18-Feb-2019
အုပ်ချုပ်ရေးဝန်ထမ်းဆိုသည်မှာ ပြည်သူတို့က ရွေးကောက်တင် မြှောက်ထားသည့် အစိုးရ၏မူဝါဒနှင့် ရည်မှန်းချက်များကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ပေးကြသူများဖြစ်ရာ တစ်နည်းအားဖြင့် နိုင်ငံနှင့်ပြည်သူတို့၏အကျိုးစီးပွားကို ဖော်ဆောင်ကြသူများဖြစ်ကြပါသည်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေရသလို တစ်ဖက်တွင်လည်း ပြည်သူ့ဘဝမြင့်မားရေးကို ဖော်ဆောင်ပေးနေကြသူများဖြစ်သည်။ ပြည်သူတို့၏လိုအပ်ချက်များကို ဥပဒေနှင့်အညီ ဖြည့်ဆည်းပေးခြင်းဖြင့် ပြည်သူ့ဘဝလှပတင့်တယ်ရေးကို ဆောင်ကြဉ်းပေးကြမည့် သူများဖြစ်ကြသည်။ ထို့ထက်ပို၍ဆိုရလျှင် “လောကကိုအလှဆင်သူများ” ဖြစ်ကြသည်။