News

POST TYPE

PERSPECTIVE

WMF Empowerment Through Education Scholarships
20-Jan-2018 tagged as ပညာရေး Scholarships



Wells Mountain Foundation အစီအစဉ်ဖြင့် ပေးအပ်သည့် ပညာသင်ဆုဖြစ်သည်။ ပေးအပ်မည့် ဘွဲ့အမျိုးအစားမှာ Bachelor’s Degree ဖြစ်သည်။ 

လျှောက်လွှာပိတ်ရက်မှာ ၂၀၁၈ ခုနှစ် ဧပြီလ ၁ ရက် ဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများရှိ သတ်မှတ်ပေးသည့် တက္ကသိုလ်များတွင် သွားရောက်ပညာသင်ကြားရမည် ဖြစ်သည်။ သင်တန်းစတင်မည့်ကာလမှာ ၂၀၁၈ ခုနှစ်အတွင်း ဖြစ်သည်။

Wells Mountain Foundation onf Empowerment Through Education (ETE) Program အောက်တွင် ဤပညာသင်ဆုကို စီစဉ်ပေးခြင်း ဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများမှ ကျောင်းသား ကျောင်းသူများကို မိမိတို့နိုင်ငံ သို့မဟုတ် အိမ်နီးချင်းနိုင်ငံများသို့ စေလွှတ်ပြီး ပညာသင်ယူခိုင်းသည့် အစီအစဉ်လည်း ဖြစ်သည်။

ဖောင်ဒေးရှင်း၏ ရည်ရွယ်ချက်မှာ Community  Service ၏ အရေးပါပုံကို လူငယ်များ သိရှိနားလည်လာစေရန်ဖြစ်ပြီး တစ်နှစ်လျှင် စေတနာ့ဝန်ထမ်း လုပ်ငန်းများတွင် အနည်းဆုံး နာရီ ၁၀၀ ခန့် ပါဝင်လှုပ်ရှားဆောင်ရွက်ပေးရမည်လည်း ဖြစ်သည်။

လျှောက်ထားသည့်သူများအနေနှင့် မည်သည့်နိုင်ငံတက္ကသိုလ်များတွင် သွားရောက်သင်ယူလိုကြောင်း ဖော်ပြရမည်ဖြစ်သည်။ ထိုကျောင်းများကို သက်ဆိုင်ရာ Website ထဲတွင် ဖော်ပြထားသည်။

တစ်နှစ်လျှင် ကျောင်းသား ၂၀ မှ ၄၀ ခန့်အထိ ပညာသင်ဆုများ ပေးအပ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံ စာရင်းဝင် မည်သည့်နိုင်ငံသားမဆို လျှောက်ထားနိုင်သည်။ 

ပညာသင်ဆုရရှိသူများအနေနှင့် အမေရိကန် ဒေါ်လာ ၃၀၀ မှ ၃၀၀၀ အထိ နှစ်စဉ် ရရှိနိုင်ပါသည်။ ပျမ်းမျှ ရရှိနိုင်သည့်ပမာဏမှာ ဒေါ်လာ ၁၄၀၀ ခန့်ဖြစ်သည်။ ကျူရှင်ကြေး၊ စာအုပ်စာတန်းကြေး၊ နေထိုင်မည့် အခန်းငှားခများ လုံလောက်နိုင်ပါသည်။

လျှောက်ထားသူများသည် -

- ဖွံ့ဖြိုးဆဲနိုင်ငံများမှ နိုင်ငံသားများဖြစ်ရမည်။

- အထက်တန်းပညာ သင်ယူပြီးဆုံးကြောင်းနှင့် ထူးချွန်စွာ အောင်မြင်ကြောင်း အထောက်အထားများ ပြသနိုင်ရမည်။

- စေလွှတ်သည့်နိုင်ငံများသို့ သွားရောက်ပညာသင်ယူနိုင်ရမည်။

- ဘွဲ့ရပြီးနောက် မိမိနိုင်ငံသို့ပြန်ပြီး လူမှုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နိုင်ရမည်။

- ပညာသင်ဆု ရရှိသူများသည် စေတနာ့ဝန်ထမ်းလုပ်ငန်းများကို လုပ်ဆောင်လိုစိတ်ရှိရမည်။

လျှောက်လွှာများကို သတ်မှတ်ရက်မတိုင်မီ အွန်လိုင်းကတစ်ဆင့် လျှောက်ထားကြရန်ဖြစ်သည်။ ၂၀၁၈ ခုနှစ် ဧပြီလ ၁ ရက်နေ့မတိုင်မီ လျှောက်ထားရန်လိုသည်။

အသေးစိတ်သိလိုသည်များကို ဖောင်ဒေးရှင်း Website ထဲတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

http://www.wellsmountainfoundation. org/our-programs/scholarships/

E-01