News

POST TYPE

PERSPECTIVE

မြန်မာ-ဂျပန် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီ အစည်းအဝေး လုပ်မည်
ရန်ကုန်၊ အောက်တိုဘာ ၇

မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်နှင့် ဂျပန်နိုင်ငံ Japan Chamber of Commerce and Industry (JCCI) တို့ ပူးပေါင်း၍ ၁၃ ကြိမ်မြောက် ဂျပန်-မြန်မာ။ မြန်မာ-ဂျပန် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ကော်မတီ အစည်းအဝေးကို ပြုလုပ်မည်ဖြစ်ကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။

အဆိုပါ အစည်းအဝေးကို အောက်တိုဘာလ ၂၃ ရက်နေ့၌ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် မင်္ဂလာခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။

ယင်းအစည်းအဝေးသို့ ဂျပန်စီးပွားရေး လုပ်ငန်းရှင် ၃၅ ဦးခန့် ပါဝင်တက်ရောက်မည်ဖြစ်ပြီး အကြီးစား စက်မှုလုပ်ငန်း၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်း၊ စီမံခန့်ခွဲရေး လုပ်ငန်း၊ အကြံပေး လုပ်ငန်း၊ သုတေသန လုပ်ငန်း၊ သတ္တုလုပ်ငန်းများမှ ကိုယ်စားလှယ်များ ပါဝင်မည်ဖြစ်ကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။

မြန်မာ-ဂျပန် နှစ်နိုင်ငံအကြား စီးပွားရေး လုပ်ငန်းများ ပိုမို ပူးပေါင်းတိုးမြှင့် ဆောင်ရွက်နိုင်ရေးကို အဓိကထား ဆွေးနွေးကြမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု ဥပဒေဆိုင်ရာ၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကဏ္ဍများကိုလည်း ကျွမ်းကျင်ပညာရှင်များမှ စာတမ်းများဖြင့် တင်ပြဆွေးနွေးကြမည်ဖြစ်ကြောင်း UMFCCI  ထံမှ သိရသည်။

မြန်မာနိုင်ငံတွင် ဂျပန်နိုင်ငံက ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်နေ့မှ စက်တင်ဘာ ၃၀ ရက်နေ့အထိ အမေရိကန် ဒေါ်လာ ၂၅ သန်းကျော် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။ 

S-04