News

10-Sep-2016
အရင့် အရင့် ယူနီဖောင်းဝတ်ဘဘတွေ လက်ထက်ကဆို ဒီလို နိုဘယ်လ်ဆုရှင် အန်တီကြီးကို တအား ဂရုစိုက်တာကလား။ အန်တီကြီးကို အပြင်တွေ ဘာတွေ ထွက်တဲ့အခါ နေပူရင် အပူလျှပ်မယ်၊ မိုးရွာရင် အအေးမိမယ်၊ နှင်းကျရင် နှာစေးမယ်၊ လမ်းလျှောက်ရင် ခိုနင်းခံရမယ်လို့ အစိုးရိမ်ကြီး စိုးရိမ်ပြီး နှစ်ပေါင်း နှစ်ဆယ်လောက် အိမ်ထဲက အိမ်ပြင် ပေးမထွက်တဲ့အထိ နိုဘယ်လ် ဆုရှင်ကို တန်ဖိုးထားတာဗျာ။
10-Sep-2016
ကျွန်တော်တို့ မြန်မာ လူ့အဖွဲ့အစည်းမှာ မကြာခဏ ဆိုသလို မှားယွင်း လွဲချော်မှု၊ တိမ်းစောင်း အံချော်မှုတွေနဲ့ ကြုံရတဲ့အခါ အများအားဖြင့်တော့ သက်ဆိုင်တဲ့ တာဝန်ရှိတဲ့သူတွေက တောင်းပန်တဲ့ အလေ့အထ သိပ်နည်းသလားလို့။
10-Sep-2016
ကိုယ့်နိုင်ငံကနေ အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံခြားကို ထွက်ခွာအလုပ်လုပ်နေသူတွေ၊ နေထိုင်သူတွေ၊ ကျောင်းတက်နေသူတွေ အစုံပေါ့။ အဲဒီထဲမှာ အဆင့်မြင့်ပညာတွေ တတ်မြောက်ထားသူတွေ၊ နိုင်ငံတကာ ကုမ္ပဏီကြီးတွေမှာ တာဝန်တွေ ယူနေသူတွေ ဒီလူတွေဟာဆိုရင် Skilled Migrant တွေပေါ့။ စွမ်းဆောင်ရည် မြင့်မားသူတွေ ဖြစ်တာကြောင့် ဦးနှောက်တွေလို့ တင်စားခေါ်ဝေါ်ကြတယ်။ ဒီလိုလူတွေ နိုင်ငံခြားကို ထွက်သွားပြီဆိုရင် တိုင်းပြည်မှာ ဆုံးရှုံးမှု ကြီးမားတာကြောင့် ဦးနှောက်ယိုစီးမှု Brain Drain လို့တောင် နာမည်ပေးထားကြတယ်။
10-Sep-2016
၁၈၈၅ ခုနှစ်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် အင်္ဂလိပ်သံအဖွဲ့မှ ပန်းချီဆရာ စီဂရန့် ရေးဆွဲထားသည့် ဦးပိန်တံတား၏ ရှုခင်းတွင် တံတား ကြမ်းခင်းများမှာ တစ်တောင်ခန့်ရှိ ပျဉ်ချပ်များကို အလျားလိုက် စီထားလေသည်။
10-Sep-2016
နိုင်ငံခြားသားများ ဝင်ရောက်လာမှုများနှင့်အတူ နိုင်ငံခြားသားတချို့၏ ငယ်ရွယ်သူ မိန်းကလေးများနှင့် ကာမဆိုင်ရာ ကိစ္စများ ပြုလုပ်ခြင်း သတင်းများသည် ယခင်က မိမိတို့ အိမ်နီးချင်းနိုင်ငံ တချို့တွင် ဖြစ်ပျက်ခဲ့ပါသည်။ ယနေ့တွင် မိမိတို့ နိုင်ငံသို့ ပုံစံအမျိုးမျိုးဖြင့် နိုင်ငံခြားသားများ၏ လိင်ကျွန်ပြုမှု သတင်းများကို ဖတ်ရှုနေရပြီ ဖြစ်ပါသည်။ ဤပြဿနာသည် အမျိုးသားဂုဏ်သိက္ခာနှင့် ပတ်သက်နေပါသည်။
10-Sep-2016
ရန်ကုန်မြို့တော်အပါအဝင် တစ်နိုင်ငံလုံးတွင် ယခုနောက်ပိုင်း အမှုအခင်း ဖြစ်ပွားသည့်သတင်းများ ယခင့် ယခင်ကာလများ ထက်စာလျှင် ပိုမိုများပြား လာခြင်းကြောင့် ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ် လုံခြုံစိတ်ချရေးတို့ကို ခြိမ်းခြောက် လာသည့် အန္တရာယ် အခြေအနေသို့ ရောက်ရှိနေပြီလော
10-Sep-2016
ကိုယ်ပိုင်ပြည်နယ် မရှိသော တိုင်းရင်းသားအချို့ လူမျိုးစု ပြည်နယ်များတွင် ဖိနှိပ်ခံရခြင်း၊ ခွဲခြား ဆက်ဆံခံရခြင်းတို့ကလည်း ပြည်နယ် တောင်းဆိုရခြင်း၏ အကြောင်း တစ်ခုဖြစ်သည်
10-Sep-2016
သို့ဖြစ်လင့်ကစား နိုင်ငံအများစု လက်မခံသောကြောင့် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းကိုကား မပြောင်းလဲနိုင်ခဲ့ပါ။ နောက်ဆုံး 'လူသားချင်း စာနာမှုနှင့်ယှဉ်သော ကြားဝင်စွက်ဖက်မှု' (Humanitarian intervention) ဆိုသော 'ကြားအဖြေ' နှင့်ပင် ကျေနပ်လိုက်ရသည်။ အဆိုပါ 'လူသားချင်း စာနာမှုနှင့်ယှဉ်သော ကြားဝင်စွက်ဖက်မှု ဆောင်ရွက်ရာတွင် လိုက်နာရ မည့်မူလေးချက်ကိုလည်း ၀ါရင့်သံတမန် 'ဟင်နရီကစ်ဆင်းဂျား' က တင်ပြခဲ့သည်
09-Sep-2016
သို့ဖြစ်လေရာ မြန်မာနိုင်ငံ အနေနှင့် လူမျိုးစွဲ၊ ဒေသစွဲများ ပိုမိုသည်းသန် ပြင်းထန်စေကာ ပြိုကွဲမှုကို ပိုမို တိမ်းညွတ်သည့် Ethnofederalism အစား Territorial Federalism ဖြစ်စေ၊ Hybrid Federalsim ဖြစ်စေ ရွေးချယ်ခြင်းက ပိုမို သင့်တော်သည်ဟု ထင်မြင်မိပါသည်။
09-Sep-2016
ဒီလို သန္ဓေမျိုးနဲ့ စခဲ့တဲ့ မြန်မာတိုင်းရင်းသားတွေဟာ လူမျိုးစုအလိုက် မိမိတို့ ပေါက်ဖွားရာ တောင်ပေါ် မြေပြန့် ဖြစ်နေလင့်ကစား ကိုယ့်ဇာတိ ဒေသတွေမှာ “ဓားမဦးချ” အေးချမ်းစွာ နေထိုင် လုပ်ကိုင်စားခဲ့ကြတာ သမိုင်း ရှိပြီးသားပါပဲ။
08-Sep-2016
မြန်မာနိုင်ငံ၏ ခေတ်အမီဆုံး၊ အဖွံ့ဖြိုးဆုံး၊ အကြီးဆုံး ရန်ကုန်မြို့တော်ရှိ ပုဂ္ဂလိက အထူးကု ဆေးရုံကြီး တစ်ခုတွင် လျှပ်စစ်မီး ပြတ်တောက် သွားချိန်တွင် ဆေးရုံရှိ မီးစက် နှစ်လုံးမှာလည်း ချို့ယွင်း နေသောကြောင့် မီးပျက်နေစဉ် လုပ်ငန်း အားလုံးနီးပါး ရပ်တန့်သွားသည်ဟု ဆိုလျှင် ယုံကြပါသလော
08-Sep-2016
ရရှိခဲ့သော အကျိုးရလဒ်ကား အကျိုး၊ အကန်း၊ အသေအပျောက်ဖြစ်ကြရသော ညီအစ်ကိုသားချင်းသာ ဖြစ်ကြသည်။ ပညာရေး၊ ကျန်းမာရေး အပါအဝင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျကာ တိုင်းရင်းသားပြည်သူတို့ ဆင်းရဲတွင်း နက် ခဲ့ကြသည်။ နှစ်ဖက်စလုံး အကြီးအကျယ် မှားခဲ့ကြသည်။
07-Sep-2016
ပြည်သူ့ရေးရာ မူဝါဒ ဆိုသည်မှာ နိုင်ငံ၏ အုပ်ချုပ်ရေး ယန္တရား အနေနှင့် အများနှင့် ပတ်သက်သော အမှုကိစ္စများကို ဆောင်ရွက်ရာတွင် လူ့အဖွဲ့အစည်း၏ ဓလေ့ထုံးတမ်း ဥပဒေများနှင့်အညီ အကြောင်းအရာအပေါ် မူတည်၍ အကောင်အထည် ဖော်ခြင်း