03-Jan-2021
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက်နေ့က NLD က ဒေါက်တာအောင်မိုးညို နဲ့ကိုယ်စားလှယ်အဖွဲ့ဟာ ကချင်ပြည်နယ်ထဲက ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသားပါတီတွေဖြစ်တဲ့ ကချင်ပြည်နယ်ပြည်သူ့ပါတီ၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)၊ ဒီမိုကရေစီပါတီသစ် (ကချင်) ပါတီတွေနဲ့ သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ ဒီလို တွေ့ဆုံတဲ့အခါ ကချင်ပြည်သူ့ပါတီဥက္ကဋ္ဌ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်အဖြစ်အနိုင်ရခဲ့သူ ဒေါက်တာမနာမ်တူးဂျာက ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်အရေးကို အဓိကထားဆွေးနွေးခဲ့ပြီး တိုင်းရင်းသားတွေ လိုချင်တဲ့ တန်းတူအခွင့် အရေးနဲ့ ဖက်ဒရယ်အရေးကို NLD အစိုးရက ဖော်ဆောင် နိုင်ရင်တော့ ပြည်တွင်းငြိမ်းချမ်းရေး သေချာပေါက်အောင်မြင်မယ် လို့လည်း သူက ဆိုခဲ့သလို လီဆူတိုင်းရင်းသားဖွံ့ဖြိုးတိုးတက်ရေးပါတီရဲ့ ဥက္ကဋ္ဌ၊ လက်ရှိ လီဆူရေးရာဝန်ကြီးလောင်း ဦးရွှေမင်းကလည်း 'တိုင်းရင်းသားတွေ အဓိက လိုချင်တဲ့ တန်းတူအခွင့်အရေးရမယ်ဆိုရင် တစ်ဦးနှင့်တစ်ဦး တစ်ဖွဲ့နှင့် တစ်ဖွဲ့ ရန်သူသဖွယ်တိုက်ခိုက်နေစရာမလိုတော့ဘူးပေါ့၊ ဒါ့အပြင် အဲ့ဒီလို တန်းတူအခွင့်အရေးတွေ ရကြမယ်ဆိုရင် တိုင်းရင်းသားအားလုံးလိုချင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို သွားဖို့ လွယ်ကူမယ်'လို့ ဆိုခဲ့ကြတာ တွေ့ရပါ တယ်။ ဒီကိုယ်စားလှယ်အဖွဲ့ဟာ ဒုတိယတွေ့ဆုံမှုခရီးစဉ်အနေနဲ့ မွန်ပြည် နယ်တိုင်းရင်းသားပါတီတွေက အနိုင်ရကိုယ်စားလှယ်တွေနဲ့လည်း ဆက်လက်တွေ့ဆုံဖို့ရှိတယ်လို့ ဆိုပါ တယ်။