News

22-Dec-2016
များစွာ မဆီမလျော် ရှိလှသည့် စီမံကိန်းမျိုးကို ဥပဒေပြု လွှတ်တော်၏ တရားဝင် ခွင့်ပြုချက် မရှိဘဲ လွှတ်တော်များ တရားဝင် ရပ်နားသွားသည့်အချိန်၊ လက်ရှိ အစိုးရသက်တမ်း မကုန်မီ ရက်ပိုင်း အလိုတွင်မှ အလျင်အမြန် စာချုပ်ချုပ် လောဆော်ခဲ့ပြီး လက်ရှိအစိုးရ လက်ထက်တွင် အကောင်အထည် ဖော်ရန် ပြင်ဆင်လာခြင်းမှာ ရိုးသားပါ၏လော
22-Dec-2016
“...တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ တောင်ကိုရီးယား နိုင်ငံတို့၏ စီးပွားရေးဆိုင်ရာ မဟာဗျူဟာ စီမံချက် ချမှတ်မှုတို့ကို အတုယူကြပြီး ယနေ့ အချိန်တွင် ဖြစ်ပေါ်နေသည့် နိုင်ငံ့စီးပွားရေး ကျဆင်းမှုကို တိုးတက်အောင် နည်းလမ်း ရှာကြံကြရမည်ဖြစ်သည်။”
22-Dec-2016
အခြေခံပညာနှင့် တက္ကသိုလ်ကျောင်းများတွင် ကျောင်းသားများကို အင်္ဂလိပ်စာ အခြေခံကောင်းများ ချပေးလိုက်ရန် လိုပါသည်။ လုပ်ငန်းခွင်ရောက်မှ အစကနေ ပြန်လေ့လာနေရသည်ဆိုခြင်းမှာ အလွန်လွဲနေပါသည်။
21-Dec-2016
ဒီမိုကရေစီ သက်တမ်း ရင့်နေသော လွှတ်တော်များဖြစ်ခြင်းကြောင့် ကွာခြားချက် ကြီးမားနေခြင်းဟု စောဒက တက်နိုင်သော်ငြား အဓိကနှင့် သာမည ခွဲခြားနိုင်မှု၊ အလုပ်တာဝန် ခွဲဝေ လုပ်ကိုင်မှု၊ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်မှုကဲ့သို့ အကျိုးရလဒ်များ ရရှိနေသောကြောင့် နောက်ကျနေသော လွှတ်တော်များလည်း လိုက်နာ အတုယူနိုင်လျှင် နိုင်ငံတော်နှင့် ပြည်သူများအတွက် အကျိုးရှိနိုင်ကြောင်း သိစေလိုရင်း
21-Dec-2016
ပြည်သူ့ကိုယ်စားလှယ်ဖြစ်သော လွှတ်တော်ကိုယ်စားလှယ်ကြီးများ အနေနှင့် မသိမဖြစ်သိရှိနားလည်ထားကြရမည်ကား ရုံးလုပ်ငန်းဆိုင်ရာ အထွေထွေဗဟုသုတပင် ဖြစ်ပါသည်။
21-Dec-2016
ပြည်သူများထံမှကောက်ခံသည့် အခွန်များဖြင့်သာ ရပ်တည်နေကြသည့် အစိုးရများ ကမ္ဘာ့နိုင်ငံများတွင် ရှိနေသည်။ အမှန်တကယ်သာ အသေအချာကောက်ခံလျှင် ရငွေများ အဆမတန် တက်လာမည်။
20-Dec-2016
စနစ်တကျ ပြင်ဆင်ထားသော အချိန်မဆိုင်း၊ ပွင့်လင်းမြင်သာ သတင်း ထုတ်ပြန်မှုများ၊ ပဋိပက္ခ ဖြစ်ပွားရာ ဒေသခံများအပေါ် မျှတစွာ ကူညီ ထောက်ပံ့မှု ဖြစ်စေမည့် ကြီးကြပ်မှုများ၊ နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ဒေသတွင်း နိုင်ငံများ၊ ဒေသတွင်း အဖွဲ့အစည်းများ ကျေနပ်စွာ လက်ခံလာစေမည့် သံတမန် ပညာရပ်တိ့ုဖြင့် ပါးနပ်လိမ္မာစွာ ချဉ်းကပ်တုံ့ပြန် ဖြေရှင်းခြင်းဖြင့် ပြေလည်ငြိမ်းချမ်းမှု၊ နားလည်လက်ခံမှု ရရှိနိုင်စေကြောင်း
20-Dec-2016
တကယ်လက်တွေ့ အားသွန်ခွန်စိုက် လုပ်နေပါလျက်နှင့်မှ သက်ငယ်မုဒိမ်းမှုတွေ လျော့ကျမသွားသေးသည်ဆိုလျှင် မိမိတို့ လုပ်နေသောလမ်းစဉ် လွဲနေပြီဖြစ်ကြောင်း သဘောပေါက်ရပါမည်။ သို့ဆိုလျှင် ဘယ်နေရာ လွဲနေသလဲ အလျင်အမြန် ရှာဖွေ ဖော်ထုတ်ကာ ပြင်ဆင်အရေးယူရပါမည်
20-Dec-2016
ယခုရက်ပိုင်းအတွင်း ကြားခဲ့ကြ၊ မြင်ခဲ့ကြ၊ သိခဲ့ကြရသည့် သတင်းတစ်ခုကြောင့် ပြည်သူများအကြား အတော်ပင် စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်စေခဲ့သည်။ ထိုသတင်းမှာ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့အထွက် ဥသျှစ်ပင်ရွာ အနီး ကားတစ်စီးပေါ်၌ ပီပါ ၁ လုံးလျှင် စိတ်ကြွရူးသွပ်ဆေး အပြားရေ ၁ သန်းစီ ထည့်ထားသည့် ပီပါ ၁၄ လုံးတွင် WY စာတန်းပါ လိမ္မော် ရောင်ဆေးပြား ၁၄ သန်းနှင့် အထုပ်များဖြင့် သီးခြား ခွဲထည့်ထားသည့် ဆေးပြား ၉ သိန်း ၅ သောင်း ၄ ထောင်၊ စုစုပေါင်း စိတ်ကြွဆေးပြားပေါင်း ၁၅ သန်းနီးပါးကို ဖမ်းဆီးရမိခဲ့မှုနှင့် ဒီဇင်ဘာလ ၁၁ ရက် နံနက် ၁ နာရီ ခန့်တွင် မင်္ဂလာဒုံမြို့နယ် ပတ္တမြားမြို့သစ်ရှိ နေအိမ်တစ်လုံး၌ ကျပ်သန်း ရှစ်သောင်းခြောက်ထောင်ကျော်ရှိ စိတ်ကြွဆေးပြား၂၄သိန်းကျော်ကို ဖမ်းဆီးရမိခဲ့မှု သတင်းများပင် ဖြစ်သည်
19-Dec-2016
အချို့ကိစ္စရပ်များသည် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း တစ်ရပ်ကို ထောက်ခံကြောင်း၊ ချစ်ခင်၊ လေးစားကြောင်း၊ ယုံကြည်ကိုးစားကြောင်း ပြသခြင်း သို့မဟုတ် လော်ဘီလုပ်ခြင်းသည် ကာယကံရှင် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၏ ဂုဏ်သိက္ခာ၊ အဆင့်အတန်းအပြင် ဆန္ဒပြသူ၊ လော်ဘီလုပ်သူတို့ ကိုယ်စားပြုသည့် အသိုက်အမြုံ၊ အဝန်းအဝိုင်းတို့၏ ကြီးမြတ်သော ဂုဏ်အင်ကိုပါ သွယ်ဝိုက်၍ သိက္ခာချ၊ တန်ဖိုးချသကဲ့သို့ ဖြစ်သွားတတ်ခြင်းကို သတိပြုမိစေလိုရင်း
19-Dec-2016
စာအုပ်၏ အသွင်အပြင် ညံ့ဖျင်းတာကို အတင်းဖျစ်ညှစ် ခွင့်လွှတ်လို့ ရသေးသည်။ သို့သော် စာများမှားခြင်းကိုမူ မည်သည့်နည်းနှင့်မှ ခွင့်လွှတ်နိုင်စရာ အကြောင်း မရှိပါ။ စာဟူသည် စာတစ်အုပ်၏ အသက်ဖြစ်၏။ ဆရာကြီး ပီမိုးနင်း ဆိုလျှင် သူ့စာမူကြမ်းကို စာပြင်ဆရာက တစ်လုံးကလေးမျှ ပြင်မိရုံနှင့် အလွန်ဒေါသပုံထကာ စာတစ်ပုဒ်လုံး ပစ်ရရောဟု ပြောခဲ့ကြောင်း ဖတ်ဖူးပါသည်။ ယခု အဝေးသင်စာအုပ်များ မှားပုံကို ဆရာကြီးသာ ဖတ်ရလျှင် အဘယ်ကဲ့သို့ ပြောလေမည်မသိ။
19-Dec-2016
ကျွန်တော်တို့နိုင်ငံတွင် လက်ရှိအစိုးရနှင့် လွှတ်တော်တို့တွင် တာဝန် ထမ်းဆောင်နေသောပုဂ္ဂိုလ်များကို အရေးယူ အပြစ်ပေးသည့်အခါ သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေပြဋ္ဌာန်းထားချက်များအတိုင်း တာဝန်ရှိပုဂ္ဂိုလ်အဖွဲ့အစည်းတို့မှ အရေးယူခြင်းမပြုလုပ်ဘဲ ပါတီက အရာရာကို ဦးဆောင်သည်ဆိုသည့်မူဖြင့် နေရာတကာ ပါဝင်နေသည်ကို စိတ်မသက်မသာ တွေ့မြင်နေရခြင်း ဖြစ်ပေသည်။