News

11-Nov-2018
“ဘဝဟူသည် တိုက်ပွဲ”ဆိုသကဲ့သို့ လူသားအားလုံး နေ့စဉ်နှင့်အမျှ ရင်ဆိုင်နေရသော စား၊ ဝတ်၊ နေရေး အပါအဝင် ဩဇာ၊ အာဏာ၊ စည်းစိမ်ဥစ္စာ၊ ထင်ပေါ်ကျော်ကြားမှုကဲ့သို့ လောကီလူ့ဘုံ၏ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ လိုအပ်ဆန္ဒများ ရယူပိုင်ဆိုင်နိုင်ရေးအတွက် တိုက်ပွဲများ ဆင်နွှဲနေရပေသည်။
11-Nov-2018
အမေရိကန်နှင့် ညှိနှိုင်းပြီး သူတို့ဆီမှ အကြမ်းဖက်သမားအကျဉ်းသားများကို လော်ရာသီဖြစ်သည့် ရှစ်လလောက် အကျဉ်းသားအငှား လက်ခံပေးထားမည်။ ထိုအတွက် နဂိုကပင် ကျပ်သိပ်နေသည့် မြန်မာ့အကျဉ်းထောင်များထဲ ထည့်ရန်လည်းမလို။ ထောင်အသစ်ဆောက်ရန်လည်း မလို။ အကျဉ်းသားနှစ် ယောက်စီတိုင်းကို မြန်မာနိုင်ငံရှိ ရပ်ကွက်အသီးသီးမှ အလှူခံမဏ္ဍပ်များတွင် ကြိုးတုပ်ပြီး ထိုင်ခိုင်းထားခြင်းဖြင့် အဆင်ပြေသည်။
11-Nov-2018
အခုနောက်ပိုင်း ပတ်ဝန်းကျင်မှာ တွေ့မြင်နေရတဲ့ အခြေအနေအားလုံးကို ခြုံကြည့်လိုက်ရင် မြန်မာတွေ အရင်ကထက်စာရင် ပိုပြီးစည်းကမ်းမဲ့လာကြသလားဆိုတဲ့ မေးခွန်းပေါ်လာတယ်။ အဲဒီလို မေးခွန်းထုတ်ရလောက်အောင်လည်း စည်းမဲ့၊ ကမ်းမဲ့ ပြုမူ၊ နေထိုင်၊ ပြောဆို၊ လုပ်ကိုင်တာတွေ နေရာတိုင်းမှာ အတွေ့ရများလာတာကိုး။
10-Nov-2018
ကိုယ်လျှောက်မယ့်လမ်းမှာ ကိုယ့်ကိုအန္တရာယ်ပြုလာနိုင်မယ်လို့ ထင်တဲ့အရာမှန်သမျှကို ရှင်းလင်းပစ်လိုက်ချင်နေတယ်။ မင်းညီမင်းသားတွေ ထီးနန်းလုကြတဲ့အခါ ဘာမှမသိနားမလည်သေးတဲ့ကလေးတွေကိုပါ သုတ်သင်ရှင်းလင်းပစ်လိုက်သလိုမျိုးပေါ့။ ဒီကလေးတွေက အခုတော့ လူလားမမြောက်သေးဘူး၊ အခုချိန်မှာတော့ လက်စားချေတာတွေ ဘာတွေလည်း လုပ်နိုင်ဦးမှာမဟုတ်ဘူး၊ အပြစ်လည်းမရှိသေးဘူး။ ဒါပေမဲ့လည်း တစ်ချိန်ချိန် သူတို့အရွယ်ရောက်လာတဲ့အခါ ကိုယ့်ကို ပုန်ကန်ခြားနားလာကြရင် ဘယ့်နှယ်လုပ်မလဲ၊ ကိုယ့်ရဲ့နန်းစည်းစိမ်ကို မျက်စောင်းထိုးလာရင် ဘယ့်နှယ်လုပ်မလဲဆိုပြီးတော့ စောစောစီးစီးကတည်းက ကြိုတင်ကာကွယ်ထားတဲ့အနေနဲ့ သုတ်သင်ရှင်းလင်းပစ်လိုက်တယ်။
10-Nov-2018
လက်ရှိပညာရေးစနစ်ကို မည်သို့မည်ပုံပြောင်းလဲကြမည်နည်း။ ပြုပြင်ပြောင်းလဲသည်ဆိုရာ၌ အပိုင်းနှစ်ပိုင်းပါဝင်ရမည်။ ပထမအပိုင်းမှာ မှန်ကန်သော မူဝါဒလမ်းစဉ် ချမှတ်ခြင်းဖြစ်သည်။ ဒုတိယပိုင်းမှာ ထိုမူဝါဒလမ်းစဉ်ကို လက်တွေ့အကောင်အထည်ဖော်နိုင်မည့် နည်းလမ်းများ ချမှတ်ကျင့်သုံးခြင်းဖြစ်သည်။ မူဝါဒက မည်မျှကောင်းမွန်မှန်ကန်နေစေကာမူ လက်တွေ့အကောင်အထည်မဖော်နိုင်ပါက ပြုပြင်ပြောင်းလဲမှု အထမြောက်မည်မဟုတ်ပါ။
09-Nov-2018
နိုင်ငံတစ်ခုကို စီမံခန့်ခွဲအုပ်ချုပ်ရာတွင် အဓိကအကျဆုံးနှင့် အရေးအကြီးဆုံးမှာ စနစ်တကျ လေ့ကျင့်ဖွဲ့စည်းထားသော အုပ်ချုပ်ရေးယန္တရား၏ စွမ်းဆောင်ရည်နှင့် အရည်အချင်းဖြစ်သည်။ နိုင်ငံများစွာတို့တွင် အုပ်ချုပ်ရေးဆိုင်ရာအရည်အချင်းကို သီးခြားဘာသာရပ်တစ်ခုဖြင့် စနစ်တကျ လေ့ကျင့်ပေးလျက်ရှိသော်ငြား မြန်မာနိုင်ငံတွင် ယနေ့အချိန်အထိ အုပ်ချုပ်စီမံခန့်ခွဲရေးကို သီးခြားလေ့ကျင့်ပေးထားခြင်းမျိုး မရှိပေ။
08-Nov-2018
ကလေးများဟာ ကလေးဖြစ်နေတဲ့အတွက် မွေးရာပါ ကလေးအခွင့်အရေးကို ရယူပိုင်ဆိုင်ခွင့် ရှိပါတယ်။ မိဘများအနေနှင့်လည်း မိမိတို့ရဲ့ သားသမီး ကလေးတွေကို မိဘတွေဖြစ်စေချင်တဲ့ဆန္ဒကို အတင်းအကျပ် လုပ်စေလို့မရပါဘူး။ ကလေးတွေမှာလည်း သူတို့ဆန္ဒ၊ သူတို့ဖြစ်စေချင်တာ၊ သူတို့ ရည်မှန်းချက်တွေ ရှိကြပါတယ်။
08-Nov-2018
ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နေသည်ဖြစ်ရာ အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများသည် မိမိတို့၏ လုပ်ငန်း စွမ်းရည်၊ စည်းရုံးရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည် စသည်တို့ကို မြှင့်တင်ရန်ကြိုးစားရင်းဖြင့် အရာရာကို ကျယ်ကျယ်ပြန့်ပြန့်စဉ်းစား၊ အလုပ်ကို အင်တိုက်အားတိုက်လုပ်၊ စကားပြောဆိုရာတွင် မှန်မှန်ကန်ကန်ပြော၊ အမှန်တရားဘက်မှ ဥပဒေနှင့်အညီ ခိုင်ခိုင်မာမာရပ်တည်၍ လူမှုဘဝတွင် ရိုးရိုးသားသား နေထိုင်ပြောဆိုပြီး
08-Nov-2018
“သတင်းသမားဆိုတာ သိသိကြီးနဲ့ သတင်းမီဒီယာဥပဒေကို ဘာလို့မျက်ကွယ်ပြုပြီး တိုက်ရိုက်အမှုဖွင့် တရားစွဲဆိုသလဲ။ သတင်းမီဒီယာကောင်စီကို မျက်ကွယ်ပြုသလဲဆိုတာ မေးချင်တယ်။
08-Nov-2018
အရေးကြီးအချက် နှစ်ချက် မရှိဘဲ သို့မဟုတ် ပြင်ဆင် မထားဘဲ စိတ်ကူးတည့်ရာ အကောင်အထည် ဖော်သော စီမံချက်၊ စီမံကိန်းများသည် ပြည်သူ့ အကျိုးအတွက် စေတနာ မည်မျှ ထားစေကာမူ အောင်မြင်မှု မရနိုင်သည့်အပြင် မလိုလားအပ်သော ဘေးထွက်ဆိုးကျိုးများ တွေ့ ကြုံရတတ်သည်။
07-Nov-2018
အခြေခံပညာကျောင်းတွေမှာ၊ ကိုယ်ပိုင်ကျောင်းတွေမှာ၊ ဘုန်းတော်ကြီးသင်ကျောင်းတွေမှာ ဆယ်တန်းတက်နေတဲ့ ကျောင်းသားတွေအဖို့ ကျောင်းခေါ် ကြိမ် ၇၅ ရာခိုင်နှုန်း ပြည့်မီရမယ်ဆိုတဲ့ သတ်မှတ်ချက်ဟာ ညွှန်ကြားချက်အတိုင်း တစ်ပြေးညီဖြစ်အောင် ထိန်းသိမ်း၊ ကြပ်မတ် လိုက်နာသင့်တာပေါ့။ အခုလို ပုံမှန်ကျောင်းမတက်တာကို ခွင့်လွှတ်ထားတဲ့ကျောင်းတွေ ရှိနေမှတော့ ကျုပ်တို့လို ညွှန်ကြားချက်နဲ့ အတတ်နိုင်ဆုံး ကိုက်ညီအောင် အားခဲနေတဲ့ကျောင်းတွေအဖို့ ကျောင်းသားတွေကို ထိန်းရ သိမ်းရ တယ်ခက်လှသဗျာ။
07-Nov-2018
ဖြစ်သင့်တဲ့အချိန်၊ ထိုက်သင့်တဲ့ကာလတစ်ခုမှာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မလာဘူး၊ ငြိမ်းချမ်းရေးလည်းမရဘူး၊ အဂတိ တရားလည်းပိုကြီးစိုးလာမယ်၊ မူးယစ်ဆေးဝါးတွေလည်း မှိုလိုပေါမယ်၊ ဥပဒေစိုးမိုးမှုကလည်း မလောက်လေးမလောက်စား ဆက်ဖြစ်နေမယ်ဆိုရင် ဒီစနစ်နဲ့ ဒီအစိုးရဖွဲ့စည်းမှုပုံစံ၊ နောက်တစ်ခုက ရွေးကောက်ပွဲစနစ်ကို မဲဆန္ဒရှင်တွေ၊ အုပ်ချုပ်ခံလူတန်းစားပြည်သူတွေက သံသယမျက်လုံးနဲ့ စုံပြူးပြီး ကြည့်လာတတ်ပါတယ်။
07-Nov-2018
“ “ကြာတော့သည်လည်း မောင့်စကား” ဇာတ်ကားထွက်လာတော့မှပဲ ကြည့်တဲ့ပရိသတ်တွေဆီက လိုက်ဖက်မှုရှိတယ်၊ မရှိဘူးဆိုတဲ့ ဝေဖန်၊ အကြံပြုချက်တွေကို နားထောင်ရမှာဖြစ်ပါတယ်”
07-Nov-2018
“အပြင်မှာတွေ့ကြုံနေရတဲ့ကိစ္စတွေကို ပေါင်းစပ်ညှိနှိုင်းတဲ့အချိန်မှာ ကျွန်တော်တို့ပေးတဲ့ အကြံဉာဏ်တွေ၊ အတွေ့အကြုံတွေက အစိုးရအပေါ်မှာ အကျိုးရှိမယ်လို့ထင်တယ်”