21-Dec-2020
လက်ရှိနိုင်ငံတော်မှာကျင့် သုံးနေတဲ့ ဒီမိုကရေစီစနစ်အရ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေဆိုတာ နိုင်ငံတစ်ခုရဲ့ အခြေခံအကျဆုံးလူ့အဖွဲ့အစည်းတွေ နေထိုင်ကြတဲ့ပြည်သူ တွေနဲ့ နိစ္စဓူဝ ဆက်ဆံထိတွေ့နေရသူဖြစ်ပြီး မူးယစ်ဆေးဝါးမှု၊ လောင်း ကစားမှု၊ သက်ငယ်မုဒိမ်းမှု၊ ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်မှု၊ ပြန်လည် ကုစားမှု၊ ရပ်ကွက်အတွင်း တရားဥပဒေစိုးမိုးမှု၊ တရားမဝင်သူ ရာဇဝတ် သားတွေမခိုအောင်းနိုင်မှု၊ တရားမဝင်ပစ္စည်းတွေ မသိုလှောင်နိုင်မှု ဆိုတာ ဒီရပ်ကျေးအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနဲ့ ဆယ်အိမ်မှူးတွေကသာ အဓိက ကျပါတယ်။ ဒီအတွက် သူ့ကိုရွေးချယ်ဖို့ဆိုရင်လည်း ဒီမိုကရေစီနည်းကျ ဖြစ်ဖို့လိုသလို အုပ်ချုပ်ရေးမှူးတစ်ဦးတည်းကိုသာ တာဝန်နဲ့ လုပ်ပိုင်ခွင့် တွေ ပုံအောပေးမယ့်အစား ၄-၅ ဦးပါဝင်တဲ့အုပ်ချုပ်ရေးကော်မတီကို အပ်နှင်းရင် အုပ်ချုပ်ရေးအဖွဲ့အင်အား ကောင်းလာစေမှာဖြစ်ပါတယ်။ နောက် သူတို့ကို ရွေးချယ်နည်းစနစ်ကလည်း အခုလက်ရှိစနစ်က ၁၈ နှစ် ပြည့်ပြီးသူတိုင်း ပါဝင်ရွေးချယ်ခွင့်မရဘဲ အိမ်တစ်အိမ်မှာ ၁၈ နှစ်ပြည့်ပြီးသူ ၅ ဦးထဲကမှ တစ်ဦးတည်းရဲ့ဆန္ဒအဖြစ် ညှိနှိုင်းရွေးချယ်ပြီး တစ်ဦးတည်း ကသာ ပါဝင်ရွေးချယ်ခွင့်ရနေတာလည်း မဖြစ်သင့်ဘူးလို့ ဝေဖန် ထောက်ပြ နေကြခြင်းသာဖြစ်ပါတယ်။