News

10-Aug-2016
အနိမ့်ဆုံးအဆင့်အားဖြင့် ယခင်အစိုးရလက်ထက်က အများဆန္ဒဖြင့် ရွေးချယ်ဖွဲ့စည်းရန် စတင်ခွင့်ပြုခဲ့သော်လည်း လက်သင့်ရာ၊ နီးစပ်ရာလူများကို အမိန့်အာဏာဖြင့် ခန့်ထားခဲ့သည့် မြို့နယ်ဖွံ့ဖြိုးရေး အထောက်အကူပြုအဖွဲ့များ၊ ယခင် မြို့မိ၊ မြို့ဖအဖွဲ့ခေါ် စည်ပင်သာယာဖွံ့ဖြိုးရေး အဖွဲ့များကို ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ အများဆန္ဒနှင့်အညီ ဒီမိုကရေစီနည်းကျ ရွေးချယ် တင်မြှောက်ခြင်းကို အားပေးကူညီပါ၏လော၊ အာဏာဖြင့် ဝင်ရောက်စွက်ဖက် နေဆဲပေလောဟု မေးလျှင် မဆိုင်းမတွ...
10-Aug-2016
“တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်မှုကို ထိန်းသိမ်းထားနိုင်ခြင်း သည်ပင် အကူးအပြောင်းကာလ၏ အောင်မြင်မှုနှင့် တည်ငြိမ်မှုတို့အတွက် အရေးအကြီးဆုံးသော့ချက်ဟု ဆိုရပါလိမ့်မည်။ ပို၍ကျယ်ကျယ်ပြန့်ပြန့်ဆိုရလျှင် တပ်မတော်ကိုယ်တိုင်က ၎င်းလိုက်လျော ပေးခဲ့သော အလျှော့ပေးမှုများမှ ၎င်းအတွက် အကျိုးတစ်စုံတစ်ရာ ရှိသည်ဟု ထင်မြင်ယူဆထားခြင်း ဖြစ်ပါသည်။”
08-Aug-2016
ယနေ့အချိန်အထိ ခက်ခဲနက်နဲသော နည်းပညာ မပါသည့် အသင့်စား ဆန်ပြုတ်နှင့် ပဲစည်သွတ်ဘူးကဲ့သို့ စားသောက်ကုန်များကိုပင် အိမ်နီးချင်း ထိုင်းနိုင်ငံမှ အမြောက်အမြား တင်သွင်းနေရသေးသော မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး အခြေပြု စက်မှုလုပ်ငန်း နယ်ပယ်ကို အစိုးရအနေနှင့် အထူးဦးစားပေး စဉ်းစားကာ ယင်းနယ်ပယ်ကို ရင်းနှီးမြှုပ်နှံ ထုတ်လုပ်လိုသည့် ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်များကို ဆွဲဆောင်စည်းရုံးခြင်း၊ ဆန်စက်များ၏ အရည်အချင်း မြှင့်တင်ထားခြင်း၊ ပြည်တွင်းမျိုးရင်းများကို ပို၍အထွက်နှုန်းကောင်းစေမည့် မျိုးစပ်၊ မျိုးပွား နည်းပညာများ သုတေသန ပြုထားခြင်း၊ တောင်သူလယ်သမားများ
08-Aug-2016
ရှစ်လေးလုံး အရေးတော်ပုံကြီးတွင် နှစ်ဖက်စလုံးမှ ပါဝင်ပတ်သက်ခဲ့ကြသည့် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၊ အင်အားစုများ အနေနှင့် အမှားပေါ် အမှားဆင့်ကာ အမှားသံသရာ လည်နေသော အမှားသင်ခန်းစာများကို ရှောင်ကြဉ်နိုင်ကြကာ နိုင်ငံကြီးသား ပီသသော၊ ရင်ကြားစေ့ သင့်မြတ်သော၊ စည်းလုံးညီညွတ်သော၊ ငြိမ်းချမ်းသော ဒီမိုကရေစီလူ့ဘောင်ကို အတူတကွ
08-Aug-2016
ဒါပေမဲ့ လတ်တလော မြင်နေရတဲ့ နိုင်ငံရေး အခင်းအကျင်းတွေ အရတော့ သိပ်မလွယ်သေးပါ။ စစ်အာဏာရှင် လက်ကျန်အတွေးအခေါ် ရှိနေသူတွေကို ဒီမိုကရေစီ အတွေးအခေါ် ဝင်လာအောင် စည်းရုံးရမယ့်အစား အာဏာရ ဒီမိုကရေစီခေါင်းဆောင်ပိုင်း တချို့မှာ အာဏာရှင် အတွေးအခေါ် ကူးစက်လာတာမျိုးတောင် မြင်နေရပါတယ်။ Institutional အဖွဲ့အစည်း သဘောအပြောင်းအလဲ မဟုတ်ဘဲ လူပုဂ္ဂိုလ်ပေါ် အခြေခံတဲ့ အပြောင်းအလဲမျိုးကိုသာ တွေ့လာနေရပါတယ်
06-Aug-2016
အပြစ်တင်ခြင်း၊ ဝေဖန်ခြင်းဆိုတဲ့ လောကဓံကို ဘယ်လို တုံ့ပြန်ဖြေရှင်းသလဲဆိုတာ တစ်ဦးချင်း၊ တစ်ယောက်ချင်းနဲ့ အစိုးရအဖွဲ့ရဲ့ အရည်အချင်းကို ပြတာပဲ။
06-Aug-2016
ကိုယ့်ကိုယ်ကိုယ်တွင် ရင်းနှီး မြှုပ်နှံခြင်းသည် အကောင်းဆုံး ရင်းနှီးမြှုပ်နှံခြင်း ဖြစ်သည်။ တံခါးဖွင့်လိုက်သဖြင့် ဧရာမ အင်အားစုများ မြန်မာနိုင်ငံတွင်း ဝေါခနဲ စီးဝင်လာတော့မည်ဖြစ်ရာ ရင်ဆိုင် စီးမျောနိုင်ရန် ကိုယ်ခံအား တောင့်ဖို့ လိုသည်။
06-Aug-2016
နံနက်က ဖမ်းသော်လည်း ညနေတွင် ပြန်လည် ရောင်းချနေပါသည်။ စည်ပင်တာဝန်ရှိသူများက ဖမ်းဆီးသည့် ကျူးကျော် ဈေးသည်များဟု မထင်လိုက်ပါနှင့်။
06-Aug-2016
အထင်အရှား ရှိနေသော သဘောထား ကွဲလွဲမှုများကို ညှိနှိုင်း အဖြေ ရှာနိုင်ပါမည်လော ...။ ပြောရလျှင် ဒါလည်း "မသေချာ"ပါ။ မသေချာ မရေရာမှုများကို သေချာ ရေရာအောင် ဖန်တီးကြိုးပမ်း ရခြင်းသည်ပင် နိုင်ငံရေး မဟုတ်ပါသလော ...။
05-Aug-2016
အင်္ဂလိပ်လို ပေါ်လစီ (Policy)ဟုခေါ်ပြီး မြန်မာလိုမူ မူဝါဒ ဟု သုံးနှုန်းကြသည့်အတွက် စီးပွားရေး မူဝါဒဟုဆိုလျှင် စီးပွားရေး နယ်ပယ်တွင် လက်တွေ့ ကိုင်စွဲ ကျင့်သုံးမည့် မူဝါဒများ သို့မဟုတ် အကောင်အထည် ဖော်မည့် လုပ်ငန်းစဉ်များဟု ဆိုရမည်
05-Aug-2016
အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းမှု တည်ဆောက်ရေး၊ နိုင်ငံတည်ဆောက်ရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းများ အတူတကွ ပူးပေါင်းဆောင်ရွက်ရန် အပူတပြင်း လိုအပ်နေသော အချိန်တွင် မိမိတို့ အချင်းချင်းအကြား အိုးမဲသုတ် ခွပ်ခိုင်းနေသော အတွင်း၊ အပြင် ပယောဂများကို သတိကြီးကြီးထား၍ ရှောင်ရှားကြစေလိုကြောင်း
05-Aug-2016
ထိုစနစ်ကို ကြိုးနီစနစ်ဟု မဆိုလျှင် ဘယ်စနစ်ကို ကြိုးနီစနစ်ဟု ခေါ်ရမည် မသိပါ။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်ရမည့် ရုံးကြီးမှာ ထိုရင်းနှီး မြှုပ်နှံမှုများကို တားဆီးပိတ်ပင်သည့် ဂိတ်ကြီးသဖွယ် ပြုမူနေသည်ဟု ခံစားမိပါသည်။
05-Aug-2016
မြန်မာ့ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ဥပဒေနှင့်အညီ ကြိုတင်ကြီးကြပ်မှု အားနည်းချက်၊ ပုဂ္ဂလိက ဖုန်းအော်ပရေတာများ၏ ပေါ့ဆမှုတို့ကြောင့် မိမိတို့လုပ်ငန်း၊ ပတ်ဝန်းကျင်တွင် သက်ဆိုင်ရာ ဖုန်းနံပါတ် အသီးသီးဖြင့် အထိုင်ကျနေသော ဝယ်ယူသုံးစွဲသည့် ပြည်သူလူထုအား ကသိကအောက် ဖြစ်စေခြင်း၊ အဆင်မပြေဖြစ်ခြင်း၊ စိတ်အနှောင့်အယှက် ဖြစ်ခြင်းကို တာဝန်ရှိသူ အစိုးရဌာနနှင့် ဖုန်းကုမ္ပဏီများက ဗွေဆော်ဦး တောင်းပန်ကာ မှတ်ပုံတင်ကိစ္စ ချောမွေ့အဆင်ပြေစေရန်