News

05-May-2018
မြန်မာပေါကားကို ကမ္ဘာကကြည့်ဖြစ်လို့ အကြိုက် တွေ့သွားရင် ထောပြီလေ။ အဲ့တော့ မြန်မာပြည်အနေနဲ့ အဆင့်မြင့်ကားတွေ၊ ရှယ်ကားတွေ ထုတ်လုပ်နေတာ ပင်ပန်းတယ်။ ပေါကားသာ ဆက်ရိုက်။ အဲ့ပေါကားကို မားကက်တင်း ကောင်းကောင်းနဲ့ဖြန့်။ ကမ္ဘာပေါ်က ငပေါတွေကြားမှာပေါက်မယ်။
05-May-2018
တကယ်တော့ မြန်မာပြည်မှာ သူတို့လိုပဲ ဘဝတွေ၊ အသက်တွေ၊ ရောဂါမျိုးစုံတွေနဲ့ရင်းပြီး မဖြစ်စလောက် လုပ်ခ၊ လစာ၊ ခံစားခွင့်၊ အထောက်အပံ့လေးနဲ့၊ လူစဉ်မမီ၊ ခေတ်နောက်ကျနေတဲ့ အိုနာကျိုးကန်း လုပ်ငန်းခွင်သုံး ပစ္စည်းကိရိယာလေးတွေနဲ့ အလုပ်လုပ်နေကြရတဲ့ အမေ့လျော့ခံ သူရဲကောင်းတွေ အများကြီးရှိနေတယ်။
05-May-2018
ဒေသခံပြည်သူတွေကလည်း မိမိတို့ထံက နေ့စဉ်ထွက်ရှိတဲ့ အမှိုက်တွေကိုလည်း မိမိတို့ကိုယ်တိုင်က အမျိုးအစားခွဲပြီး စနစ်တကျ စီမံခန့်ခွဲလို့ အိတ်တွေနဲ့ ခွဲထားပေးတာ၊ စည်ပင်သာယာရေးကလည်း စည်ပင်သာယာရေး ဥပဒေထဲမှာပါတဲ့ ပြဋ္ဌာန်းချက်တွေနဲ့အညီ ပြည်သူကိုနှိုးဆော်တာ၊ မိမိတို့ကိုယ်တိုင်ကလည်း ပြဋ္ဌာန်းချက်တွေကို လိုက်နာတာတွေ အလေးထား ဆောင်ရွက်ကြရမယ့်အချိန် ရောက်နေပါပြီ။
05-May-2018
မြန်မာနိုင်ငံကို အီသီယိုးပီးယား (အာဖရိက) နဲ့ နှိုင်းယှဉ်ခြင်း၊ အီဂျစ်နိုင်ငံ (အာဖရိက) ဒီမိုကရေစီနဲ့ နှိုင်းယှဉ်ခြင်း လုပ်နေခြင်းက သိပ်အဓိပ္ပာယ် မရှိပါ။ မြန်မာနဲ့ ယဉ်ကျေးမှု၊ စရိုက်၊ ရာသီဒေသ အလွန် ခြားနားပါတယ်။ ဂျပန်၊ အမေရိကန်၊ ဂျာမနီ၊ ချက်ကိုစလိုဗက် စတဲ့နိုင်ငံများလည်း မဟုတ်ပါ။ တကယ်နှိုင်းယှဉ်ရမယ့် နိုင်ငံတွေကတော့ အနီးဆုံးဖြစ်တဲ့ ဗီယက်နမ်၊ စင်ကာပူ၊ တရုတ်၊ တောင်ကိုရီးယား၊ အင်ဒိုနီးရှားနဲ့ အကူအညီ အများဆုံးရမယ့် နိုင်ငံကတော့ တရုတ်၊ ဂျပန်နဲ့ အာဆီယံနိုင်ငံများပဲဖြစ်ပါတယ်။
04-May-2018
“ဖေ့စ်ဘွတ်ခ်မှာ တစ်ခုခုရေးတင်တိုင်း ကျွန်တော် အသည်းကွဲနေတယ်လို့ မထင်ပါနဲ့။ အသည်းမကွဲပါဘူး။ ပျော်လည်း ပျော်တတ်ပါတယ်”
03-May-2018
မညသှို့ပငဖှှဈစေ စဈသညအှငအှား၊ စဈလကနှကအှငအှား မှားစှာ တောင့တှငှးကာ နှူကလီးယား လကနှကပှိုငဆှိုငထှားသညဟှုပငှ ယူဆစရာ ရှိသည့ှ ကမဘှာ့ဆိုးသှမှးလူမိုကစှာရငှးဝငှ ကငဂှှုံအနှးကို ပမာပှုကာ နှဈပေါငှး ခုနဈဆယခှန့ှ ကှာလာခဲ့သည့ှ ပှညတှှငှးစဈကိုလညှး တိုုကပှှဲဆငနှှှဲနကှသေူ လကနှကကှိုငအှဖှဲ့အစညှး အသီးသီးအနနှငေ့လှညှး ဒသအကှေိုး၊ ဒသခေံ ပှညသှူမှား အကှိုးနှင့ှ မှနမှာနိုငငှံသူ၊ နိုငငှံသားအားလုံး အကှိုးအလို့ငှာ ပှူနာမှားကို ရိုးသားဖှောင့မှတစှှာ၊ ငှိမှးခမှှးသော နညှးလမှးဖှင့ှ ဖှရှငှေးကှပါမည့အှကှောငှး အကှံပှု တိုုကတှှနှးအပပှသညှေ။
03-May-2018
ဆီးချို သွေးချိုရောဂါနဲ့ပတ်သက်ရင် နယ်တွေမှာ တွေ့ မြင်ရတဲ့ အနေအထားအရတော့ စိုးရိမ်စရာပါ။ နေထိုင်စားသောက်မှုအနေနဲ့ အထူးပြောစရာမရှိပေမယ့် ဆေးကုသမှုအပိုင်းမှာ အတော်အားနည်းနေတာ တွေ့ရပါတယ်။ အဆင့်မီ ဆေးဝါးဝယ်ယူရရှိမှုကလည်း မရှိဘူး။ ခရိုင်မြို့ကြီးအထိ တက်ဝယ်မှ ရနိုင်တာရှိသလို အရည်အသွေးညံ့တဲ့ ဆေးဝါးတွေကိုလည်း သုံးနေကြတာ တွေ့ရတယ်။
03-May-2018
ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ၊ ကမ္ဘာ့ အဖွဲ့အစည်းကြီးတွေကလည်း အစိုးရနဲ့ တပ်မတော်ကိုခွဲထုတ်ပြီး နိုင်ငံအင်အား ချည့်နဲ့လာအောင် ဆောင်ရွက်နေတာလို့လည်း ပြောနိုင်ပါတယ်။ မြန်မာနိုင်ငံဟာ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ ဘင်္ဂါလီအရေးကိစ္စ ဖြေရှင်းရာမှာ များစွာ နောက်ကျနေတာကလည်း အဖြစ်မှန်များ ဖြေရှင်းရာမှာ အခက်အခဲများနဲ့ ကြုံတွေ့နေရသလို အင်အားကြီးနိုင်ငံများရဲ့ နိုင်ငံရေး၊ စီးပွားရေး ကစားကွက်မှာလည်း အသုံးချခံနေရပါတယ်။ ဘောလုံးကစားပွဲနဲ့နှိုင်းယှဉ်ပါက မြန်မာနိုင်ငံအနေနဲ့ အိမ်ကွင်းဖြစ်ပါလျက် ခံစစ်နဲ့ ကစားနေရသည်နှင့် တူနေပါတယ်။
02-May-2018
မည်သို့ပင် ဖြစ်စေကာမူ နိုင်ငံတကာ သံတမန်များ ဖြစ်သည့်အားလျော်စွာ ထိုကဲ့သို့ အပြုအမူမျိုးဖြင့် တုံ့ပြန်ခြင်းမှာ ၎င်းတို့တစ်ဦးချင်းစီ သာမက ၎င်းတို့ ကိုယ်စားပြုသောနိုင်ငံ အပါအဝင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အဆင့်အတန်းနှင့် ဂုဏ်သိက္ခာကိုပါ အရုပ်ဆိုးသွားစေခဲ့သည်။
02-May-2018
တွေ့ဆုံခြင်းမရှိခြင်းကြောင့် တစ်ဦးနှင့်တစ်ဦး မသိ၊ မသိခြင်းကြောင့် တစ်ဦးနှင့်တစ်ဦး ကြောက်ရွံ့မှု ရှိလာသည်။ ကြောက်ရွံ့မှုကြောင့် ယုံကြည်မှု နားလည်မှု မရ။ ယုံကြည်နားလည်မှု မရသောကြောင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ဖို့ မဖြစ်နိုင်။ ဆန့်ကျင်ဘက်အားဖြင့် တစ်ဦးနှင့်တစ်ဦး တွေ့ဆုံဆွေးနွေးခြင်းကြောင့် သိလာသည်။ ရင်းနှီးလာသည်။ ကြောက်ရွံ့မှု ကင်းလာသည်။ ယုံကြည်နားလည်မှု ရလာသည်။ ယုံကြည်မှု နားလည်မှု ရှိခြင်းကြောင့် အတူယှဉ်တွဲ နေထိုင်လာနိုင်ပြီး စစ်မှန်သော ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ကြမည်ဆိုသည့် စကားဝိုင်းပြုလုပ်ခြင်း၏ အခြေခံ သဘောတရားတို့ကို ယခုနှီးနှောဖလှယ်ပွဲက Message တစ်ခုပေးနိုင်ခဲ့သည်ဟု ဆိုရမည်။ တစ်နည်းအားဖြင့် စကားဝိုင်းအနုပညာကို ဦးတည်ဆွေးနွေးနိုင်ခဲ့ခြင်းဖြစ်သည်။
02-May-2018
ပထမဦးဆုံးအနေနဲ့ ကာကွယ်တားဆီးဖို့ဆိုရင် အကျင့်ပျက် လာဘ်စားမှုတွေ ရှိနိုင်တဲ့ နိုင်ငံ့ဘဏ္ဍာတွေကို ကိုင်တွယ်သုံးစွဲပြီး ပြည်သူလူထုနဲ့ အများဆုံး ဆက်ဆံနေရတဲ့ ဌာနတွေ၊ ပြည်သူ့ဘဏ္ဍာကို ကိုင်တွယ်သုံးစွဲတဲ့ ဌာနဆိုင်ရာတွေကို ဦးတည်ချက်ထားပြီး တာဝန်ယူတဲ့ အရာထမ်းတွေကို ပစ်မှတ်ထားရပါမယ်။ ဒီဌာနတွေရဲ့ သဘောသဘာဝ စနစ်များနဲ့ လုပ်ထုံးလုပ်နည်းတွေကို စောင့်ကြည့်ပြီး လိုအပ်ရင် ပြုပြင်ပေးရမယ်၊ ကျန်သူတွေက စောင့်ကြည့်ကြရပါမယ်။
02-May-2018
“ဘေးအန္တရာယ်ကို တုံ့ပြန်တာက တစ်ယောက်ချင်းစီရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ဆိုင်တယ်။ ဒါ့အပြင် သူ့ရဲ့ဆုံးရှုံးမှုတန်ဖိုးအပေါ် မူတည်ပြီးတော့ ပြောင်းလဲကြတယ်”