News

POST TYPE

PERSPECTIVE

Humber International Entrance Scholarships
17-Mar-2018 tagged as ပညာရေး Scholarships



ကနေဒါနိုင်ငံ Humber College တွင် တက်ရောက်ပညာသင်ကြားခွင့်ရမည့် အခွင့်အရေးတစ်ခုဖြစ်သည်။ ပေးအပ်မည့်ဘွဲ့အမျိုးအစားများမှာ Undergraduate Degree ဖြစ်သည်။ ၂၀၁၈ ခုနှစ် မေလ ၁၉ ရက်နေ့နှင့် စက်တင်ဘာလ ၂၈ ရက်နေ့များတွင် လျှောက်လွှာပိတ်မည်ဖြစ်သည်။ သင်တန်းများကို ၂၀၁၈ ခုနှစ် စက်တင်ဘာလနှင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီတို့တွင် စတင်မည်ဖြစ်သည်။

ပညာသင်ဆုရသူများသည် ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့ရှိ Humber College တွင် သွားရောက်ပညာသင်ကြားရမည်ဖြစ်ပြီး ထိုကောလိပ်က ပေးအပ်သည့် Undergraduate ပရိုဂရမ်များကို သင်ကြားရမည်ဖြစ်သည်။ နိုင်ငံတကာမှ မည်သည့်ကျောင်းသားမဆို လျှောက်ထားနိုင်ပါသည်။ 

၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် တက်ရမည့် ပရိုဂရမ်အတွက် ရရှိမည့် ထောက်ပံ့ကြေးမှာ ဒေါ်လာ ၅၀၀၀ ဖြစ်သည်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် တက်ရောက်ရမည့် ပရိုဂရမ်အတွက် ရမည့် ထောက်ပံ့ကြေးမှာလည်း ဒေါ်လာ ၅၀၀၀ ဖြစ်သည်။ မိမိတို့ ပညာကြိုးစားမှုတွင် ၇၅ ရာခိုင်နှုန်းအထက် စွမ်းဆောင်နိုင်မှသာ ပညာသင်ထောက်ပံ့ကြေးများကို ဆက်လက်ထောက်ပံ့ပေးမည်ဖြစ်သည်။

လျှောက်ထားသူများသည်-

- လျှောက်လွှာနှင့်အတူ မိမိတို့ ပညာအရည်အချင်းထောက်ခံချက်၊ လူမှုရေးပါဝင်ဆောင်ရွက်ခဲ့မှုများ၊ ထောက်ခံချက်များ၊ ပညာရေးအပေါ် စိတ်ဝင်စားမှုများကို ရေးသားတင်သွင်းရမည်ဖြစ်ပါသည်။
- လျှောက်လွှာများကို သတ်မှတ်ကာလ အရောက်ပေးပို့ရန်ဖြစ်သည်။

အသေးစိတ်ကို အောက်ပါ Link များတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ 

http://international.humber.ca/student-services/managing-your-finances/scholarships-awards.html

http://www.scholars4dev.com/6179/scholarships-canada-international-students/

E-01