News

POST TYPE

PERSPECTIVE

တကသ အဆောက်အအုံ တည်ဆောက်ရေး ကော်မတီ ရုံးခန်းဆောက်လုပ်မှု ရပ်ဆိုင်း
27-Feb-2017

ယခင် တကသ အဆောက်အအုံဟောင်း နေရာတွင် တည်ဆောက်ရေး ကော်မတီရုံးခန်း ဆောက်လုပ်နေမှုကို သက်ဆိုင်ရာက ရပ်ဆိုင်းကြောင်း ကြားသိရသည်ဟု တကသ အဆောက်အအုံ ပြန်လည်တည်ဆောက်ရေးကော်မတီ ဖွဲ့စည်းရေးအဖွဲ့က ယနေ့ (ဖေဖော်ဝါရီလ ၂၇ရက်) မွန်းလွဲပိုင်းက သတင်းထုတ်ပြန်သည်။

ဦးနေဝင်း အစိုးရလက်ထက် ဖောက်ခွဲဖျက်ဆီးခံရသည့် တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အအုံကို ရန်ကုန်တက္ကသိုလ် အဓိပတိလမ်းနှင့် တက္ကသိုလ်ရိမ်သာလမ်း အနီးတွင် ၁၉၂၉ ခုနှစ်က စတင်ဆောက်လုပ်ခဲ့ပြီး ၁၉၃၀ ခုနှစ် နှစ်လယ်ပိုင်းတွင် ပြီးစီးခဲ့သည်။

တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အအုံကို စေတနာရှင် သူဌေးကြီး ဒေါက်တာဦးညိုက အိန္ဒိယရူပီးငွေ ၁၇၀၀၀၀ အကုန်အကျခံ လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

ယခင်တကသ အဆောက်အအုံတွင် ကျောင်းသားရေးရာကိစ္စများ ညီလာခံခန်းမ၊ အစည်းအဝေးခန်းမ၊ လက်ဖက်ရည်နှင့် စားသောက်ဆိုင်များ၊ ဘိလိယက်ခန်းတို့ ပါဝင်ဖွဲ့စည်းထားပြီး အင်္ဂတေ နှစ်ထပ်အဆောက်အအုံ ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ် ရာပြည့်အကြို ထုတ်ဝေသည့် ရန်ကုန်တက္ကသိုလ် သမိုင်းစာအုပ်တွင် ဖော်ပြပါရှိသည်။

Photo - Mya Aye (Facebook)