03-Oct-2020
ပညာရှိ သတိဖြစ်ခဲ ဖြစ်မည်ဆိုးသောကြောင့် အကြံပြုတင်ပြလိုသည်မှာ အချို့နေရာဒေသများတွင် မဲရုံမှူးနှင့်မဲရုံအဖွဲ့ဝင်တာဝန်ထမ်းဆောင်ကြမည့် ပုဂ္ဂိုလ်များအနေဖြင့် အချိန်နီးကပ်လာသည့်အခါတွင်မှ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသည်ဖြစ်သော် ရွေးကောက်ပွဲကို မပျက်မကွက် အောင်မြင်စွာကျင်းပနိုင်ရေးအလို့ငှာ ယခုမှကြိုတင်၍ အရန်မဲရုံမှူးများ၊ မဲရုံအဖွဲ့ဝင်များကို ရွေးချယ်ခန့်အပ်တာဝန်ပေး၍ သင်တန်းများပို့ချထားသင့်ပါကြောင်း အကြံပြုတင်ပြအပ်ပါသည် ခင်ဗျား. . . ။