်လျှင် ဗုဒ္ဓဘာသာဝင်စစ်စစ်တို့၏မွန်မြတ်သန့်စင်သော အပြုအမူရှင်သန်ခြင်းဟုသာ ဆိုရမည်လည်းဖြစ်ပါသည်။
05-May-2020
မိမိကိုယ်တိုင် သတိပညာနဲ့ ထိန်းသိမ်းပြီး ကိုယ့် ဘက်က မှန်တာကို ပြောမယ်။ လောကကို အကျိုးပြုမယ့် စကားချိုချိုလေးတွေကို ပြောမယ်ဆိုရင် လူမှုရေးပြဿနာတွေ၊ ရန်ပွဲတွေလျော့နည်းသွား မယ်လို့ စိတ်ကူးမိပါတယ်။
05-May-2020
လစာတစ်စုံတစ်ရာမရရှိဘဲ ကိုယ့်ထမင်းကိုယ်စား၍ ဝါသနာ၊ စေတနာ အရင်းခံသက်သက်ဖြင့် မိမိ၏ကျန်းမာရေးနှင့်အသက် ကိုပဓာနမထားဘံ ကိုယ်ကျိုးစွန့်အနစ်နာခံကာ ဆောင်ရွက်နေကြသည့် စေတနာ့ဝန်ထမ်း(ပရဟိတ)များနှင့်တကွ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော အမိန့်ညွှန်ကြားချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ကြသည့် နေအိမ်အတွင်းနေထိုင်သူများနှင့် လက်မှန် မှန်ဆေးကြသူ ပြည်သူအများစုကြီးကိုလည်း နိုင်ငံသားတာဝန်ကျေပွန် သူများအဖြစ် မှတ်တမ်းပြုအပ်ပါသည်။
04-May-2020
ဒစ်ဂျစ်တယ် နည်းပညာ လက်တွေ့အသုံးချနိုင်မှုအနေနဲ့ကတော့ ဒေသန္တရအုပ်ချုပ်ရေးတွေမှာ များစွာအားနည်းနေပါတယ်။ နည်းလမ်းဟောင်းကြီးအတိုင်း လုပ်ကိုင်နေကြရဆဲပါ။ ဒေသအတွင်းမှာရှိတဲ့ လူဦးရေစာရင်း၊ ဘဏ္ဍာငွေစာရင်း၊ အခွန်စနစ်တွေ၊ ပြည်သူ့ဝန်ဆောင်မှုစနစ်တွေ၊ ပြန်ကြားရေးစနစ်တွေ၊ ဌာနအချင်းချင်း ဆက်သွယ်ဆောင်ရွက်မှု စတာတွေကို လက်ရှိအခြေအနေနဲ့ တစ်ဆင့်ချင်း ပြုပြင်ပြောင်းလဲနိုင်ဖို့ လိုအပ်နေပါပြီ။
04-May-2020
ကိုဗစ် - ၁၉ က မမျှော်လင့်ဘဲ ရောက်လာသည်မဟုတ်။ ရောက်လာနိုင်သည်ဟု အစောကြီးကတည်းက ကြိုတင်ဟောကိန်း ထုတ်ထားခဲ့ သည်။ သို့သော် ကမ္ဘာကြီး ကြိုတင်ပြင်ဆင်မှု မရှိခဲ့။ကျန်းမာရေးထက် ကာကွယ်ရေးမှာ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးထက် စစ်လက်နက် ဖြည့်တင်းရေးမှာ အားသန်နေခဲ့ကြသည်။ ကမ္ဘာ့နိုင်ငံအားလုံးထိုအတိုင်းပဲ ဖြစ်သည်။
01-Apr-2020
လူသားတစ်ဦးနှင့်တစ်ဦး အပြန်အလှန်ကူညီတတ်ကြခြင်းသည် ကောင်းသောကိစ္စဖြစ်သည်ကို ကျွန်တော်တို့ အားလုံးသိပြီးဖြစ်ပါသည်။ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီဟူသော အဆိုသည်လည်း မှတ်သားဖွယ်ရာ ဖြစ်ပါ၏။ လူနှင့် အဆိုအမိန့်များသည် ကမ္ဘာလောကထဲတွင် ရောထွေးယှက် တင်ဖြစ်နေသည်မှာလည်း ကျွန်တော်တို့အသိ ဖြစ်ပါသည်။ အသိဉာဏ်သည် ကောင်းမှုနှင့် မကောင်းမှုကို ခွဲခြားသိတတ်ပါသည်။ မကောင်းမှုကို မကောင်းမှန်းသိသောအခါ ဖယ်ရှားနိုင်ရပါမည်။ သိသောတရားနှင့် ကျင့်သောအကျင့်သည် တစ်ထပ်တည်းကျဖို့ရာမှာ လူသားတိုင်းအတွက် အင်မတန်ခက်ခဲသောအရာ ဖြစ်နေတတ်ပါသည်။
31-Mar-2020
ဆိုရလျှင် ကိုဗစ်-၁၉ ရောဂါသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းသို့ ကူးစက်ပျံ့နှံ့နေပြီဖြစ်သည်။ အရေးပေါ်အခြေအနေရောက် ရှိနေပြီဖြစ်သည်။ ပြည်သူများအနေနှင့် ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိရှိနေရန် လိုအပ်ပေသည်။ အထူးသဖြင့် လက်မှန်မှန်ဆေးကြောခြင်း၊ အာဟာရပြည့်ဝစွာစားသုံးခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်စွာနေထိုင်ခြင်း၊ လူစုလူဝေးရှိရာနေရာများသို့ သွားလာခြင်းတို့ကိုရှောင်ကြဉ်သွားသင့်ပါသည်။ တတ်နိုင်ပါက နေအိမ်အတွင်း၌သာ နေထိုင်သင့်ပေသည်။
31-Mar-2020
မိမိတို့နိုင်ငံဟာ အခြေခံလူတန်းစားအများစုရှိနေတဲ့ နိုင်ငံပါ။ နေ့စားလုပ်သားတွေ၊ တစ်နေ့ရောင်းမှ တစ်နေ့စားနေရတဲ့သူတွေ၊ တစ်နေ့အလုပ်လုပ်မှ တစ်နေ့စားနေရသူတွေအတွက် မျက်စိစုံမှိတ်လုပ်ကိုင်နေကြရတာကို တွေ့ရပါတယ်။
30-Mar-2020
သူတို့လို ရှေ့တန်းတိုက်စစ်ကနေ ကပ်ရောဂါဘေးကြီးကို မခုခံ၊ မကာကွယ်ပေးနိုင်ကြရင်နေပါ။ ရေနစ်ရာ ဝါးကူမထိုးဖို့ပါပဲ။ သတ္တဝါတွေ အချင်းချင်း စာနာနားလည်ပေးကြပါ။ ကပ်ရောဂါဘေးကြီးကြောင့် အားလုံးဒုက္ခရောက်နေကြတဲ့အချိန်မှာ အချင်းချင်းကူညီအားပေးကြပါ။ ကိုယ့်တစ်ကိုယ်စာ ချမ်းသာရေးအတွက် ဦးစားမပေးကြပါနဲ့။ အမှန်တကယ်ချို့တဲ့သူဘဝတွေကို မြင်အောင်ကြည့်ပေးကြပါ။ ကိုယ့်နောက်မပါတဲ့ ငွေကြေးတွေအတွက် လောဘဇောတွေ မတက်ကြပါနဲ့တော့။ ကောင်းမှုကုသိုလ်တွေကို ရတဲ့နည်းနဲ့ များနိုင်သမျှ များအောင်ပြုကြပါ။
30-Mar-2020
စစ်မြေပြင်တွင် ဆင်နွှဲရသောတိုက်ပွဲတစ်ပွဲတွင် လူတစ်ရာနှင့် ချီတက်တိုက်ခိုက်သော တပ်ဖွဲ့တစ်ဖွဲ့သည် လူငါးဆယ်လျော့ပါးသွားသည့်အတွက် နောက်သို့ဆုတ်ခွာထွက်ပြေး၍မရပါ။ အကယ်၍သာ စစ်ကူ မရပါက ရှိသမျှအင်အား၊ ကျန်သမျှအင်အားဖြင့် အနိုင်ရသည်အထိ တိုက်ကြရုံသာဖြစ်သည်။
27-Mar-2020
ကျွန်တော်တို့ သင်္ဘောသားတွေရဲ့ အခက်အခဲ အခွင့်အရေးများစွာကို အကူအညီပေးနေတဲ့ ကမ္ဘာ့ရေကြောင်းသွားလာရေး အလုပ်သမား များအဖွဲ့ ITF (International Transport Woker's Federation) ကလည်း မတ်လ ၁၆ မှ ဧပြီ ၁၆ အထိ သင်္ဘောသားများကို စာချုပ်သက်တမ်း တစ်လတိုးမြှင့်ပေးလိုက်တယ်လို့ တရားဝင်စာများထွက်လာတော့ မင်းတို့မပြန်ရလို့ ငါတို့ကို မတိုင်ကြားနဲ့ဦး ကိုရိုနာဗိုင်းရပ်စ် (Covid-19)ကြောင့် တစ်လဆက်နေပေးပါဆိုတဲ့သဘော သက်ရောက်သွားပါတယ်။
27-Mar-2020
ဟုတ်တယ် ကိုရန်ပိုင်ရေ၊ လူတွေလိုက်နာသင့်ပြီ၊ ကနေ့အခြေအနေမှာ အဓိကကျမယ်ထင်တဲ့ ဥပဒေပါအချက်တွေကို ကောက်နုတ် ပြရရင် အခန်း (၅) ပါ အချက်တွေက အိမ်ထောင်ဦးစီး၊ အိမ်ထောင်စုဝင် တစ်ဦးဦး သို့မဟုတ် လုပ်ငန်းရှင်တစ်ဦးဦးဟာ ကူးစက်မြန်ရောဂါ ဖြစ်ပွားသည်ဟု သံသယရှိပါက သို့မဟုတ် ဖြစ်ပွားပါက သိသိချင်း ကျန်းမာရေးဌာနကို သတင်းပို့ရမယ်လို့ ပါရှိတယ်ဗျ။
26-Mar-2020
ကျန်းမာနေတဲ့သင်ဟာ ကျန်းမာနေတဲ့ပတ်ဝန်းကျင်ရှိမှသာ စိတ်သွားသလောက် ကိုယ်ကခရီးရောက်နိုင်မှာဖြစ်တာ မမေ့ပါနဲ့။ လက်ရှိ အခြေအနေဟာ ရပ်တန့်နေရမယ့်၊ မသိချင်ယောင်ဆောင်ပြီး မှေးနေရမယ့် အခြေအနေမဟုတ်ဘူးဆိုတာ ကျွန်တော်တို့အားလုံး လက်ခံထားရင် ဒီအခြေအနေကနေ ရုန်းထွက်ဖို့ အပြောင်းအလဲကို ကိုယ်တိုင်ကစ သတိရှိရှိ ဖော်ဆောင်ကြဖို့လိုပါတယ်။