News

26-Sep-2018
အချို့ကိစ္စများ၊ ပြဿနာများသည် လျစ်လျူရှုပေယျာလကန် ပြုထားခြင်းဖြင့်သော်လည်းကောင်း၊ နှစ်ကိုယ်ကြားဆွေးနွေးညှိနှိုင်း၊ အပေးအယူ၊ အလျှော့အတင်းလုပ် ချွေးသိပ်၍သော်လည်းကောင်း၊ မည်သည့် တုံ့ပြန်မှုမျှမလုပ်ဘဲ သည်းခံခွင့်လွှတ်ပေးခြင်းဖြင့်သော်လည်းကောင်း သူ့အလိုလို အသံတိုး၊ အသံတိတ်၊ ပျောက်ကွယ်သွား၊ ပြေလည်အေးချမ်းသွားတတ်သည်။ လယ်တီဆရာတော်ကြီး မိန့်ကြားခဲ့သလို “နွားထက်မိုက်၍ ရိုက်သောသူ၊ ရိုက်သူလည်းနွား၊ နွားလည်း နွား” ဆိုသကဲ့သို့ တစ်ခါတစ်ရံ မိုက်ရိုင်းစော်ကားသူကို တုံ့ပြန်သည့်နည်းလမ်းသည် ၎င်း၏ အဆင့်အတန်းနှင့် မိမိကိုယ်ကို တန်းတူဖြစ်စေရန် လျှော့ချလိုက်သကဲ့သို့ ဖြစ်သွားတတ်ခြင်းကို သတိချပ်ရမည်ဖြစ်သည်။
25-Sep-2018
တိမ်းညွတ်မှုအသစ်၏အနက်ကို တူးဆွကြည့်ကြရာ ယခုလို တွေ့လိုက်ရသည်။ မဲဆန္ဒရှင်တို့က အကျင့်ပျက်ခြစားမှုကို ထည့်မတွက်ခြင်းလည်း ဖြစ်နိုင်သည်။ အမတ်လောင်း၊ သမ္မတလောင်းများသည် အကျင့်ပျက်ရာ၌ အတူတူနှင့် အနူနူဖြစ်သည်ဟု ယူဆလိုက်ခြင်း ဖြစ်နိုင်သည်။ သို့တည်းမဟုတ် မဲဆန္ဒရှင်တို့်ကိုယ်တိုင် မဲရောင်းနေသောကြောင့်လည်း ဖြစ်နိုင်သည်။
25-Sep-2018
အောင်ရဲထွေးအမှုမှာ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဟန်ထူးပါ ၆ ဦးကို အဂတိလိုက်စားမှုအလို့ငှာ တံစိုးလက်ဆောင်အဖြစ် ကျပ်သိန်း ၇၃၀ ပေးခဲ့ရတယ်လို့ ထွက်ဆိုဝန်ခံခဲ့တဲ့ ဦးမောင်မောင်လေးက ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ - ၃၃၇ အရ အစိုးရသက်သေအဖြစ် ရပ်တည်နေသလား။ သူ့ကို အမှုမှာ ပူးတွဲတရားခံတစ်ဦးအဖြစ် တရားစွဲထားပြီးဖြစ်သလား။ အာမခံပေးထားသလား။ ဒီအခြေအနေတွေကို လူသိရှင်ကြား ဘာလို့ ထုတ်ပြန်ကြေညာခြင်း မပြုသေးတာလဲ။
24-Sep-2018
၈၈ အရေးတော်ပုံနောက်ပိုင်း တပ်မတော်အပေါ် အထင်အမြင်လွဲမှားမှုများ၊ အမြင်မကြည်လင်မှုများ ရှိနေသည့်အပြင် ရခိုင်ပြဿနာကို အကြောင်းပြုကာ နိုင်ငံတကာဖိအားများ ရင်ဆိုင်နေရချိန်မျိုးတွင် ကြုံလာရသော ပြဿနာအချို့အပေါ် တပ်မတော်၏ တုံ့ပြန်ပုံသည် အပေါင်းလက္ခဏာ ဆောင်သောရလဒ်များ ဖြစ်ပေါ်လာစေရေးကိုသာ ရှေးရှုသင့်ကြောင်း
24-Sep-2018
ပြည်သူတွေဘက်က လုပ်ပေးနိုင်တာကတော့ တစ်ခုပဲရှိသည်။ ချွေတာရေး ...။ အစားလျှော့၊ အဝတ်လျှော့၊ အသုံးအဖြုန်းလျှော့။ ဒီတစ်ခုပဲ ရှိသည်။
24-Sep-2018
မြန်မာလူ့အဖွဲ့အစည်းသည် စင်စစ်အားဖြင့် အနှစ်ခြောက်ဆယ်နီးပါး အိမ်တွင်းအောင်း၊ အုံ့ပုန်း လူသားတစ်ဦး၊ တစ်ဖက်ပိတ်ဆည်အတွင်း လှောင်ထားသော ရေနှင့် အလားသဏ္ဌာန်တူသည်။ မြန်မာလူ့အဖွဲ့အစည်းအတွင်းရှိ အဝန်းအဝိုင်း၊ အသိုက်အမြုံ၊ အင်အားစုများ အသီးသီးသည်လည်း ထို့အတူပင်။
22-Sep-2018
တိုင်းပြည်ဆူပူ၊ မငြိမ်သက်၊ ဥပဒေမစိုးမိုးမှ ငါတို့ လုပ်ချင်တာ လုပ်လို့ရမယ်လို့ တွက်ပြီး အကွက်ချောင်း၊ အမှားရှာ၊ ခြေထိုး၊ ချောက်ချ လုပ်ကြံမယ့်သူတွေကတစ်မှောင့်။ တိုင်းပြည်ကို စီမံခန့်ခွဲအုပ်ချုပ်သူတွေရဲ့ လူမှန်၊ နေရာမှန် မဖြစ်ဘဲ ညံ့ဖျင်းတဲ့ အရည်အချင်းကလည်း တစ်ပြဿနာ။
22-Sep-2018
သမိုင်းဆိုတာ အရေးပါတာမှန်ပေမယ့် သမိုင်းနောက်ခံတွေ သိဖို့လိုတာမှန်ပေမယ့် လေ့လာတဲ့စာအုပ်တွေက တစ်ချိန်က ပိတ်ထားခဲ့ပြီး ပြန်ထွက်တဲ့ အနှီခေတ် စစ်ပြီးခေတ်ကအကြောင်းတွေကို နိုင်ငံရေးဆိုပြီး ဖတ်ကြမှတ်ကြ လေ့လာကြရင်း လက်ရှိကမ္ဘာကြီးဟာ စစ်ပြီးခေတ်လိုပဲ ရှိနေဦးမယ်ထင်နေတာမျိုးကို စိတ်ပူမိတယ်။ စာဖတ်တာ ကောင်းပေမယ့် ရှေးဟောင်းကိုပဲ ပြန်သွားတဲ့စာတွေထဲနစ်ပြီး ခေတ်နောက်ပြန်ဆွဲတွေကိုပဲ ပေတံမီတာမျိုးတွေ မဖြစ်စေချင်မိဘူး။
22-Sep-2018
ဥပဒေများတွင် ပါဝင်သည့်ပြဋ္ဌာန်းချက်များတွင် လိုရာဆွဲပုံဖော်၍ ရနိုင်သည့်မျှော့ကွင်းလို မဖြစ်ရန်လည်း အရေးကြီးသည်။ လိုသည့်အခါတွင် တင်းပြီး မလိုသည့်အခါတွင် လျှော့၍ ရနိုင်မည့်ခြွင်းချက် ထည့်သွင်းထားသည့် ဥပဒေမျိုး မဖြစ်စေရပေ။ စည်းနှောင်အား (Binding Force) အလွန်ကောင်းရမည်။ ဥပဒေတွင်ပါဝင်သည့် စကားလုံးတိုင်းအတွက် အဓိပ္ပာယ်ဖွင့်ဆိုချက်များသည် တိကျမှုရှိရမည်။ သေချာရမည်။ အဓိပ္ပာယ်နှစ်ခွ မဖြစ်စေရပေ။
20-Sep-2018
ဒေသတွင်း နိုင်ငံများအဆင့်မှာ မြန်မာနိုင်ငံရဲ့ အဆင့်ကတော့ (၁၄/၁၅) ဖြစ်နေပါတယ်။ လက်တွေ့ အခြေအနေမှာလည်း ပြည်သူများဟာ တရားစီရင်ရေးအပေါ် ယုံကြည်မှုလျော့နည်းနေဆဲပဲ ဖြစ်ပါတယ်။ ဥပဒေရဲ့ အကာအကွယ် ရရှိစေဖို့ဆိုရင် ယနေ့ ပြည်သူတစ်ယောက်အတွက် မျှော်မှန်းဖို့ခက်ခဲနေဆဲပဲ ရှိပါသေးတယ်။
20-Sep-2018
စီးပွားရေးကျခြင်း၊ တက်ခြင်းဟူသော အမြင်နှစ်မျိုးကွဲပြားနေခြင်းနှင့်ပတ်သက်၍ နိုင်ငံရေးအခြေပြု ဆန်းစစ်သုံးသပ်သူအချို့က အမြင်နှစ်မျိုးဖြင့် ရှုမြင်မှတ်ချက်ပေးကြသည်။ ပထမတစ်မျိုးမှာ အစိုးရကို ထောက်ခံသောအမြင်ဖြစ်ပြီး နောက်တစ်မျိုးမှာ အစိုးရကို ဆန့်ကျင်သောအမြင်ဟု ယေဘုယျပြောနိုင်သည်။
20-Sep-2018
ကောင်းတဲ့တရားဖွင့်တာပဲကွာဆိုပြီးတော့ ည ၁၁ နာရီ၊ ၁၂ နာရီ သူများအိပ်မောကျနေမယ့် အချိန်၊ မနက် ၄ နာရီခွဲလောက်ကြီး သူများတွေ အိပ်ရာမထသေးတဲ့အချိန်မျိုးမှာ အသံချဲ့စက်ကြီးနဲ့ အသံကုန်တင်ပြီး ဖွင့်တာမျိုးကျတော့ တစ်ဖက်လူတွေအတွက် ကောင်းကျိုးရှိမလား၊ ဆိုးကျိုးရှိမလားဆိုတာ စဉ်းတော့စဉ်းစားစရာပါ။
20-Sep-2018
ရခိုင်ပြဿနာအပေါ်မူတည်ကာ နိုင်ငံတကာဖိအားများ အရှိန်တိုးမြှင့်လာကာ ICC ခေါ် နိုင်ငံတကာ ရာဇဝတ်ခုံရုံးအထိပါ စွဲချက်တင် စီရင်ရန် ပြင်ဆင်လာခြင်းကြောင့် ဖြစ်ပေါ်နေသောဒေါသကို မဆီမလျော် ထွက်ပေါက်ပေးသည့်ပုံစံမျိုး ဖြစ်နေပါမူ မဖြစ်မနေ စည်းရုံး၊ ဆွဲဆောင်၊ ရယူ၊ ပူးပေါင်းဆောင်ရွက်ရမည့် ပြည်တွင်းအားကိုပါ ဆုံးရှုံးသွားနိုင်သည်ကို သတိချပ်သင့်ကြောင်
19-Sep-2018
ဥပဒေတွေပါပြစ်ဒဏ်တွေ နည်းနေတယ်ဆိုရင်လည်း ခေတ်စနစ်နဲ့ညီတဲ့ပြစ်ဒဏ်တွေ ချမှတ်နိုင်ဖို့ ဥပဒေတွေကိုပြင်မယ်၊ ဒုစရိုက်မှုကျူးလွန်သူ ကြီးကြီးငယ်ငယ် မည်သူကိုမဆို အစိမ်းအကျက်မရွေး မျက်မှာမလိုက်ဘဲ တရားစီရင်မယ်၊ ချမှတ်တဲ့ပြစ်ဒဏ်ကိုလည်း လျှော့ရက်တို့၊ လွတ်ငြိမ်းခွင့်တို့ကို မပေးဘူးဆိုရင် ဥပဒေကိုကြောက်ကြပြီး ကျူးလွန်ကြလိမ့်မယ်မထင်ပါဘူး။ ဒါဆိုရင် နိုင်ငံသားတွေ၊ မြို့သူမြို့သားတွေအနေနဲ့လည်း ဥပဒေရဲ့အကာအကွယ်ကိုရပြီး နိုင်ငံကလည်း အေးချမ်းသာယာနေမှာအမှန်ပါပဲ။
19-Sep-2018
Industry 4.0 က လူသားတွေ၏ လူနေမှုဘဝကို ဘယ်လိုပြောင်းလဲပြီး ဘယ်လိုရိုက်ခတ်နိုင်သည်ကို ကြိုတင်လေ့လာသုံးသပ်ထားဖို့ လိုသည်။ နိုင်ငံက နောက်ကျနေသည်ဖြစ်စေ၊ ရှေ့ရောက်နေသည်ဖြစ်စေ ရောက်လာနေပြီဖြစ်သည့် စတုတ္ထစက်မှုတော်လှန်ရေးကိုတော့ မျက်ခြည်မပြတ်ဖို့ လိုအပ်နေကြောင်းပါ..