News

POST SECTION

PERSPECTIVE

29-Oct-2016
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာ ၁ ရက်မှ ၅ ရက်အထိ ဂျပန်သို့ အလည်အပတ် သွားရောက်မည် ဖြစ်သည်။ “ဂျပန်အစိုးရ၏ အလုပ်သဘော အထူး ဧည့်သည်တော်”အဖြစ် လာရောက်မည်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနက အောက်တိုဘာ၂ဝ တွင် ထုတ်ပြန် ကြေညာသည်။ ဂျပန်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ခေါ်နေသည်မှာ ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲရလဒ်များ ကြေညာပြီးကတည်းက ငါးကြိမ်ပင် ရှိခဲ့ပြီ။
29-Oct-2016
ဒေါ်အောင်ဆန်းစုကြည်က တစ်နေ့က တိုင်းပြည်စီးပွားရေးနဲ့ ပတ်သက်ပြီး ပြောသွားရာမှာ ရေရှည်စီးပွားရေးဖွံ့ဖြိုးဖို့ နိုင်ငံအေးချမ်း ဖို့လိုတယ်၊ တည်ငြိမ်ဖို့လိုတယ်။ ပြီးတော့ နိုင်ငံသားတွေ အရည်အသွေး မြင့်ဖို့လိုတယ်၊ ပညာတတ်ဖို့လိုတယ်၊ အခွန်စနစ်ကောင်းဖို့ ပြည်သူတွေ အခွန်ပေးကြဖို့လိုတယ်၊ တိုင်းပြည်အတွက် ပြည်သူပါဝင်ဖို့လိုတယ်ဆိုပြီး မိန့်ကြားသွားတယ်
29-Oct-2016
“ပြည်သူပြည်သားတွေထဲမှာ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ ပါပါတယ်။ ပြည်သူပြည်သားတွေထဲက ချမ်းသာကြွယ်ဝလာတာကို သဘောကျပါတယ်။ ဒါပေမဲ့ ချမ်းသာကြွယ်ဝလာတာ မှန်ဖို့တော့ လိုပါတယ်။ အရင်တုန်းက မှန်တာ၊ မမှန်တာ အတိတ်ကိုတော့ ပြန်ပြင်လို့ မရတော့ဘူး။ ပစ္စုပ္ပန်မှာတော့ မှန်မှန်ကန်ကန် လုပ်သွားပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ရာ ချမ်းသာခြင်းကို ကြိုဆိုကြောင်း ကြေညာလိုက်ခြင်း ဖြစ်သည်။ တစ်ဆက်တည်းတွင် မှန်မှန်ကန်ကန် ချမ်းသာမှ ရမည်ဟု သတိပေးလိုက်ခြင်း။ မှန်မှန်ကန်ကန် ချမ်းသာသူကို လေးစားခြင်း၊ မှန်မှန်ကန်ကန် ချမ်းသာခြင်းကို ဂုဏ်ယူခြင်းသည် မြန်မာနိုင်ငံတွင် လိုအပ်နေသောအရာ ဖြစ်သည်။
29-Oct-2016
သမ္မတဦးသိန်းစိန် ဦးဆောင်ခဲ့သော USDP အစိုးရကို အသာထား၊ လူထုကိုယ်တိုင် သောင်ပြိုကမ်းပြို ရွေးချယ်ခဲ့သော NLD အစိုးရ ကိုယ်တိုင် မျှော်မှန်းသလောက် အောင်မြင်မှု မရခဲ့သည်ကို ဝေဖန်ဆန်းစစ် လာကြရာမှ လုပ်နည်းလုပ်ဟန် အမှားများကို ကျော်ပြီး ရွေးချယ်ခဲ့ကြသော ပေါ်လစီကိုပါ ရီဗျူး လုပ်ကြည့်ဖို့အကြောင်း ဖန်လာရတော့သည်။ အထူးသဖြင့် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ၏ အဆက်အစပ်ကို ဖြစ်သည်။
27-Oct-2016
လက်တွဲညီညီ ဆောင်ရွက်မှသာ လူငယ်များ ဗလငါးတန် အားကောင်းကာ တိုင်းပြည်၏ အခြေအနေ အဆင့်အတန်း မြင့်မားနိုင်ပါမည်။ လက်တွေ့ ဆောင်ရွက်ရာတွင် အရင် ဖိနှိပ်အုပ်ချုပ်မှု ပုံစံအောက်တွင် အသား ကျနေသော ဆရာ၊ ဆရာမများ အနေဖြင့် ပြောရဲဆိုရဲ လုပ်တတ်ကိုင်တတ်သော အလေ့အထအား အသားကျအောင် ကျင့်ကြံနေထိုင် ရတော့မည်။
27-Oct-2016
ခေါင်းဆောင်ကို မျှော်ကိုးသလို ခေါင်းဆောင်ကို အားကိုးတဲ့ စိတ်ဓာတ်ကလည်း လိုတာထက် ပိုကဲနေတယ် ဆိုတာ အခုဆိုရင် အထင်အရှား ဖြစ်လာပါပြီ။
26-Oct-2016
ဒီလို ဖားတဈပိုငှး-ငါးတဈပိုငှး ဒီမိုကရစေီ “စံ”အောကမှှာ နိုငငှံသား တဈဦးခငှှးစီရဲ့ စံနှုနှးတှကေို သတမှှတဖှို့၊ အကငှ့စှရိုကတှှကေို ပှုပှငဖှိုု့၊ နိုငငှံတကာ လုပထှုံးလုပနှညှးတှကေို လိုကနှာအောငှ လုပဖှို့ ဆိုတာ သိပတှော့ မလှယလှှပါဘူး။ ဒါပမေဲ့ မလှယဘှူးဆိုပှီး မလုပဘှဲနရငှေ အခှအနကေေ ပိုဆိုးလာနိုငပှါတယှ။
25-Oct-2016
ကျပ်ငွေတန်ဖိုး မြင့်တက်သော အခြေအနေ၏ အကြောင်းရင်းများ အနေနှင့် နိုင်ငံခြားမှ မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှု များ မြင့်တက်လာသောအခြေအနေနှင့် မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်များ မြင့်တက်လာသော အခြေအနေတို့တွင် ဖြစ်ပေါ်လေ့ ရှိသည်
25-Oct-2016
ပြည်ထောင်စု အဆင့်မှာပင် ပြည်ထောင်စု ဝန်ကြီးနဲ့ ဝန်ကြီးဌာန အများစုက နိုင်ငံတော် သမ္မတရုံးနှင့် နိုင်ငံတော် အတိုင်ပင်ခံရုံးထံ အစီရင်ခံ တင်ပြရခြင်း၊ ခွင့်ပြုမိန့် စောင့်ဆိုင်းရခြင်းတို့ကလည်း အစိုးရအဖွဲ့ရဲ့ တုံ့ပြန် ဆောင်ရွက်မှုများ နှေးကွေး လေးလံစေကြောင်း ဝေဖန်မှုများ ရှိနေတယ်။
24-Oct-2016
နိုင်ငံကြီးတွေကလည်း ကူညီဖို့အသင့်။ ငွေချေးဖို့ ရင်းနှီးမြှုပ်နှံဖို့ အသင့်။ သည်လို အနေအထားကောင်းတွေမှာ အစိုးရယန္တရားက ဟိုလိုလို ဒီလိုလို မရေမရာ ယောင်ဝါးဝါး စီမံခန့်ခွဲ၊ မူဝါဒ တွေချမှတ်နေလျှင် ကူညီမည့်သူတွေပင် ထွက်ပြေးသွားနိုင်သည်။
24-Oct-2016
မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်၍ စီးပွားရေး ပြုပြင်ပြောင်းလဲမှု ခြေလှမ်းကို ပြည်တွင်းပြည်ပမှ လူတန်းစားပေါင်းစုံ၊ နယ်ပယ်အသီးသီးမှ ပညာရှင်ပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံတို့သည် မည်သို့မည်ပုံ ဖော်ဆောင်လေမည်ကို စိတ်ဝင်တစား စောင့်ကြည့်လျက် ရှိသည်။ အချို့မှာ လေ့လာနေခြင်း ဖြစ်သည်။ အချို့မှာ နမူနာယူရန် ဖြစ်သည်။ အချို့မှာ စီးပွားရေး ရင်းနှီးမြှုပ်နှံရန် ဖြစ်သည်။ အချို့မှာ စိုးရိမ်နေ၍ ဖြစ်သည်။ အချို့မှာ နိုင်ငံရေးကြောင့် ဖြစ်သည်။
24-Oct-2016
စက်မှုဇုန်များ၊ မွေးမြူရေးဇုန်များ၊ စိုက်ပျိုးရေးဇုန်များ ထူထောင်ပြီး ကုန်ထုတ်လုပ်ငန်းများ လုပ်ဆောင်ကြစေခြင်းဖြင့် သူ့ဘက်ကိုယ့်ဘက် နှစ်ဖက်စလုံး ညီမျှစွာ အလုပ်အကိုင် ဖန်တီးပေးရမည်။
22-Oct-2016
ဒီမှာ တရားမဝင် သွားတဲ့ ရောက်လာတဲ့ လူတွေအတွက် ကျွန်တော်တို့ ဘယ်လို ကာကွယ်ပေးမလဲ။ အခု နောက်ဆုံးရတဲ့ စာရင်းအရဆိုရင် မဲဆောက် အပါအဝင် ထိုင်းနိုင်ငံ ပတ်ခရိုင်မှာ သွားရောက် အလုပ် လုပ်တဲ့ မြန်မာ အလုပ်သမား လေးသိန်းကျော်မှာ အထောက်အထားရှိတဲ့ လူက ခြောက်သောင်းပဲ ရှိပါတယ်။ ဒါ နမူနာ တစ်ခုပါ။
21-Oct-2016
ရိုးသားသော ကမ္ဘာ့ရေစီးနှင့် ကာလ တာရှည် အဆက်ပြတ်နေ၍ နိုင်ငံရေးအရ အကင်း မပါးလှသော ဗုဒ္ဓ ဘာသာဝင် ရခိုင်နှင့် ဗမာများက သတိ မပြုမိဘဲ သူတို့ ကျုံးသွင်းသည့်အတိုင်း တည့်တည့်ကြီး တိုးဝင်ခဲ့ရာမှ ရှုပ်ထွေးမှုများ ရှိခဲ့ရသည်။ အမှန်စင်စစ် မြန်မာ့စိတ်ရင်းအရဆိုလျှင် မွတ်ဆလင် ဘာသာဝင်များကို အမုန်းပွားစရာ မရှိသလို လူမျိုးခြား တိုင်းတစ်ပါးသားများကိုလည်း အသားလွတ် မုန်းတီးစရာ အကြောင်း မရှိပါချေ။