News

POST TYPE

PERSPECTIVE

ကိုယ်စားပြုခြင်းနှင့် ယုံကြည်မှုတည်ဆောက်ရေး
14-Oct-2020


သိန်းထွန်း (IR)

 မြန်မာ့နို်ငငံရေးဖြစ်စဉ်များတွင် ယနေ့ထက်တိုင်လိုအပ်နေဆဲ လိုအပ်ချက်တစ်ရပ်မှာ ယုံကြည်မှုဟု ဆိုနိုင်သည်။ လွတ်လပ်ရေးရရှိပြီးနောက် တိုင်းရင်းသားများအချင်းချင်းအကြား၊ နို်ငငံရေးလှုပ်ရှားသူများအကြား၊ နို်ငငံရေးပါတီများအကြားနှင့် နိုင်ငံ့အင်စတီကျူးရှင်းများအပေါ် ယုံကြည်မှုအဆင့်မှာ အားနည်းလျက်ရှိဆဲ ဖြစ်သည်။ နို်ငငံတည်ဆောက်ရေးအတွက် ထိုလိုအပ်ချက် ကို အားလုံးက နားလည်လက်ခံထားသော်လည်း လက်တွေ့အကောင်အထည်ဖော်ရာတွင်ဖြစ်စေ၊ ကျင့်သုံးရာတွင်ဖြစ်စေ ထိရောက်မှုအားနည်းနေသည်ကို ယနေ့ထက်တိုင် ထင်ထင်ရှားရှားတွေ့မြင် ကြရသည်။ သို့ဖြစ်ရာ ကိုယ်စားပြုဒီမိုကရေစီစနစ်သို့ ပြောင်းလဲကျင့်သုံးနေသည့် မိမိတို့နိုင်ငံအတွက် ပြည်သူလူထု၊ တိုင်းရင်းသားများ၊ နို်ငငံရေးပါတီများ၊ ရွေးကောက်ခံကိုယ်စားလှယ်များ၊ နိုင်ငံ၏ အင်စတီကျူးရှင်းများ၊ အရပ်ဖက်-စစ်ဘက်အဖွဲ့အစည်းများအကြား ယုံကြည်မှုအခြေအနေအဆင့်ကို ဆန်းစစ်တိုင်းတာသင့်လှသည်။

  ယုံကြည်မှုနှင့်ပတ်သက်၍ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က နိုင်ငံအများအပြား ရှိ ပြည်သူလူထုသည် နိုင်ငံရေးတည်ဆောက်မှုများအပေါ် ယုံကြည်မှုပျောက်ဆုံးလျက်ပြီး အစွန်း နှစ်ဖက်အုပ်စုကွဲမှုများ တိုးပွားလာခြင်းနှင့်အတူ အများကြိုက်နို်ငငံရေးမှာ ရှေ့တန်းသို့ရောက်ရှိနေ ကြောင်း ၂၁၀၈ စက် ၂၅ ရက်နေ့က ကုလသမဂ္ဂအထွေထွေညီလာခံတွင် ပြောကြားခဲ့သည်။ သို့ဖြစ် ရာ နို်ငငံတည်ဆောက်ရေးအတွက်သာမက နို်ငငံ၏ကဏ္ဍပေါင်းစုံတွင် အတူလက်တွဲလုပ်ကိုင်ရန်ဆို ပါက ယုံကြည်မှုတည်ဆောက်ရေးသည် လိုအပ်ဆဲအခြေအနေဖြစ်သည်။

 နို်ငငံရေးသမားနှင့် အစိုးရအပေါ် အခြေခံယုံကြည်မှုသည် အနောက်နိုင်ငံများရှိ ဒီမိုကရေစီ အတွက် အခြေခံလိုအပ်ချက် အဖြစ်သတ်မှတ်ကြသည်။ ( Warren, 1999, 2004) လူမှုအရင်းအနှီး ရှု့ထောင့်မှကြည့်လျှင် အစိုးရအပေါ်ယုံကြည်မှုသည် အခြားသောလူထုလုပ်ရှားမှု့ပုံစံများအကြား ပြည်သူလူထု၏နို်ငငံရေးအရပါဝင်မှုကို မြှင့်တင်နိုင်ပါသည်။
သို့သော်လည်း အနောက်နိုင်ငံများတွင် နို်ငငံရေးအဆိုးမြင်မှု (Leigh, 2002) ကြီးထွားလာခဲ့ပါသည်။ အစိုးရပုံသဏ္ဍာန်အပေါ် ( ဒီမိုကရေစီ အနေဖြင့်) ပြည်သူလူထု၏ယုံကြည်မှုနှင့် တည်ဆဲအစိုးရအပေါ်ယုံကြည်မှုအကြား ကွာခြားချက်သည် အရေးပါသည့် အချက်တစ်ချက်ဖြစ်သည်။ ထိုကွာခြားချက်များအပေါ်မူတည်၍ နိုင်ငံရေးယုံကြည်မှု ကို အစိုးရပုံသဏ္ဍာန်အပေါ်ယုံကြည်မှု၊ နိုင်ငံရေးအဆိုးမြင်မှုနှင့် တည်ဆဲအခြေအနေအပေါ် ယုံကြည်မှု (incumbent trust ) ဟူ၍ Schiffman et al. (2010) က အပိုင်း ၃ ပိုင်း ခွဲခြားဆန်းစစ် ခဲ့သည်။ အစိုးရပုံသဏ္ဍာန်အပေါ် ယုံကြည်ခြင်းသည် ဒီမိုကရေစီစနစ်ကို ယုံကြည်ခြင်းဖြစ်သည်။ နိုင်ငံရေးအဆိုးမြင်မှုသည် အစိုးရအပေါ်၊ နိုင်ငံရေးပါတီများအပေါ်၊ နိုင်ငံရေးကိုယ်စားလှယ်များ အပေါ် သို့မဟုတ် လူထုမှရွေးကောက်ထားပြီး ရာထူးရယူထားသူများအပေါ် မယုံကြည်မှုကို အခြေခံ ခြင်း ဖြစ်သည်။ တည်ဆဲအခြေအနေအပေါ် ယုံကြည်မှုသည် တည်ဆဲရွေးကောက်ခံများနှင့် သက်ဆိုင် နေသည်။ ကျယ်ပြန့်သောလေ့လာမှုများအရ အစိုးရအပေါ်နိုင်ငံသားများ၏ယုံကြည်မှုသည် ၁၉၆၀ ခုနှစ်များမှ ယနေ့အထိ (Blind, 2006) ကျဆင်းလျက်ရှိပါသည်။ ယင်းယုံကြည်မှုကျဆင်းခြင်းကို ကမ္ဘာတဝှမ်းဖြစ်စဉ်အနေဖြင့် တွေ့ရှိရသည်။ ( Cheng, Bynner,Wiggins, & Schoon, 2012) ယင်း အပိုင်း ၃ ပိုင်းစလုံးသည် ဒီမိုကရေစီအရည်အသွေးများ၊ ဒီမိုကရက်တစ်နည်းလမ်းများ၊ ကိုယ်စားပြုမှု၊ ယုံကြည်မှုတို့နှင့် ဆက်စပ်နေကြပါသည်။

 ဒီမိုကရေစီစနစ်တွင် အများဆိုင်ရာဆုံးဖြတ်ချက်များနှင့် ယင်းဆုံးဖြတ်ချက်များချမှတ်ရာ တွင် အများပူးပေါင်းပါဝင်ဆုံးဖြတ်သည့် စည်းမျဉ်းအပေါ်အခြေခံသည့် နိုင်ငံရေးဆိုင်ရာအင်စတီ ကျူးရှင်းများနှင့် ဒီမိုကရက်တစ်လုပ်ငန်းစဉ်များ လိုအပ်ပါသည်။ ထို့အပြင် အုပ်ချုပ်ခွင့်အာဏာ ကိုင်တွယ်ကျင့်သုံးရန်အတွက် နိုင်ငံရေးဆိုင်ရာအင်စတီကျူးရှင်းများနှင့် ယင်းတို့၏လုပ်ငန်းစဉ်များ သည် နိုင်ငံသားများအကြား လေးစားမှုအရည်အသွေးနှင့် ဆန္ဒကိုလည်း အခြေခံရန်လိုအပ်ပါသည်။ နိုင်ငံတိုင်းရှိ နိုင်ငံရေးအင်စတီကျူးရှင်းများနှင့် လုပ်ငန်းစဉ်များသည် ယင်းနို်ငငံ၏ သမိုင်းကြောင်း၊ ယဉ်ကျေးမှု၊ လူမှုရေးနှင့်စီးပွားရေးအသွင်သဏ္ဍာန်များအရ ပုံဖော်ကြသည်ဖြစ်ရာ တိကျသော သတ်မှတ်ချက်များ မရှိတတ်ကြ။  
ထို့အပြင် ပါဝင်ဆောင်ရွက်ပိုင်ခွင့်၊ ကိုယ်စားပြုမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုနှင့် နိုင်ငံသား များအပေါ် တုန့်ပြန်နို်ငစွမ်းတို့ဖြင့် ဒီမိုကရေစီအရည်အသွေးကို တိုင်းတာနိုင်ပါသည်။ ယင်းအရည် အသွေးများသည် ကိုယ်စားပြုဒီမိုကရေစီစနစ်တွင် ပြည်သူများနှင့် ရွေးချယ်ခံရသူများအကြား တိုင်းတာနို်ငသည့် အရည်အသွေးတိုင်းတာမှုဟုလည်း ဆိုနို်ငပေသည်။ ဒီမိုကရေစီအရည်အသွေးများ တိုးတက်ကောင်းမွန်လာစေရန် နို်ငငံရေးအင်စတီကျူးရှင်းများ မည်မျှအားကောင်းခိုင်မာသည် ဆို သည့်အပေါ် မူတည်နေကြသည်။ အောင်မြင်သောကိုယ်စားပြုဒီမိုကရေစီတွင် ပူးပေါင်းပါဝင်ဆောင် ရွက်နိုင်သည့်ယဉ်ကျေးမှုသည် အရေးပါသောလိုအပ်ချက်တစ်ရပ် ဖြစ်သည်။ ယင်းပူးပေါင်းဆောင် ရွက်နိုင်မှုတွင် မီဒီယာများ၊ တက်ကြွသောလူမှုအဖွဲ့အစည်းများ၊ ပြိုင်ဘက်နိုင်ငံရေးပါတီများနှင့် ပြည်သူလူထု၏ နိုင်ငံရေးတုန့်ပြန်သံများ ရယူပေးနို်ငသည့် အခြားသောယန္တယားများ ပါဝင်ပါသည်။ ယင်းတို့သည် ဒီမိုကရက်တစ်စနစ်များပေါ်ပေါက်ရေး၊ တိုးတက်ဖွံ့ဖြိုးရေးနှင့်ခိုင်မာရေး၊ ထိရောက် မှုနှင့်ရေရှည်တည်တံ့မှု၊ ယုံကြည်မှုတို့နှင့် ဆက်စပ်နေပါသည်။
ဒီမိုကရေစီအသွင်ကူးပြောင်းခြင်းသည် အာဏာရှင်စနစ်မှ ဒီမိုကရေစီအစိုးရသို့ ကူးပြောင်း သည့် အစီအစဉ်တကျလုပ်ငန်းစဉ်တစ်ရပ် မဟုတ်ပါ။ ယင်းလုပ်ငန်းစဉ်သည် ရပ်ဆိုင်းသွားတတ်သည့် အပြင် တရားဥပဒေမဲ့မှု သို့မဟုတ် အကြမ်းဖက်မှုအဖြစ်သို ပြန်လည်ရောက်ရှိသွားတတ်လေ့ရှိ ပါသည်။ ပါတီစုံရွေးကောက်ပွဲများ ကျင်းပပြီးနောက်ပိုင်းကာလများတွင်လည်း ဒီမိုကရေစီပျက်ဆီး မှုများကို တွေ့ရှိရနိုင်သည်။ ဒီမိုကရေစီစနစ်တွင် တရားဥပဒေစိုးမိုးရေးနှင့် အခြေခံလွတ်လပ်ခွင့်များ ကာကွယ်ရေးကိုအခြေခံသည့် နို်ငငံရေးယဉ်ကျေးမှုနှင့် လူသားလုံခြုံရေးအခြေခံလိုအပ်ချက်များ မရှိပါက ဒီမိုကရေစီဆက်လက်ရှင်ရန် မလွယ်ကူနိုင်ချေ။ 
ဒီမိုကရေစီတည်ဆောက်ဆဲကာလတွင် ဒီမိုကရေစီမျှော်လင့်ချက်များ မြင့်မားနေတတ်ကြပါ သည်။ ပဋိပက္ခများကာကွယ်ဖြေရှင်းရေး၊ ရေရှည်တည်တံ့သည့် ငြိမ်းချမ်းမှုတည်ဆောက်ရေး၊ တာဝန်ယူမှုရှိ၍ တုန့်ပြန်နိုင်စွမ်းရှိသော အစိုးရတစ်ရပ်ဖြစ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု့တို့အတွက် အခြေခံအုတ်မြစ်များတည်ဆောက်ကြရာတွင် ဒီမိုကရေစီယန္တယားများ၏တန်ဖိုးကို အားလုံးက ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားကြသည်။ ဒီမိုကရေစီအသွင်ကူးပြောင်းမှုများ လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခုအတွင်း သိသိသာသာတိုးတက်လာသော်လည်း ဒီမိုကရေစီခိုင်မာအောင် တည်ဆောက်ရေးတွင် ပြဿနာများရှိလာသည်ကို တွေ့မြင်နေကြရသည်။ နိုင်ငံအများစုတွင် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ ကို ကြိုးကိုင်ချယ်လှယ်ခြင်း သို့မဟုတ် အခြားတစ်ဖက်တွင် အတိုက်အခံအင်အားစုများကို လွတ်လပ်ခွင့်အနည်းငယ်သာခွင့်ပြုခြင်းကဲ့သို့သော အာဏာရှင်တစ်ဝက်အစိုးရများ တည်မြဲလာပါ သည်။
ထို့အပြင် ရွေးကောက်ပွဲများကြောင့် အုပ်ချုပ်သူများကိုပြောင်းလဲနို်ငသော်လည်း အကျင့်ပျက် ချစားမှု တိုက်ဖျက်ရေး သို့မဟုတ် ရွေးကောက်ပွဲကတိကဝတ်များ အကောင်အထည်ဖော်နိုင်မှုတွင် အနည်းငယ်သာ ပြောင်းလဲနိုင်ကြသည်။ နိုင်ငံအများစုတွင် ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို ကောင်းစွာ စီမံခန့်ခွဲနိုင်ကြသော်လည်း မဲဆန္ဒရှင်မှတ်ပုံတင်ရာတွင် ဘက်လိုက်ခြင်းနှင့် မပြည့်စုံခြင်း၊ ရွေးကောက်ပွဲစနစ်များသည် အခြားသောအစုအဖွဲ့အသီးသီး၏ အကျိုးစီးပွားများကို အကန့်အသတ် ဖြစ်စေသဖြင့် တင်းမာမှုများကို ပေါ်ပေါက်စေပါသည်။ ကမ္ဘာအနှံ့ရှိ နို်ငငံရေးပါတီများသည် ယုံကြည်မှု နှင့် လေးစားမှုတိုးပွားရန် မဆောင်ရွက်နိုင်သည့်အပြင် ရွေးကောက်ပွဲများ၌ ထိုက်တန်သော အခန်းကဏ္ဍဖြစ်ရေး မစွမ်းဆောင်နိုင်သည့်အသွင် တွေ့ရှိကြရသည်။

 ယုံကြည်မှုသည် အုပ်ချုပ်ရေးအတွက် အရေးကြီသောအခြေခံဖြစ်သည်။ အဓိကကျသော နိုင်ငံရေးအင်စတီကျူးရှင်းများအပေါ် ယုံကြည်စိတ်ချမှုရှိလာသည်နှင့် နိုင်ငံသားများသည် လူ့အဖွဲ့ အစည်း၏ရေရှည်အကျိုးစီးပွားအတွက်လိုအပ်သည့် လူကြိုက်မများသောဆုံးဖြတ်ချက်များအကောင် အထည်ဖော်ရာတွင် ပူးပေါင်းဆောင်ရွက်လာနိုင်ပါသည်။ ထိုသို့မဟုတ်ဘဲ အင်စတီကျူးရှင်းများ အပေါ် ယုံကြည်မှုနည်းလာသည်နှင့် နိုင်ငံသားများအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန်ငြင်းဆန်ခြင်း သို့မဟုတ် မျက်ကွယ်ပြုခြင်းများ ရှိလာနိုင်သဖြင့် အုပ်ချုပ်ရေး၏ထိရောက်မှုကို လျော့ကျစေမည်ဖြစ် သည်။ 

အစိုးရများသည် မိမိတို့သက်တမ်းအတွင်း စီးပွားရေး သို့မဟုတ် တိုးမြင့်လာသည့် ပြစ်မှု ကျူးလွန်မှုများကဲ့သို့သောကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရာတွင် မအောင်မြင်ခြင်း သို့မဟုတ် ပုဂ္ဂိုလ်ရေးအမှားအယွင်းတို့ကြောင့် လူကြိုက်နည်းလာတတ်ကြသည်။ ဒီမိုကရက်တစ်စနစ်တွင် ယုံကြည်မှုနှင့် လူကြိုက်များမှု့ ကျဆင်းလာသည်နှင့် အထွေထွေရွေးကောက်ပွဲတွင် ရှုံးနိမ့်နိုင်ပါသည်။ သို့ဖြစ်ရာ နိုင်ငံရေးအင်စတီကျူးရှင်းများအပေါ်ယုံကြည်မှုကို လူထုစစ်တမ်းများဖြင့် တိုင်းတာပါက ပိုမိုသင့်လျော်ပါသည်။ ဒီမိုကရေစီလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရာတွင် ယုံကြည်မှုသည် အရေးပါသော အစိတ်အပိုင်းဖြစ်သော်လည်း ယင်းယုံကြည်မှုသည် မျှချေရှိရန် လိုအပ်ပါသည်။ အစိုးရ အပေါ် ယုံကြည်မှုများစွာအားနည်းနေပါက နိုင်ငံရေးကမောက်ကမသို့ ဦးတည်နိုင်ပြီး ယုံကြည်မှု လွန်ကဲပါကလည်း အာဏာရှင်စနစ်သို့ ဦးတည်တတ်ပါသည်။

 ကိုယ်စားပြုဒီမိုကရေစီစနစ်တွင် ပြည်သူလူထု၏ ယုံကြည်မှု့အားကောင်းလာရေးနှင့် နိုင်ငံ ရေးစနစ်အပေါ် ယုံကြည်မှုရှိရေးအတွက် ဒီမိုကရေစီလုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်နေရ မည်ဖြစ်ရာ ယင်းသည် ဒီမိုကရေစီနိုင်ငံများတွင်ပင် ရင်ဆိုင်နေရဆဲ စဉ်ဆက်မပြတ်စိန်ခေါ်မှုများ ဖြစ်သည်။ 

ကိုးကား
IDEA. Representative Democracy and Capacity Development for Responsible Politics - 
Ken J. Rotenberg .The Psychology of Interpersonal Trust

 သိန်းထွန်း (IR)