News

POST TYPE

PERSPECTIVE

ကိုဆိုဗိုဒေသလို မဖြစ်ဖို့ သတိထားရမယ် မောင်တော ဘူးသီးတောင်ဒေသ
15-Sep-2017

သြဂုတ်လ ၂၅ ရက်နေ့က စတင်ခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ဖျားက အကြမ်းဖက်တိုက်ခိုက်မှုတွေဟာ အခုဆိုရင် သီတင်းသုံးပတ်တာကာလကို ချဉ်းနင်းဝင်ရောက်လာပေမယ့်လည်း အခုထိ ရပ်တန့်ပြီးဆုံးနေတဲ့ အဆင့်အထိ မဖြစ်သေးပါဘူး။ ဒီအပေါ် အစိုးရဘက်ကတော့ ဒါတွေဟာ အစွန်းရောက် အကြမ်းဖက်သမားတို့ရဲ့ နယ်မြေသိမ်းလိုမှု၊ ဒေသခံ ဘာသာမတူ၊ လူမျိုးမတူသူတွေအပေါ် တိုက်ခိုက်မှု၊ သတ်ဖြတ်မှုနဲ့ အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားကို ပြိုပျက်သွားအောင် လုပ်ဆောင်မှုတွေလို ရှုမြင်ခဲ့ပြီး နှိမ်နင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီလိုဖြစ်စဉ်မျိုးဟာလည်း ယခင်နှစ် အောက်တိုဘာလတုန်းက ဒီဒေသမှာ တစ်ခါဖြစ်ပေါ်ခဲ့ဖူးပေမယ့် အဲ့ဒီတုန်းကတော့ ဒီလောက်မပြင်းထန်ခဲ့သလို နေရပ်ကို စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးရှောင် ပြည်သူတွေလည်း ဒီလောက်မများခဲ့ပါဘူး။ ဒါပေမဲ့ အခုတစ်ကြိမ်မှာတော့ အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုက များပြားခဲ့သလို သတ်ဖြတ်မှုတွေလည်း များပြားခဲ့ပါတယ်။

ဒါ့အပြင် ရက်အားဖြင့်လည်း ပိုမိုရှည်ကြာခဲ့ပြီး အခုဆိုရင် ဖြစ်ပွားရာ ဒေသမှာရော အခြားပြင်ပ ကမ္ဘာ့မျက်နှာစာမှာပါ ရေရှည်ဖြေရှင်းသွားကြတော့မယ့် အနေအထားတွေအထိတောင် ဖြစ်လာခဲ့တာကို သတင်းတွေမှာ မြင်နေရပါပြီ။ သူတို့အနေနဲ့ တိုက်ခိုက်ရေးတပ်တစ်ခုအသွင် အဖြစ်တောင် စနစ်တကျ စုဖွဲ့လေ့ကျင့်မှု လုပ်နိုင်ခဲ့ကြတာကိုလည်း အားလုံး သိကြပြီးဖြစ်မှာပါ။ စက်တင်ဘာလ ၁၃ ရက်နေ့အထိတောင် သူတို့ဘက်က မီးရှို့ဖျက်ဆီးမှုတွေ ပြုလုပ်နေဆဲဖြစ်တယ် ဆိုတာကို အစိုးရက ကြေညာထားတဲ့ သတင်းတွေမှာ ဖော်ပြထားတာ မြင်တွေ့နေရဆဲပါ။ ဒီလိုအကြမ်းဖက် တိုက်ခိုက်ဖျက်ဆီးမှုတွေကြောင့် ဒေသခံကို စွန့်ခွာပြီး တစ်ဖက်နိုင်ငံထဲကို ထွက်ပြေးခိုလှုံသွားတဲ့ အရေအတွက်ဟာလည်း အခုဆိုရင် သုံးသိန်းခုနစ်သောင်းလောက်အထိ ရှိပြီဆိုတဲ့ သတင်းလည်း ကြားရသလို ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဝန်ကြီးချုပ်ကိုယ်တိုင် သွားရောက်ကြည့်ရှု အားပေးတဲ့ သတင်းကိုလည်း မြင်ရပါတယ်။

ဒါတွေနဲ့ ပတ်သက်လို့ အစိုးရဘက်ကသာ အပေါ်က တင်ပြသလို ရှုမြင်ပြီး တိုက်ခိုက်နှိမ်နင်းမှုတွေ ပြုလုပ်နေပေမယ့် ကမ္ဘာ့နိုင်ငံ အများစုကတော့ ဒီအပေါ်မှာမြင်တဲ့ အမြင်က တစ်မျိုးဖြစ်နေပါတယ်။ အစွန်းရောက် အကြမ်းဖက်သမားတွေက အစိုးရ တပ်စခန်းတွေကို တိုက်ခိုက်တဲ့အထိတော့ သူတို့လက်ခံထားပုံ ပေါ်ပေမယ့် ဒီအပေါ် အစိုးရက တပ်အင်အား အလုံးအရင်းနဲ့ ပြန်လည်နှိမ်နင်းတာ၊ သတ်ဖြတ်တာနဲ့ နေရပ်စွန့်ခွာမှုတွေ များနေတာတွေ အပေါ်တော့ အစိုးရအပေါ်ကို အပြစ်တင်ခဲ့ကြသလို အချို့နိုင်ငံတွေက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြတဲ့ အသံတွေ ကြားနေရ ပါတယ်။ ဒီလိုအခြေအနေတွေနဲ့ တိုက်ဆိုင်စွာမှာပဲ လက်ရှိကျင်းပနေတဲ့ ကမ္ဘာ့ကုလသမဂ္ဂ အစည်းအဝေးမှာလည်း လုံခြုံရေးကောင်စီရဲ့ တံခါးပိတ် အစည်းအဝေးတွေ ပြုလုပ်ကျင်းပတာ၊ လတ်တလော ဖြစ်ပေါ်နေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက အခြေအနေတွေကို စောင်းပေးဆွေးနွေးတာတွေလည်း ပြုလုပ်နေကြချိန်လည်း ဖြစ်ပါတယ်။

ဒီဆောင်းပါးမှာ အဓိက ဆိုလိုချင်တဲ့ အကြောင်းအရာကလည်း ဒီဖြစ်စဉ်တွေအပေါ် ကွဲကွဲပြားပြား ရှုမြင်သုံးသပ်ဖို့ လိုလာနေတာကိုပဲ မီးမောင်းထိုးပြလိုတာပါ။ အစိုးရဘက်ကတော့ ဒါတွေဟာ အစွန်းရောက်သမားတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေလို ရှုမြင်သလို အခြားနိုင်ငံတွေကတော့ ဒါကိုအကြောင်းပြုပြီး လူမျိုးရေးအရ လူနည်းစု အစွန်းရောက်သူတွေကို ဖိနှိပ်သတ်ဖြတ်မှုတွေ အင်အားသုံးပြီး လုပ်နေကြတယ်လို့ မြင်လာနေကြပါတယ်။

ဒါဆိုရင် ကျွန်တော်တို့ကရော ဘယ်လိုမြင်သလဲဆိုတဲ့ ကိစ္စကလည်း ဒီနေ့ခေတ်ခါအချိန်မှာ အလွန်အရေးကြီးလာနေပါပြီ။ ဒီအပေါ် ကျွန်တော်တို့အနေနဲ့လည်း အကြမ်းဖက်သမားတွေရဲ့ နယ်မြေသိမ်း စစ်ပွဲလား၊ လူမျိုးရေးပဋိပက္ခ ဖြစ်စဉ်လား၊ ဘာသာရေးနဲ့ နွယ်ယှက်လား ဆိုတာတွေကို လွန်ခဲ့တဲ့ ခေတ်ကာလ သမိုင်းကြောင်းနဲ့ချီပြီး ဆင့်ချိန်တွက်ဆလို့ အခြားနိုင်ငံတွေမှာ ဖြစ်ပေါ်ခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ ချိန်ထိုးရှုမြင်တတ်ကြဖို့ လိုလာနေပါပြီ။ ဒီလိုဖြစ်စဉ်မျိုးတွေဆိုတာ ကိုယ့်နိုင်ငံက ဖြစ်စဉ်တွေကိုပဲ ကွက်ကွက်လေးကြည့်ပြီး ရှုမြင်ဆုံးဖြတ်ဆောင်ရွက်လို့ မရပါဘူး။

ဒီနေရာမှာ ဒီဖြစ်စဉ်တွေဟာ အခြားကမ္ဘာ့နိုင်ငံတွေက ဘယ်လိုဖြစ်စဉ်မျိုးနဲ့ တူနေသလဲ ဆိုတာကို လေ့လာကြည့်တဲ့အခါ ကိုဆိုဗိုဒေသက ဖြစ်စဉ်ကို သွားတွေ့ရပါတယ်။ ဒီနိုင်ငံဟာ အမှန်တော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၉၀၀ ကျော်ကတည်းက ခရစ်ယာန်နိုင်ငံအဖြစ် တည်တံ့လာခဲ့တဲ့ နိုင်ငံပါ။ ဒါပေမဲ့ အခုတော့ မွတ်ဆလင် ၉၂ ရာခိုင်နှုန်း ဘာသာရှိတဲ့နိုင်ငံ ဖြစ်သွားပါပြီ။ မူလတုန်းက ကိုဆိုဗိုဒေသခံ တိုင်းရင်းသား ခရစ်ယာန် ဆာ့ဘ်လူမျိုးတွေဟာ မိမိဒေသမှာ နေရင်းထိုင်ရင်း၊ နောက်တဖြည်းဖြည်း သူတို့နဲ့ကပ်လျက် နေထိုင်ကြတဲ့ အယ်လ်ဘေးနီးယားလူမျိုး မွတ်ဆလင်တွေရဲ့ ဝင်ရောက်ကျူးကျော်ဝင်ရောက်မှု၊ လူဦးရေ အဆမတန် တိုးပွားလာပြီး နယ်ချဲ့တဲ့ဒဏ်ကို မခံနိုင်ဘဲ လူနည်းစုဘဝ ကျရောက်ပြီး နောက်ဆုံးထွက်ပြေးကြရတဲ့ ဘဝကို ကျရောက်သွားခဲ့ရပါတယ်။

အဲ့ဒီဒေသမှာ လုပ်ခဲ့တဲ့ လုပ်ရပ်တွေကို လေ့လာကြည့်တဲ့ အခါမှာလည်း လူအများစုက အပေါ်စီးရလာတဲ့ အချိန်မှာ အရင်ဆုံး လုပ်တာကတော့ ခရစ်ယာန်ဘုရားကျောင်း ၁၅၀ ကျော်ကို မီးရှို့ဖျက်ဆီးပြီး သူတို့ကျောင်းအသစ် ၂၀၀ ကျော် ဆောက်ခဲ့ကြတာပါ။ ကိုဆိုဗိုဒေသခံ တိုင်းရင်းသား ခရစ်ယာန် ဆာ့ဘ်လူမျိုးတွေဟာ တန်ဖိုးမဖြတ်နိုင်တဲ့ ရှေးဟောင်းအမွေအနှစ် ခရစ်ယာန် ဘုရားကျောင်းတွေကို မီးရှို့ဖျက်ဆီးနေကြတာကို ကြည့်ရင်း အံကြိတ်ငိုကြွေးရုံမှတစ်ပါး သူတို့ ဘာမှမတတ်နိုင်ခဲ့ကြဘူး။ အယ်လ်ဘေးနီးယား လူမျိုးတွေက ဆာ့ဘ်လူမျိုးတွေကို သတ်ရုံတင် မဟုတ်ဘဲ ဘာသာတရားကိုပါ ချေမှုန်းပြီး အဓိက အချက်ကတော့ ဘာသာရေးနယ်မြေ လုပ်ပစ်တာပါပဲ။ မူရင်းဒေသခံ ဆလပ်လူမျိုးတွေက လူနည်းစုဖြစ်တဲ့ နေရာကနေ အခု ရခိုင်ဒေသမှာလိုပဲ ဖြစ်တော့ အယ်ဘေးနီးယားတွေက ကိုဆိုဗိုလွတ်မြောက်ရေး တပ်မတော် ဆိုပြီး ဖွဲ့ခဲ့ကြတယ်။ အဲ့ဒီကနေမှတစ်ဆင့် အယ်လ်ဘေးနီးယား အမျိုးသားတပ်မတော် ဆိုပြီး မူလဒေသခံ ဆလပ်တွေကို သတ်တာတွေ၊ သူတို့ဒေသမှာ မနေရဲအောင် လူအင်အားသုံးပြီး ခြိမ်းခြောက်ကြတာတွေ၊ သူတို့ဘာသာထဲ ဝင်ရင်ဝင်၊ မ၀င်ရင် သတ်ဖြတ်ပစ်ကြတာတွေ လုပ်ခဲ့ကြတာကို သိခဲ့ကြမှာပဲ။

အဲဒီတုန်းက ယူဂိုဆလားဗီးယား တစ်နိုင်ငံလုံးမှာ ဆလပ်တွေက လူများစုဖြစ်ပြီး အယ်လ်ဘေးနီးယား အနွယ်တွေက လူနည်းစုပါ။ ဒါပေမဲ့ ကိုဆိုဗို ဒေသမှာတော့ အခု မောင်တော၊ ဘူးသီးတောင်ဒေသလိုပဲ အယ်လ်ဘေးနီးယား အနွယ်တွေက လူများစု၊ ဆလပ်တွေက လူနည်းစု ဖြစ်ပါတယ်။ ၁၄ ရာစုကတုန်းကတော့ ကိုဆိုဗိုမှာ ဆာ့ဘ်က ၉၆ ဒသမ ၆ ရာခိုင်နှုန်း၊ အယ်လ်ဘေးနီးယားက ၃ ရာခိုင်နှုန်းပဲရှိပြီး အဲ့ကနေတစ်ဆင့် ၁၉၉၁ ခုနှစ် ရောက်ချိန်မှာတော့ အယ်လ်ဘေးနီးယားက ၈၁ ဒသမ ၆ ရာခိုင်နှုန်းနဲ့ ဆာ့ဘ်က ၉ ရာခိုင်နှုန်းပဲ ကျန်တဲ့အထိ ပြောင်းပြန်ဖြစ်သွားတယ်လို့လည်း လေ့လာမိပါတယ်။ အခု ဘူးသီးတောင်၊ မောင်တောမှာ ဆိုရင်လည်း မွတ်ဆလင်ဘာသာ ကိုးကွယ်သူက ၉၄ ရာခိုင်နှုန်း၊ ဒေသခံလူမျိုး အခြားဘာသာတွေက ၄ ရာခိုင်နှုန်းပဲရှိတဲ့ အခြေအနေပါ။ ကျွန်တော်တို့ ရခိုင်ပြည်နယ်က ဒီဒေသကို လေ့လာကြည့်ရင် ၁၈၂၅ လောက်ကဆိုရင် ဒီဒေသမှာ မွတ်ဆလင်ဦးရေ ၃၀,၀၀၀ ရှိခဲ့တာပါ။ ဒါပေမဲ့ ၁၉၃၀ ပြည့်နှစ်မှာ နှစ်သိန်းကျော် တိုးပွားလာလို့ အဲ့တုန်းက ဗြိတိသျှအစိုးရကတောင် စိုးရိမ်ပြီး ၁၉၃၉ မှာ စုံစမ်းရေးကော်မရှင်တစ်ခု ဖွဲ့စည်းပေးခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဒီနောက်ပိုင်း ၁၉၄၂ မှာ ကုလား-ရခိုင် အဓိကရုဏ်း စတင်ဖြစ်ခဲ့ပြီး မောင်တောမြို့ဒေသက ရခိုင်ရွာအားလုံး ဖျက်ဆီးခံရပါတယ်။ ဒီနောက်မှာတော့ အလယ်သံကျော် အရေးကိစ္စ၊ ၁၃- ၅-၈၈ ရက်နေ့က လူအင်အား ၅၀၀၀၀ ခန့်က မောင်တောမြို့ကို အရပ်ရှစ်မျက်နှာမှ ဝိုင်းပြီး ဟစ်အော်ကြွေးကြော်ပြီး အကြမ်းဖက် တိုက်ခိုက်ခဲ့ကြတဲ့ ကိစ္စတွေလည်း ရှိခဲ့ပါတယ်။ ဒီလိုတွေ ဖြစ်လာရင်း ၁၉၄၂ မတိုင်မီက မောင်တောမြို့နယ်အတွင်း တည်ရှိခဲ့တဲ့ ရခိုင်ရွာပေါင်း ၁၉၅ ရွာကနေ ၁၉၉၂ ခုနှစ်မှာ ၄၆ ရွာသာ ကျန်တော့တဲ့ အခြေအနေ ဖြစ်ခဲ့ရတယ်လို့ သမိုင်းကြောင်းတွေအရ သိရှိခဲ့ရပါသေးတယ်။

အခုလက်ရှိဖြစ်နေတဲ့ အခြေအနေကလည်း ကိုဆိုဗိုဒေသမှာ ဖြစ်ခဲ့သလို အစ္စလာမ် ဘာသာဝင် အယ်လ်ဘေးနီးယားတွေ အခြားသူတို့နဲ့ ဘာသာတူ ကမ္ဘာ့ချမ်းသာတဲ့ အခြားနိုင်ငံကြီးတွေရဲ့ ကရုဏာသက်မှုနဲ့အတူ အောင်ပွဲခံခဲ့တာမျိုး ဖြစ်အောင် လုပ်ချင်တဲ့ပုံစံတူပါပဲ။ အစ္စလာမ် ဘာသာဝင် နိုင်ငံတွေရဲ့ ပံ့ပိုးမှုနဲ့ နိုင်ငံတကာအမြင်မှာ လူများစု ဆလပ်တွေက လူနည်းစု အယ်လ်ဘေးနီးယားတွေကို ဘာသာရေး အကြောင်းပြုပြီး နှိပ်စက်တယ်လို့ ရုပ်လုံးဖော်ခဲ့ကြတဲ့နည်းတူ အခုလည်း အလားတူပါပဲ။ ဒီလိုနဲ့ နောက်ဆုံး မီလိုဆီဗစ်တို့လို ခပ်ကြမ်းကြမ်း ဆလပ် (ဆာ့ဘ်) တွေ ဝင်လာတော့ နိုင်ငံတကာအမြင်မှာ ဆလပ်တွေဟာ ကိုယ့်မြေကိုယ့်ရေကို ကာကွယ်တဲ့ အမျိုးသားရေးသမားတွေ ဘဝကနေ လူရိုင်းတွေ လူဆိုးတွေလို့ မြင်သွားခဲ့ကြရပြီး နောက်ဆုံးတော့ တရားရင်ဆိုင်ကြရတဲ့ အဆင့်ထိတောင် ဖြစ်ခဲ့ကြရတာပါ။

အဲဒီတုန်းကဆိုရင် ကိုဆိုဗိုဒေသမှာ မွတ်ဆလင် ညီအစ်ကိုဆိုတဲ့ စကားလုံးတွေနဲ့ လူမျိုးရေးအရ ဖိနှိပ်မှု လုပ်တယ်လို့ စွပ်စွဲခဲ့ကြသလို အစ္စလာမ် ဘာသာဝင် နိုင်ငံတွေက ဆာ့ဘ်အစိုးရကို ဆန့်ကျင်ကန့်ကွက်ပြီး အယ်လ်ဘေးနီးယားတွေဘက်က ကူညီခဲ့ကြတဲ့သမိုင်း ရှိခဲ့ပါတယ်။ တောင့်တင်းကြွယ်ဝတဲ့ သူတို့ရဲ့ဓနအင်အားကို အသုံးချပြီး ကမ္ဘာ့မီဒီယာတွေ၊ လူ့အခွင့်ရေးသမားတွေကို လွှမ်းမိုးပြီး နိုင်ငံတကာ အသိုင်းအဝန်းကို ဆွဲဆောင်ခဲ့ကြတဲ့ နည်းအတိုင်းပါပဲ။ အခုလည်း ထိုနည်းနဲ့ တစ်ပုံစံတည်း ဖြစ်နေတယ်ဆိုတာကို မြင်ကြရမှာပါ။ ကိုဆိုဗိုစစ်ပွဲကို အယ်လ်ဘေးနီးယားနဲ့ ဆာ့ဘ်တွေရဲ့ လူမျိုးရေး ပြဿနာရယ်လို့ မမြင်တော့ဘဲ မွတ်ဆလင် လူနည်းစုကို ခရစ်ယာန် လူများစုက အနိုင်ကျင့် နှိပ်စက်တယ်လို့ မြင်ခဲ့ကြသလို အခုလည်း ARSA တွေရဲ့ အစွန်းရောက် အကြမ်းဖက် တိုက်ခိုက်မီးရှို့ဖျက်ဆီးမှု၊ ဒေသခံတွေကို သတ်ဖြတ်မှုတွေကို ပြောင်းပြန်ဖြစ်ပြီး အစိုးရတပ်တွေက ပြန်လည်ဖိနှိပ် သတ်ဖြတ်နေသယောင် ဖြစ်နေကြရတော့တာပါပဲ။

အချုပ်အားဖြင့် အထက်က ပြောခဲ့တာတွေကိုချုပ်ပြီး ကျွန်တော်တို့ ရှုမြင်ကြရမယ့် အမြင်ကို ထုတ်ကြရရင် အခုမောင်တော၊ ဘူးသီးတောင် ဒေသမှာ ဖြစ်နေတဲ့ ကိစ္စတွေကို သာမန် သူတို့ဒေသတွင်းက အကြမ်းဖက် တိုက်ခိုက်မှုမျိုးလို့ မြင်လို့မရတော့ဘူး ဆိုတာကို တွေ့ကြရမှာပါ။ ကိုဆိုဗိုဒေသနဲ့ မောင်တော၊ ဘူးသီးတောင်ဒေသ ဆိုတာ နေထိုင်ကြတဲ့လူမျိုး၊ ကိုးကွယ်တဲ့ဘာသာ၊ ပထဝီ အနေအထားနဲ့ လုပ်ဆောင်နေကြတဲ့ ရည်ရွယ်ချက်၊ ကမ္ဘာ့မျက်နှာစာနဲ့ မီဒီယာ ထုတ်လွှင့်ချက်တွေအပြင် လက်ရှိအစိုးရ ရင်ဆိုင်နေရတဲ့ အဖြစ်သနစ်ချင်းတွေကလည်း တူညီနေတာကိုလည်း သတိထားမိကြမယ် ထင်ပါတယ်။ ဒီအတွက် ကျွန်တော်တို့အနေနဲ့ ဒီဖြစ်စဉ် ဖြစ်ရပ်တွေကို သာမန် အဲ့ဒီဒေသအတွင်းက ဖြစ်စဉ်လို့ပဲ သဘောမထားကြဘဲ မျိုးဆက်သစ် အနာဂတ် ကလေးငယ်တွေနဲ့ နောင်မျိုးဆက်အတွက် သေရေးရှင်ရေး အသက်တမျှ အရေးကြီးတဲ့ ကိစ္စတစ်ခုအဖြစ် ရှုမြင်ပြီး ကြိုကြိုတင်တင် ကာကွယ်ကြရတော့မယ့် အချိန်အခါလည်း ဖြစ်နေပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။ 

အောင်ဇေယျ