News

POST TYPE

PERSPECTIVE

VU Amsterdam Fellowship Programme
20-Jan-2018 tagged as ပညာရေး Scholarships



VU University Amsterdam တွင် တက်ရောက်ပညာသင်ကြားခွင့်ရမည့် အခွင့်အရေးဖြစ်သည်။ ပေးအပ်မည့် ဘွဲ့အမျိုးအစားမှာ Masters Degree ဖြစ်သည်။ နိုင်ငံတကာကျောင်းသားများကို ခေါ်သည့် အစီအစဉ်ဖြစ်ပြီး ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် လျှောက်လွှာပိတ်မည်ဖြစ်သည်။ 

နယ်သာလန်နိုင်ငံတွင် သွားရောက်ပညာသင်ကြားခွင့်ရမည့် အခွင့်အရေးတစ်ခုဖြစ်ပြီး သင်တန်းကို ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် ဖွင့်လှစ်မည်ဖြစ်သည်။ 

The VU Fellowship Programme (VUFP) သည် အင်္ဂလိပ်ဘာသာဖြင့် သင်ကြားပေးမည့် အစီအစဉ်ဖြစ်သည်။ အရေအတွက် မည်မျှခေါ်မည်ကို ဖော်ပြမထားပါ။ နိုင်ငံတကာကျောင်းသားများကို ခေါ်ယူခြင်းဖြစ်ပါသည်။ 

VUFP ပရိုဂရမ်သည် ကျူရှင်စရိတ်ကို သက်ညှာခွင့်ပေးပြီး အခြားနေထိုင်စားသောက်စရိတ်များကို အထောက်အပံ့ပေးမည့် အစီအစဉ်တစ်ရပ်မဟုတ်ပါ။ 

လျှောက်ထားသူများသည် ဒတ်ခ်ျနိုင်ငံသား၊ ဒတ်ခ်ျတက္ကသိုလ်များတွင် တက်ရောက်သင်ကြား ဘွဲ့ယူထားသူများ မဖြစ်ရပါ။ ပညာရေးတွင် စိတ်ဝင်စားပြီး ထူးချွန်စွာ လုပ်ဆောင်နိုင်ခဲ့ကြောင်း အထောက်အထားများ ပြသနိုင်ရမည်ဖြစ်ပါသည်။ လျှောက်လွှာများကို သတ်မှတ်ရက် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မတိုင်မီ အွန်လိုင်းကတစ်ဆင့် လျှောက်ထားရမည်ဖြစ်ပါသည်။

အသေးစိတ်ကို အောက်ပါ Website ထဲတွင် လေ့လာကြည့်ရှုနိုင်ပါသည်။

http://www.vu.nl/en/programmes/international-masters/scholarships-/fellowship/index.asp

E-01