News

POST TYPE

PERSPECTIVE

ကုန်သွယ်မှုလိုငွေ ကန်ဒေါ်လာ သန်း ၁၂၀၀ ကျော်သို့ ရောက်
06-Jul-2018 tagged as ကုန်သွယ်မှု

ရန်ကုန်၊ ဇူလိုင် ၅

ပို့ကုန်နည်းပါးမှုကြောင့် ကုန်သွယ်မှုလိုငွေပြမှု များပြားနေသော မြန်မာ့ကုန်သွယ်မှုအခြေအနေသည် ယခုနှစ်ဧပြီလမှ ဇွန်လကုန်ပိုင်းအထိ သုံးလအတွင်း ကုန်သွယ်မှုလိုငွေပမာဏသည် အမေရိကန် ဒေါ်လာ သန်း ၁၂၉၀ ကျော်သို့ ရောက်ရှိကြောင်း ကုန်သွယ်ရေးဦးစီးဌာနထံမှ သိရသည်။

ယခုဘဏ္ဍာနှစ် ကုန်သွယ်မှုလိုငွေပမာဏသည် ပြီးခဲ့သည့်နှစ် သုံးလအတွင်းကထက် ပို့ကုန်ပမာဏမြင့်တက်သည့်အတွက် လိုငွေ ကန်ဒေါ်လာသန်း ၅၀ နီးပါး လျော့ကျသွားကြောင်း ယင်းဌာန၏ ကုန်သွယ်မှုကိန်းဂဏန်းများအရ သိရသည်။

လက်ရှိဖြစ်ပေါ်နေသော ကုန်သွယ်မှု လိုငွေပမာဏကို ထပ်မံလျှော့ချရန်လိုအပ်ပြီး ယင်းသို့မလျှော့ချနိုင်ပါက ရေရှည်တွင် နိုင်ငံ့စီးပွားရေးကို ထိခိုက်လာနိုင်ကြောင်း စီးပွားရေးပညာရှင်များက သုံးသပ်ပြောဆိုသည်။

လက်ရှိကုန်သွယ်မှုလိုငွေပမာဏသည် ယခင်နှစ်ကထက် အနည်းငယ်လျော့ကျသွားသည်ဟု ဆိုသော်လည်း များပြားသည့် ပမာဏတစ်ခုတွင်ပင် ရှိနေဆဲဖြစ်သည့်အတွက် ရိုက်ခတ်မှုတစ်ခုအဖြစ် ကျပ်ငွေတန်ဖိုးကျဆင်းခြင်းကို ရင်ဆိုင်နေရပြီး အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်ချိန်တွင် ဒေါ်လာဈေးအဆမတန်မြင့်တက်ခြင်းကို ရင်ဆိုင်နေရကြောင်း စီးပွားရေးပညာရှင်တစ်ဦးက ပြောဆိုသည်။

လတ်တလော ဧပြီလမှ ဇွန်လအတွင်းအထိ ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာ သန်း ၃၃၄၀ ကျော်နှင့် သွင်းကုန်ပမာဏ ဒေါ်လာသန်း ၄၇၀၀ နီးပါး ကုန်သွယ်ထားကြောင်း ကုန်သွယ်ရေးဦးစီးဌာနထံမှ သိရသည်။

S-04