News

POST TYPE

PERSPECTIVE

ကုန်သွယ်မှုကနေဒေါ်လာ ၁၄ ဘီလီယံခန့်ရှိမည်ဟု မျှော်မှန်း
04-Jun-2018


ရန်ကုန်၊ ဇွန်၎

မြန်မာနိုင်ငံ၏ ၂၀၁၈ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ခြောက်လတာကာလအတွင်း သွင်းကုန်၊ ပို့ကုန် ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၁၄ ဘီလီယံခန့် ရရှိမည်ဟု မျှော်မှန်းထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးတိုးအောင်မြင့်က ပြောကြားသည်။

ပြည်ပတင်ပို့မှုအနေနှင့် လယ်ယာထွက်ကုန်များ၊ ချုပ်ပြီးအထည်များနှင့် သဘာဝဓာတ်ငွေ့ တင်ပို့မှုများမှ ပို့ကုန်ဝင်ငွေ ပိုမိုရရှိမည်ဟု ခန့်မှန်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

“ဒီဘတ်ဂျက်က ဧပြီကနေ စက်တင်ဘာအထိပဲ ဖြစ်တဲ့အတွက် မိုးစရွာတဲ့အခါကျရင် ကုန်တင်တာတို့၊ သီးနှံအထွက်နှုန်းတို့ နည်းသွားတဲ့အတွက် ၁၄ ဘီလီယံနီးပါးလောက်ပဲ ခန့်မှန်းထားတာပါ။ လျာထားချက်ထက် ကျော်ရင်လည်း ကျော်သွားမှာပေါ့။ နောက်ပိုင်း ဘတ်ဂျက်ကာလတွေက ပို့ကုန်များနေကျပါ”ဟု ဦးတိုးအောင်မြင့်က ဆက်လက် ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်က ပို့ကုန်၊ သွင်းကုန် ကုန်သွယ်မှုပမာဏအနေနှင့် အမေရိကန်ဒေါ်လာ ၃၂ ဒသမ ၅ ဘီလီယံကျော် ရှိခဲ့ပြီး ပို့ကုန်တင်ပို့မှုတွင် အမေရိကန် ဒေါ်လာ ၁၄ ဘီလီယံကျော်အထိ တင်ပို့နိုင်ခဲ့ကာ ဆန်၊ ပြောင်း၊ ရော်ဘာစိမ်းနှင့် ချုပ်ပြီအထည်များ အဓိက တင်ပို့နိုင်ခဲ့ကြောင်း၊ ထို့ကြောင့် ယခင်၂၀၁၆-၁၇ ဘဏ္ဍာနှစ် ကုန်သွယ်မှု ပမာဏထက် အမေရိကန်ဒေါ်လာ ၄ ဒသမ ၃ ဘီလီယံကျော် ပိုမိုကုန်သွယ်နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

J-11