POST TYPE

PERSPECTIVE

သက်ငယ်မုဒိမ်းကျူးလွန်မှု ထောင်ဒဏ်တစ်သက် ချမှတ်ရန် အစိုးရစီစဉ်
နေပြည်တော်၊ နိုဝင်ဘာ ၂၈

သက်ငယ်မုဒိမ်းမှု ကျူးလွန်းသူများကို သေဒဏ်ပေးရန် တောင်းဆိုမှုများမြင့်တက်လာသောကြောင့် ပြစ်မှု ကျူးလွန်သူများကို အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ဆယ်နှစ်မှ တစ်သက် ချမှတ်နိုင်ရေး ကြိုး ပမ်းလျက်ရှိကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

“အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်ကနေပြီး ထောင်ဒဏ် တစ်သက်အထိချနိုင်တယ်ဆိုတာ ထည့်သွင်းထားတယ်၊ ဒါနဲ့ ပတ်သက်ပြီး ကျွန်တော်တို့က ပြည်ထောင်စုရှေ့နေချုပ်ရုံးကို အကြံ ဥာဏ်တောင်းရတယ်၊ ပြည်ထောင်စုရှေ့ နေချုပ်ရုံးကနေပြီးတော့ နောက်ဆုံးပြန်ကြားလွှာ ဒီရက်ပိုင်းအတွင်း ရောက်ရှိမယ်၊ နှစ်နဲ့ ပြောထားတာကတော့ အမြင့်ဆုံးပြစ်ဒဏ်ကို တောင်းဆိုမယ်လို့ ပြောထားတယ်” ဟု ၎င်းကဆိုသည်။

ယနေ့(နိုဝင်ဘာ ၂၈)ကျင်းပသည့် အမျိုး သားလွှတ်တော် အစည်းအဝေးအပြီးတွင် ဝန်ကြီးက မီဒီ ယာများကို တွေ့ဆုံပြောကြားခဲ့ခြင်းဖြစ်သည်။
၁၉၉၃ ခုနှစ် ပြဌာန်းခဲ့သောကလေးသူငယ် ဥပဒေကို ပြန်လည် ပြင်ဆင်ရေးဆွဲနေခြင်းဖြစ်ပြီး သက်ငယ်မုဒိမ်းမှု ပြစ်ဒဏ်အား အမြင့်ဆုံးပစ်ဒဏ် အထိ ထားရှိရန် ကြိုးပမ်းနေကြောင်း ၎င်း က ထပ် လောင်းပြောကြားသည်။

နိုင်ငံတကာတွင် သက်ငယ်မုဒိမ်းမှုနှင့် ပတ်သက်၍ သေဒဏ်ပေးသည့်နိုင်ငံရှိသော်လည်း မပေးသည့်နိုင်ငံများလည်း ရှိနေသောကြောင့် သေဒဏ်ပေးမိန့်ကိုလွှတ်တော်နှင့် အစိုးရ ညှိနှိုင်းဆွေးနွေး ရမည်ဖြစ်ကြောင်း ဒေါက်တာဝင်းမြတ်အေးက ဆိုသည်။

ရှေ့နေချုပ်ရုံးအနေဖြင့် ယင်းဥပဒေကို သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာပြီးနောက် လွှတ်တော်သို့တင်သွင်းရန် စီစဉ်ထားကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။