News

POST TYPE

PERSPECTIVE

ဗဟိုဝန်ထမ်းတက္ကသိုလ် ဧရိယာအတွင်း လူသေအလောင်းတွေ့
28-Aug-2018
ရန်ကုန်၊ ဩဂုတ် ၂၇

လှည်းကူးမြို့နယ်၊ ဖောင်ကြီး အရှေ့ကျေးရွာအုပ်စု၊ ဗဟိုဝန်ထမ်း တက္ကသိုလ် (အောက်မြန်မာပြည်) ဧရိယာအတွင်းရှိ ကဒီချောင်းကမ်းစပ်တွင် ပုပ်ပွသေဆုံးနေသည့် အမျိုးသားအလောင်းကို တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။ 

အဆိုပါ အမည်မသိ အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို ရွာသူရွာသားများက စတင်မြင်တွေ့ခဲ့ပြီးနောက် ရဲတပ်ဖွဲ့က စစ်ဆေးခဲ့ရာ အလောင်းတွင် ပြင်ပဒဏ်ရာ မတွေ့ရှိခဲ့ကြောင်း ရဲအရာရှိက ပြောသည်။ 

“ချောင်းစပ်မှာ မှောက်လျက် အနေအထားနဲ့ သေနေတာ။ အသက် ၄၀၊ ၄၅ နှစ် ဝန်းကျင်လောက်ရှိမယ်။ ဘာကြောင့်သေဆုံးရတာလဲ သိရအောင် အလောင်းကို ဆေးရုံမှာ ရင်ခွဲစစ်ဆေးနေပါတယ်”ဟု ရဲအရာရှိက ပြောသည်။ 

ပုပ်ပွသေဆုံးနေသော အမည်မသိအမျိုးသား၏ ရုပ်အလောင်းကို ဖောင်ကြီး တိုက်နယ်ဆေးရုံသို့ ပို့အပ်ပြီး ဓမ္မတာအတိုင်း လူသေဆုံးခြင်း ဟုတ်မဟုတ် သိရှိရန် ဖောင်ကြီးနယ်မြေ ရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၁၃/၁၈ ဖြင့် ရေးဖွင့်စစ်ဆေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှသိရသည်။ 

S-03


  • VIA