News

POST TYPE

PERSPECTIVE

Macquarie Vice-Chancellor’s International Scholarships
20-Jan-2018



သြစတြေးလျနိုင်ငံ Macquarie University တွင် တက်ရောက်ပညာသင်ကြားခွင့်ရမည့် အခွင့်အရေးတစ်ခုဖြစ်သည်။ ပေးအပ်မည့် ဘွဲ့အမျိုးအစားများမှာ Bachelors/Masters Degree ဖြစ်သည်။ လျှောက်လွှာကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၃၁ နှင့် ဇွန်လ ၃၀ ရက်နေ့တို့တွင် နောက်ဆုံးထား တင်ရမည်ဖြစ်သည်။ သင်တန်းကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီနှင့် ဇူလိုင်လများတွင် စတင်မည်ဖြစ်သည်။

Macquarie Vice-Chancellor’s International Scholarships သည် ပညာသင်စရိတ်ကို အပြည့်အဝ အထောက်အပံ့ပေးမည်မဟုတ်ဘဲ တစ်စိတ်တစ်ပိုင်းသာ ထောက်ပံ့ပေးမည့် အစီအစဉ်ဖြစ်ကြောင်း ဦးစွာသိထားစေချင်ပါသည်။ ပညာသင်ဆုရသူများသည် Macquarie University North Ryde campus တွင် ပညာသင်ခွင့် ရမည်ဖြစ်သည်။

သင်ကြားပေးမည့် ပညာရပ်များမှာ Engineering, Environment, Human Science, Media, Linguistics, and Education တို့ ဖြစ်သည်။ အရေအတွက် မည်မျှခေါ်မည်ကို မကြေညာထားပါ။ အာဆီယံနိုင်ငံများမှ ကျောင်းသားကျောင်းသူများ လျှောက်ထားနိုင်ကြောင်း ဖော်ပြထားသည်။

ထောက်ပံ့ကြေးမှာ ဩစတြေးလျ ဒေါ်လာ ၁၀၀၀၀ ခန့်သာ ရမည်ဖြစ်ပြီး ယင်းပမာဏသည် ကျူရှင်ကြေးကိုသာ အထောက်အပံ့ ဖြစ်စေနိုင်ပါသည်။ နေထိုင်စားသောက်စရိတ်များနှင့် အခြားစရိတ်များကို မိမိအစီအစဉ်များဖြင့်သာ ကျခံရမည်ဖြစ်ပါသည်။ 

လျှောက်ထားသူများသည် -

- အာဆီယံနိုင်ငံများမှ နိုင်ငံသားများ ဖြစ်ရမည်။

- အင်္ဂလိပ်စာ တတ်မြောက်ကြောင်း အထောက်အထားများနှင့် ဘွဲ့ရထားသည့် အထောက်အထားများ တင်ပြနိုင်ရမည်။

- ဘွဲ့လွန်သင်တန်းအတွက် GPA ပေးမှတ် ၇.ဝ တွင် အနည်းဆုံး ၅.ဝ အဆင့် ရရှိထားသူများ ဖြစ်ရမည်။ ဘွဲ့တစ်ခုခုအတွက် တက်လိုသူများသည် ATAR (Australian Tertiary Admission Rank) အမှတ် ၁၀၀ ပေးသည့်အနက် ၉၀ ခန့် ရရှိထားသူများ ဖြစ်ရမည်။

- အချိန်ပြည့် တက်ရောက်နိုင်သူများ ဖြစ်ရမည်။

Seccsion 1 သည် ဖေဖော်ဝါရီတွင် စမည်ဖြစ်သောကြောင့် လျှောက်လွှာများကို ဇန်နဝါရီ ၃၁ တွင် နောက်ဆုံးထား တင်သွင်းရမည်ဖြစ်ပြီး၊ Session 2 ဇူလိုင်သင်တန်းအတွက် လျှောက်လွှာကို ဇွန် ၃၀ နောက်ဆုံးထား လျှောက်ရမည်ဖြစ်သည်။ အသေးစိတ်ကို အောက်ပါ Website တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

http://www.mq.edu.au/study/international-students/scholarships/details/vcis

E-01