News

POST TYPE

PERSPECTIVE

မဲဆွယ်ကာလ သတိပြုရမည့် တရားမဲ့ ပြုကျင့်မှားများနှင့် Covid စည်းကမ်းများ
15-Sep-2020


၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်တွင်ကျင်းပမည့် ရွေးကောက်ပွဲသည်ကြားထဲတွင် ၅၇ ရက်သာ ကျန်တော့သည်။ ထို ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများအလိုက် မဲဆွယ်စည်းရုံးလာကြ သည်မှာ စက်တင်ဘာလ ၁၂ ရက်နေ့ဆိုလျှင် ၅ ရက်တိုင်ခဲ့ပြီဖြစ်ကာ ထိုရက်များအတွင်း ပါတီတစ်ခု၏မဲဆွယ်ဆိုင်းဘုတ်များကို မြို့နယ် နှစ်ခုတွင် ဖျက်ဆီးခံရခြင်း၊ အချို့နေရာများတွင် ပါတီတစ်ခု၏ မဲဆွယ်မှုကို အခြားပါတီဝင်များက နှောင့်ယှက်ခြင်း၊ ပါတီတစ်ခုမှ အခြားပါတီ တစ်ခု သို့ အပုပ်ချခြင်း၊ မဲဆန္ဒရှင်တစ်ဦးကို ခြိမ်းခြောက်သကဲ့သို့ပြုလုပ်ခြင်းများနှင့် အခြားသောရွေးကောက်ပွဲဆိုင်ရာ တရားမဲ့ပြုကျင့်ကြသည့် သတင်း များ ကြားနေခဲ့ရသည်။ ထိုသို့ပြုလုပ်ကြခြင်းသည် ဥပဒေကိုသိ၍ ပြုလုပ် ကြသည်ဖြစ်စေ၊ မသိ၍ပြုလုပ်ကြသည်ဖြစ်စေ ဥပဒေကတော့ ခွင့်လွှတ် လိမ့်မည်မဟုတ်ဟူသော စကားရှိသည့်အတွက် သတိထားဆင်ခြင်ကြ ရမည်ဖြစ်သည်။ ထို့ကြောင့် ဤဆောင်းပါးတွင် ထိုအချက်များနှင့် ပတ်သက်ပြီး အများပြည်သူများ သိရှိနိုင်ရေးအတွက် ရည်ရွယ်ပြီး မဲဆွယ်စည်းရုံးရေး လုပ်ငန်းများတွင် လိုက်နာကြရမည့် အချက်များကို  တည်ဆဲဥပဒေများကို ကိုးကားပြီး ရှင်းလင်းလွယ်ကူစွာ ရေးသားဖော်ပြသွားမည်ဖြစ်ပါသည်။

ထိုအချက်များကို မပြောမီ ယခုကာလတွင် ပြုလုပ်နေကြသည့် နိုင်ငံရေးပါတီများအလိုက် မဲဆွယ်စည်းရုံးမှု၊ နောင်နှစ်လခန့်အလိုတွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲများနဲ့ပတ်သက်သည့် အခြေခံသဘော တရားများအကြောင်းကို ဦးစွာခြေဆင်းပြောကြားပါဦးမည်။ ယခုကဲ့သို့ နိုင်ငံရေးပါတီများ တည်ရှိနေခြင်း၊ မဲဆွယ်စည်းရုံးကြခြင်း၊ ရွေးကောက်ပွဲ ကျင်းပကြခြင်းသည် ပါတီစုံစနစ်နှင့် ဒီမိုကရေစီစနစ်ကို လက်ခံကျင့်သုံး ကြသည့်နိုင်ငံများအတွက် အလွန်အရေးကြီးသည့် မူလကနဦးလုပ်ငန်း စဉ်များပင်ဖြစ်သည်။ ထို့ကြောင့်ပင် ၂၀ဝ၈ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံ  ဥပဒေ ကို အတည်ပြုပြီးနောက် ရုတ်ခြည်းမကျင့်သုံးနိုင်သေးဘဲ ထိုပါတီစုံဒီမိုကရေစီ စနစ်ကို စတင်ကျင့်သုံး အကောင်အထည်ဖော်ရန်အတွက် နှစ်နှစ်တိုင်တိုင် ပါတီစုံစနစ်နှင့်ကိုက်ညီသည့် ဥပဒေများရေးဆွဲပြဋ္ဌာန်းရန် ပြင်ဆင်ခဲ့ရသည်။ ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ရန်အတွက် အဓိက ကျသည့် ဥပဒေများကို ၂၀၁၀ ခုနှစ်တွင် အပြီးရေးဆွဲပြဋ္ဌာန်းခဲ့ကြရာ ထို ဥပဒေ ၂၄ ခုတွင် ယခုရွေးကောက်ပွဲကော်မရှင် စတင်ဖွဲ့ စည်းမှု၊ နိုင်ငံရေး ပါတီများ စတင်တည်ထောင်ကြမှုနှင့် ရွေးကောက်ပွဲဥပဒေများ၊ နည်းဥပဒေ များရေးဆွဲမှုက ဦးစွာစတင်ခဲ့ကြရသည်ကို တွေ့ရသည်။ နိုင်ငံရေးပါတီများ ကို သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စတင်တည်ထောင်ရန် လျှောက်ထားမှုကို ကော်မရှင်က ဦးစွာစိစစ်ခွင့်ပြုပေးပြီး ရွေးကောက်ပွဲ ကျင်းပ ပေးရသည့်အခါ ရွေးကောက်ပွဲဥပဒေများပါအတိုင်း နိုင်ငံရေးပါတီများက လိုက်နာရသည်။ အခြားတစ်ဖက်တွင်လည်း နိုင်ငံရေးပါတီတစ်ခုအဖြစ် မှတ်ပုံတင်စဉ်က ကတိပြုခဲ့သည့်ဥပဒေပါအချက်များကိုလည်း လိုက်နာ ကြရပြန်သည်။ ထိုသို့လိုက်နာရာတွင် နိုင်ငံရေးပါတီများအနေဖြင့် ကိုယ်  ကိုယ်တိုင် လိုက်နာရုံဖြင့်ပင်မပြီး မိမိတို့ကို ထောက်ခံအားပေးသည့် ပါတီဝင် များ၊ လူထုများကိုလည်း ရွေးကောက်ပွဲဆိုင်ရာဥပဒေများပါ ပြဋ္ဌာန်းချက်များကိုလိုက်နာရန် တိုက်တွန်းနှိုးဆော်ကြရသည်။ သို့မှသာ ရွေးကောက်ပွဲ များ အောင်မြင်ပြီး အနိုင်အရှုံးရလဒ်များပေါ်ပေါက်ကာ လွှတ်တော်များ ခေါ်ယူဖွဲ့စည်းခြင်း၊ အစိုးရအဖွဲ့ကို ဖွဲ့စည်းခြင်း၊ ပြည်ထောင်စုတရားလွှတ် တော်ချုပ်၊ ရှေ့နေချုပ် စသည်တို့ကို ဖွဲ့စည်းခြင်းတို့ ဆက်လက်ဆောင် ရွက်၍ရနိုင်မည်ဖြစ်သည်။ သို့အတွက် ၂၀ဝ၈ ခြေဥအရ ပြဋ္ဌာန်းခဲ့သည့်ဥပဒေများကို လေ့လာကြည့်လျှင်လည်း ထိုကဲ့သို့သာ ဒီမိုကရေစီစနစ်၏အခြေခံ အတွက် အဓိကအရေးပါသည့်ရွေးကောက်ပွဲဥပဒေများကို  ၂၀၁၀ ခုနှစ် တွင် ဥပဒေအမှတ်ကို အစဉ်လိုက် ပြဋ္ဌာန်းထားခဲ့သည်ကိုလည်း ဦးစွာ လေ့လာသိရှိကြစေလိုပါသည်။

ဆိုလိုချင်သည်မှာ ပါတီစုံဒီမိုကရေစီစနစ်ကို လက်ခံကျင့်သုံးကြသည့် နိုင်ငံရေးပါတီများအားလုံးအနေနှင့်ရော၊ ဒီမိုကရေစီစနစ်ကို ရှင်သန် တည်မြဲအောင် တောင်းတကြသည့်ပြည်သူများ အားလုံးအနေနှင့်ပါ  ဤကဲ့သို့ သော မဲဆွယ်စည်းရုံးမှု၊ မဲပေးမှုနှင့်ဆိုင်သော တည်ဆဲဥပဒေများကို စနစ် တကျ လိုက်နာသွားကြမှသာလျှင် ရှေ့ဆက်ရေရှည်တည်တံ့ပြီး ကောင်းကျိုး ကိုရရှိစေမည်ဖြစ်သည်ကို ပြောလိုရင်းဖြစ်သည်။ သည့်အတွက် ရွေးကောက် ပွဲများသည် ဒီမိုကရေစီစနစ်၏အခြေခံဖြစ်သည်။ ရွေးကောက်ပွဲများသည် ဒီမိုကရေစီရှင်သန်ရေး၏ အဓိကရေသောက်မြစ်ဖြစ်သည်။ ရွေးကောက်ပွဲ များသည် ဒီမိုကရေစီဖြစ်ထွန်းရေး၏ ပင်စည်ပင်မဖြစ်သည်ဟု နိုင်ငံရေး သုတေသီများက ဆိုစမှတ်ထားခဲ့ခြင်းဖြစ်သည်။ 

ထို့ကြောင့် နိုင်ငံရေးပါတီများအနေနှင့် ပါတီစုံဒီမိုကရေစီစနစ်နှင့် အညီ မိမိတို့ငွေကြေး၊ အချိန်၊ လုပ်အားအရင်းအနှီးများစွာဖြင့် ထူထောင် ထားရသည့်ပါတီများ ရေရှည်ရပ်တည်ရှင်သန်နိုင်ရေး၊ ပါတီနိုင်ငံရေးသဘော တရားများကို လက်ကိုင်ပြုပြီး ပြည်သူကိုအလုပ်အြွေကးပြုနိုင်ရေးအတွက် ဆိုလျှင် ဤသို့၂၀ဝ၈ ခြေ/ဥ ပြဋ္ဌာန်းပြီးနောက် ကနဦးအစောဆုံးရေးဆွဲ ပြဋ္ဌာန်းခဲ့သည့် ဥပဒေကြီး ၅ ခု (UEC ဥပဒေ၊ နိုင်ငံရေးပါတီများမှတ်ပုံ တင်ခြင်းဥပဒေ၊ ပြည်သူ၊ အမျိုးသား၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ရွေး ကောက်ပွဲဥပဒေများ) ကို အထူးလိုက်နာကြရန် တာဝန်ရှိလာသလို အထက်တွင်ဆိုသကဲ့သို့ မိမိကို ထောက်ခံဝန်းရံသူများကိုလည်း ထိန်းသိမ်း ကြရန် တာဝန်ရှိလာပါသည်။ အခြားတစ်ဖက်တွင်လည်း ပါတီကို ထောက်ခံ ယုံကြည်ကြသည့်ပါတီဝင်များ၊ ဝန်းရံကြသည့်လူထုများအနေဖြင့်လည်း  အဆိုပါ ရွေးကောက်ပွဲဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့် ယခု Covid-19 ကပ်ရောဂါဖြစ်ပွားမှုကာလမှာ မဲဆွယ်စည်းရုံးမှုဆိုင်ရာ ထုတ်ပြန်ထား သည့် ဒေသန္တရအမိန့်များ၊ စည်းကမ်းများကို ယခုမဲဆွယ်ကာလတွင် သိရှိ လိုက်နာကြရန် အထူးလိုလာပါသည်။ 

ထိုအချက်များကိုသိရှိကြပြီး ကိုယ်စီက လိုက်နာကြမှသာ ရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပပြီးစီးနိုင်မည်ဖြစ်ပြီး ဆန္ဒမဲရလဒ်များအရ  နောင် လွှတ်တော်များအသစ်ခေါ်ယူခြင်း၊ အစိုးရအသစ်တစ်ခုကို ဖွဲ့စည်းခြင်း များဖြင့်သာ မိမိတို့လျှောက်လှမ်းလိုသည့် ဒီမိုကရေစီစနစ်ကို ရှင်သန်ဆက် လက်ကျင့်သုံးနိုင်မည်ဖြစ်ပြီး နောင်လာနောင်သားတို့ကိုလည်း အမွေ ကောင်းတစ်ရပ်အဖြစ် လက်ဆင့်ကမ်းပေးနိုင်မည်ဖြစ်သည်။ 

သို့ဖြစ်ရာ ရွေးကောက်ပွဲဆိုင်ရာပြဋ္ဌာန်းချက်များနှင့် Covid-19 ကပ်ရောဂါကာလ လိုက်နာရမည့် မဲဆွယ်စည်းရုံးခြင်းဆိုင်ရာ အမိန့် ညွှန်ကြားချက်များကို အကျဉ်းမျှ ရေးသားဖော်ပြသွားမည်ဖြစ်သည်။ ပထမအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာဥပဒေများတွင် နိုင်ငံရေးပါတီများ အနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၆ အရ ပါတီအဖြစ် မှတ်ပုံတင်စဉ်က လျှောက်လွှာတွင် ကတိပြုဝန်ခံခဲ့သည့် အချက်များကိုလည်း လိုက်နာရန် တာဝန်ရှိသည်ကို သတိပြုရမည်။ ထိုပုဒ်မ ၆ တွင် အဓိက အားဖြင့် စည်းလုံးရေးနှင့် တရားဥပဒေစိုးမိုးရေး၊ အေးချမ်း သာယာရေး ကို ထိန်းသိမ်းဆောင်ရွက်ရန်၊ လူမျိုး၊ ဘာသာရေး၊ လူအများနှင့်ပတ်သက် ၍ သူတစ်ပါးသိက္ခာနှင့် ကိုယ်ကျင့်တရားကို ထိခိုက်စေပြီး ပဋိပက္ခဖြစ်ပေါ် စေသည့်ရေးသားမှု၊ ဟောပြောမှုနှင့် စည်းရုံးလှုံ့ဆော်မှု မပြုလုပ်ရေး၊ ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားမပြုလုပ်ရေးတို့ကို အထူး ဂရုပြုကြရမည်ဖြစ်ပြီး ထိုအချက်များထဲမှ တစ်ချက်ချက်ကို ဖောက်ဖျက်မိပါက အခန်း (၃) အရ ဆက်လက်ရပ်တည်ခွင့်မရှိနိုင်မည်ကို အထူး သတိချပ်ကြရမည်သာဖြစ်ပါသည်။ ထိုအချက်ကို နိုင်ငံရေးပါတီများသာမက ပါတီဝင်များအနေဖြင့်လည်း အထူးသတိထားသင့်ကြသည်။ အဘယ့်ကြောင့်ဆိုသော် မိမိတို့ပါတီဝင်များ၊ ထောက်ခံသူများက မသိ၍ပင်ပြုလုပ်စေကာ မူ ပါတီတွင်သာ တာဝန်ရှိလာနိုင်ပြီး ပါတီတစ်ခု၏ ဆက်လက်ရပ်တည်နိုင်မှုကို ထိခိုက်စေနိုင်မည်ကိုလည်း သတိချပ်ကြရမည်ဖြစ်သည်။ မည်သည့် ပါတီဟု စာရေးသူမဆိုလိုပါ၊ ဥပဒေကိုဖောက်ဖျက်သည့်ပါတီကိုသာဆို လိုရင်းဖြစ်သည်။

 နောက်သတိထားကြရမည့်ပြဋ္ဌာန်းချက်မှာ ရွေးကောက်ပွဲဥပဒေ  အခန်း (၁၃) ပါ ရွေးကောက်ပွဲပြစ်မှုများနှင့် ပြစ်ဒဏ်များအခန်းမှ ပြဋ္ဌာန်း ချက်များဖြစ်သည်။ ထိုအခန်း၏ ပုဒ်မ ၅၇ တွင် ပုဂ္ဂိုလ်တစ်ဦး တစ်ယောက် ၏ ဆန္ဒမဲပေးပိုင်ခွင့်ကို လွတ်လွတ်လပ်လပ် ကျင့်သုံးခြင်းမပြုနိုင်စေရန်  အကြမ်းဖက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ မလျော်သြဇာသုံးခြင်း၊ လိမ်လည် လှည့်ဖြားခြင်း၊ လာဘ်ပေးခြင်း၊ လာဘ်ယူခြင်း၊ ပုဒ်မ ၅၈ တွင် လူမျိုးရေး ကိုဖြစ်စေ၊ ဘာသာရေးကိုဖြစ်စေ အကြောင်းပြမဲဆွယ်ခြင်း၊ ဆန္ဒမဲပေးရန် ပျက်ပြားစေရန်၊ ရွေးကောက်ပွဲပျက်ပြားစေရန် စည်းဝေးဟောပြောခြင်း၊  လှုံ့ဆော်ခြင်း၊ ဖြန့်ချိခြင်း ပိုစတာများအသုံးပြုခြင်း၊ အခြားနည်းဖြင့် ကြိုးပမ်းခြင်း၊ ပုဒ်မ ၆၀ တွင် ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မဲမပေးနိုင်ရန်  နှောင့် ယှက်ခြင်းတို့ကိုပြုလျှင် တစ်နှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ ကျပ် တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေကျခံရမည်ဟု ဖော်ပြပါရှိထားသည် ကိုလည်း သိရှိလိုက်နာကြရန် အထူးလိုအပ်ပါသည်။ နောက်အခန်း (၁၄) တွင် ဖော်ပြထားသည့် တရားမဲ့ပြုကျင့်မှုများဖြစ်သည့် ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းကဖြစ်စေ၊ သဘောတူညီချက်ဖြင့်စေခိုင်းသည့် အခြားသူတစ်ဦးဦးကဖြစ်စေ လာဘ်ပေးလာဘ်ယူပြုလုပ်ခြင်း၊ ရွေးကောက် ပွဲဆိုင်ရာအခွင့်အရေးကို နှောင့်ယှက်ခြင်း၊ မဟုတ်မမှန် ပြောဆိုကြေညာ ခြင်း၊ ရွေးကောက်ပွဲကုန်ကျစရိတ်ကို သတ်မှတ်ထားသည့်အတိုင်း ရေးမှတ် ရန်ပျက်ကွက်ခြင်း၊ အခြားသူတစ်ဦးဦးကို ဆန္ဒမဲပေးရန်၊ ဆန္ဒမဲမပေးရန် သွေးဆောင်ခြင်း၊ လာဘ်လာဘလက်ခံရန်သဘောတူခြင်း၊ မမှန်မကန် ရိုက်နှိပ်ထုတ်ဝေသည့် ပိုစတာများကပ်ပြီး မိမိထောက်ခံသည့်ကိုယ်စား လှယ်ကို အကျိုးရှိစေခြင်း၊ ဘာသာရေး အထိမ်းအမှတ်များကို ရွေးကောက် ပွဲတွင်အသုံးပြုခြင်း၊ ကိုးကွယ်ရာဘာသာကို အကြောင်းပြု မဲပေးရန်၊ မဲမပေးရန် လှုံ့ဆော်ခြင်း၊ ပါတီတစ်ခုခု၊ ပုဂ္ဂိုလ်တစ်ဦးဦးကို အကြမ်းဖက် ခြင်း၊ မမှန်မကန်စွပ်စွဲခြင်း၊ ရေးသားခြင်း၊ အများပြည်သူဆူပူမှုဖြစ်အောင် ဖန်တီးခြင်း စသည်တို့ကို မပြုလုပ်ရန်လိုသည်ကိုလည်း သတိထားကြရ မည် ဖြစ်သည်။ ထိုတရားမဲ့ပြုကျင့်မှုများကို ပြုလုပ်ပါက  တရားစွဲ အရေးယူ ခံကြရမည်ဖြစ်သည်။ ထိုပြစ်မှုနှင့် ပြစ်ဒဏ်များကိုလည်း UEC အနေဖြင့် စဉ်ဆက်မပြတ် ထုတ်ပြန်ပေးနေသည်ကိုလည်း တွေ့ရသည်။

နောက်ဆုံးသတိထားကြရမည့်အချက်မှာ ရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာလ ၇ ရက်နေ့က ထုတ်ပြန်ထားသည့် မဲဆွယ်စည်းရုံးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုက်နာရန်အချက်များဖြစ်သည်။ ထို အချက်များတွင် လူ ၄ ဦးထက် ပိုတင်နိုင်သည့်ယာဉ်ကိုသာသုံးပြီး တင် နိုင်သူဦးရေ၏တစ်ဝက်သာ စီးနင်းရန်၊ ကိုယ်စားလှယ်လောင်းများအနေဖြင့် Mask & Face Shield ကို အမြဲဝတ်ဆင်ရန်၊ Alcohol ၆၀ ရာခိုင်နှုန်းပါသည့်  hand Sanitizer ဖြင့် မကြာခဏလက်ဆေးရန်၊ စည်းရုံးရေးလိုက်ပါသူများအနေဖြင့် အပူရှိန် ၃၈ ဒီဂရီစင်တီ ဂရိတ်ရှိသူ၊ လွန်ခဲ့သည့် ၁၄ ရက်ခန့်က ပိုးတွေ့သည့်ဒေသမှပြန်လာသူ ဟုတ်မဟုတ် စိစစ်ပြီးမှလက်ခံရန်၊ Mask တပ်စေရန်၊ သံသယရှိသူများကို မဲဆွယ် မခေါ်ရန်၊ လူစုလူဝေးမဖြစ်စေရန် အဓိကအထူးဂရုစိုက်ရန်၊ တစ်ဦးနှင့် တစ်ဦး ရှေ့နောက်ဝဲယာ ၆ပေခွာရန်၊ ဟောပြောလျှင် လူ ၅၀ ဦးထက်မပို ရန်၊ လက်ဆွဲခြင်း၊ ပွေ့ဖက်ခြင်းမပြုရန်၊ မဲဆွယ်စပီကာအား ယာဉ်ပေါ်ပါ  သည့်စက်ဖြင့်သာသုံးရန်၊ မဲဆွယ်စကားပြောပါက တစ်ဦးချင်းစီ မိုက်ခရို ဖုန်းသုံးရန်၊ မဲဆွယ်လိုက်ပါသူများ သံသယရှိက နီးစပ်ရာကျန်းမာရေးဌာန သတင်းပို့ရန်၊ အင်တာနက်မှ Live Stream ဖြင့် မဲဆွယ်ပါကလည်း အထက်ပါအတိုင်း တက်ရောက်လာသူများအနေဖြင့် လိုက်နာကြရန်၊ တက်ရောက်လာသူများလက်ဆေးရန် အနည်းဆုံး ၆၀ ရာခိုင်နှုန်း အယ်လ်ကိုဟော ပါဝင်သော လက်ဆေးရေ၊ ဆပ်ပြာ၊ ဘေစင် ပြင်ဆင် ထားပေးရန်၊ အိမ်တိုင်ရာရောက်မဲဆွယ် (Door to Door) ပါက မဲဆွယ် မည့်သူ ၁၅ ဦးထက်မပိုရန်၊ Social Distancing မူကို လိုက်နာရန်၊ တစ်ဦး နှင့်တစ်ဦး ပတ်လည် ၆ ပေ၊ စတုရန်း ၃၆ ပေခွာထားရန်၊ လူ ၅၀ထက်မပိုရန်၊ Mask များတပ်ရန်နှင့် အထက်တွင်ဖော်ပြထားသည့်ကျန်အချက်များပါ လိုက်နာကြရန်တို့ဖြစ်သည်။ ထိုအချက်များကို မဲဆွယ်ခံကြရမည့် လူထုအနေဖြင့်လည်း သိရှိထားကြရမည်ဖြစ်ပြီး မဲဆွယ်မည့်ကိုယ်စားလှယ်လောင်းနှင့် မဲဆွယ်လိုက်ပါကြမည့်သူများအနေနှင့်လည်း အထူးအလေး ထားဆောင်ရွက်ရန် အရေးကြီးပါသည်။

နိဂုံးချုပ်ဆိုရလျှင် အထက်တွင်ဖော်ပြခဲ့သည့် ရွေးကောက်ပွဲဥပဒေများ ၊နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့် Covid-19 ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များကို နိုင်ငံရေးပါတီများ အားလုံးနှင့် ပါတီဝင်များ၊ ပြည်သူလူထုများက လေ့လာသိရှိကာ အထူးလိုက်နာကြရင်း၊ တစ်ပါတီနှင့်တစ်ပါတီ၊ ပါတီဝင်များအချင်းချင်း၊ ပြည်သူလူထုအတွင်း အခြားပါတီတစ်ခုကို အခြားပါတီက လေးစားသမှုပြုရင်းဖြင့်သာ နှောင့်ယှက်ဖျက်ဆီးခြင်း၊ ရန်ပြုခြင်း၊ ကိုဗစ်စည်းကမ်းများချိုး ဖောက်ကြခြင်းများမပြုလုပ်ကြဘဲ ကျန်နေသေးသည့် မဲဆွယ်ကာလ ရက်ပေါင်း ၅၀ ကျော်အတွင်း အေးဆေးတည်ငြိမ်စွာ ကျော်ဖြတ်ကြစေလို ပါသည်။ ထိုသို့သော်ကိစ္စရပ်များ ပေါ်ပေါက်လာပြီဆိုပါကလည်း ရွေးကောက်ပွဲကော်မရှင်အနေနှင့် ဥပဒေအရ အပ်နှင်းထားသည့် အခွင့်အာဏာကို အသုံးပြုပြီး မည်သည့်ပါတီမဆို၊ အစိမ်းအကျက်မရွေး ဘက်လိုက်မှုကင်း ကင်းဖြင့် ထိုက်သင့်သည့် အပြစ်ပေးအရေးယူမှုများပြုလုပ်ကြရန်လည်း လိုအပ်လာပါသည်။ ဒါမှသာ မဲဆွယ်ကာလအတွင်း တရားဥပဒေစိုးမိုးမှု၊ ငြိမ်းချမ်းမှုကို ဆောင်ကြဉ်းလာနိုင်မှာဖြစ်ပြီး ရွေးကောက်ပွဲကိုလည်း စနစ်တကျကျော်ဖြတ်ကာ ဒီမိုကရေစီခရီးကို ဆက်လက်လျှောက်လှမ်း နိုင်မည်ဖြစ်ပါကြောင်း စိတ်ကောင်းစေတနာဖြင့် တိုက်တွန်းရေးသား လိုက်ရပါသည်။

သန်းဖြိုးနိုင်