News

11-Jun-2018
ကျောင်းနေတုန်းက အရွယ်လေးကို ပြန်သတိရမိတယ်။ ဆရာမက စာကျက်ခဲ့ဖို့ဖြစ်ဖြစ်၊ စာတွက်ခဲ့ဖို့ဖြစ်ဖြစ် အိမ်စာလေးတွေ ပေးလိုက်လေ့ရှိတယ်။ အစကတော့ ပုံမှန်ကျက်တာပေါ့။ ပုံမှန်တွက်ခဲ့တာပေါ့။ တစ်နေ့စာတစ်နေ့ ပုံမှန်ရအောင် ကြည့်ဖို့တို့၊ ဒီနေ့ကြည့်ရမယ့်စာကို မနက်ဖြန်အထိရွှေ့လို့မရဘူးတို့ ဆရာ၊ ဆရာမတွေကလည်း မှာလိုက်တယ်။ လိုက်လည်း လိုက်နာခဲ့တယ်ပေါ့လေ။ ဆရာမက အိမ်စာတွေပေး။ အိမ်ကျတော့ ပြန်ကြည့်။ စာတွေရ။ စာတွေရတော့ နောက်တစ်နေ့ စာအပြန်ခိုင်းတဲ့အချိန်ကျရင် ကိုယ့်အလှည့်မရောက်မချင်းကို စိတ်တွေက လှုပ်ရှားနေရတာ။ စာတွေပြန်ချင်လှပြီ။ အထစ်အငေါ့မရှိ ဒိုးခနဲဒေါက်ခနဲ ပြန်ဆိုပြနိုင်တယ်ဆိုတာကို ပြချင်လှပြီ။ စာပြန်နိုင်လို့ တော်တယ်ဆိုတဲ့စကားလေးများ ကြားလိုက်ရရင် အဲ့ဒီနေ့ တစ်နေ့လုံးကို မြောက်ကြွမြောက်ကြွဖြစ်လို့။
11-Jun-2018
“ဆက်စပ်နေတဲ့ သမိုင်းကြောင်းကိစ္စရပ်တွေအားလုံးကို မြန်မာနိုင်ငံပြင်ပကလူ အနည်းငယ်လောက်နဲ့ မြန်မာနိုင်ငံတွင်းမှာတောင်မှ လူအနည်းငယ်လောက်ပဲ သတိထားမိကြပါတယ်။ ဒါကြောင့် ဒါက ပြင်ပကမ္ဘာအတွက်တင် မဟုတ်ပါဘူး၊ နိုင်ငံတွင်းက ကျွန်မတို့လူထုအနေနဲ့လည်း ဘာဖြစ်နေတယ်၊ ကျွန်မတို့လုပ်ဆောင်တာတွေဟာ ဘာ့ကြောင့်လုပ်တယ်ဆိုတာ နားလည်ဖို့လိုပါတယ်။ အရေးအကြီးဆုံးက ကျွန်မတို့လူထု နားလည်သင့်တာပါပဲ။ ဘာကြောင့်လဲဆိုတော့ ရေရှည်မှာ ကျွန်မတို့နိုင်ငံရဲ့ တည်ငြိမ်ရေးနဲ့လုံခြုံရေးကို ကျွန်မတို့ပဲ ထိန်းသိမ်းရမှာပါ”
11-Jun-2018
မည်သည့်လုပ်ငန်းနယ်ပယ်တွင်မဆို ကြံစည်၊ တွေးတော၊ ထင်မြင်၊ ယူဆ၊ စိတ်ကူးခြင်းတည်းဟူသော သဘောတရားနှင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဟူသော လက်တွေ့နှစ်ခုပေါင်းစပ်မှသာ အလုပ်ပြီးမြောက်မှုရှိကြောင်း အခြေခံအားဖြင့် သိရှိထားကြသည်။
10-Jun-2018
ဒီကနေ့ မြန်မာလူမှုအဖွဲ့အစည်းမှာ Victim Blaming လို့ခေါ်တဲ့ ခံရသူအပေါ် အပြစ်တင်စကားပြောတာ အရင်ထက် ပိုများလာသလားလို့။ များသောအားဖြင့် အမျိုးသမီးတွေနဲ့ပတ်သက်တဲ့ ပြဿနာတွေမှာ ဒီလိုလုပ်တာ အတွေ့ရများတယ်ဆိုပေမယ့် တခြားနိုင်ငံရေးနွှယ်တဲ့ ပြဿနာ တော်တော်များများကိုလည်း အဲလိုလုပ်တာ အရင်ထက် ပိုများလာတယ်။
09-Jun-2018
ဘတ်ဂျက် သုံးစွဲမှုများအပေါ် လွှတ်တော်အပိုင်းကလည်း အထူးစောင့်ကြပ်ကြည့်ရှု ထိန်းကျောင်းပြီး အဂတိလိုက်စားမှုများ ဖြစ်ပေါ်လာလျှင်လည်း တရားစီရင်ရေးအပိုင်းသို့လွှဲအပ်ကာ တည်ဆဲဥပဒေများနှင့် တိတိကျကျ အရေးယူကြရမည်ဖြစ်သည်။ သို့မှသာ အဆိုပါ နိုင်ငံ့ဘတ်ဂျက်၊ ပြည်သူ့ဘဏ္ဍာငွေများအပေါ် တလေးတစားရှိလာပြီး အမှန်တကယ် ထိထိရောက်ရောက် သုံးစွဲတတ်လာမည်ဖြစ်ကာ ပြည်သူများလည်း ပြည့်ပြည့်ဝဝခံစားလာကြရမည်မှာ အမှန်ပင်ဖြစ်ပါကြောင်း
09-Jun-2018
၂၀၁၈ ခုနှစ် ဇွန်လ ၄ ရက်နေ့က ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် “ရန်ကုန်တိုင်းဒေသကြီးအစိုးရက ဝယ်ယူရန်တင်ပြလာသည့် Ford ကား ၁၀ စီး ဝယ်ယူရန်ကိစ္စနှင့်ပတ်သက်၍ သဘောမတူကြောင်း” ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်း၊ စီးပွားရေးကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက ဆိုပါသည်။
09-Jun-2018
မြန်မာဆိုတာ အိပ်နေတဲ့နိုင်ငံတစ်နိုင်ငံ ဖြစ်တယ်။ အိပ်ပျော် နေတဲ့နိုင်ငံ၊ အိပ်မောကျနေတဲ့နိုင်ငံ၊ အိပ်စက်နေတဲ့ နိုင်ငံ စသဖြင့် စာလုံးတစ်လုံးလောက်တောင် ချဲ့ပြီးမရေးချင်ဘူးဗျာ။ အိပ်နေတဲ့နိုင်ငံလို့ပဲ တည့်ရေးလိုက်တယ်။ အိပ်နေတယ်ဆိုတာ တင်စားတာပေါ့။ မျောနေတာပေါ့။ တွေဝေနေတာပေါ့။ ဘာလုပ်ရမှန်း မသိတာ၊ သိလည်း မလုပ်ရဲ၊ မကိုင်ရဲ ဖြစ်နေတာပေါ့။ အတွင်းမှာတင် လှည့်ခွေတိုင်ပတ်နေတာပေါ့။ မလျင်တာပေါ့၊ မလည်တာပေါ့။ မနပ်တာပေါ့။ “အ” တာ၊ တုံးတာ၊ ညံ့တာ အဲဒီအိပ်နေတယ်ဆိုတဲ့ အသုံးအနှုန်းမှာ အကုန်ပါတယ်။
09-Jun-2018
သူကျရှုံးမှ ကိုယ်က အောင်မြင်နိုင်မှာလား။ ဟောဒီပြေးပွဲပြိုင်ပွဲ ကြီးမှာ တစ်ဖက်လူတွေ အတုံးအရုံးလဲကုန်မှ ကိုယ်ကပန်းဝင်နိုင်မှာလား။ သူ့ပစ္စည်းတွေ အရောင်းထိုင်းသွားမှ ကိုယ့်ပစ္စည်းတွေက ဈေးကွက်ဝင်လာမှာလား။ သူတို့အဖွဲ့ကို မကောင်းမြင်ကြမှသာ ကိုယ်တို့အဖွဲ့ကို အကောင်းထင်ကြမှာလား။ သူများတွေနာမည်ပျက်ကုန်မှ ကိုယ်က နာမည်ကောင်းရလာမှာလား။ ဒါတွေကို ပြန်စဉ်းစားသင့်ပါတယ်။
08-Jun-2018
“ကိုယ်က ကျော်ကြားမှုကို လိုချင်တာလား၊ အောင်မြင်မှုကို လိုချင်တာလား ပြန်မေးရတယ်။ အဲ့ဒီနှစ်ခုကိုတော့ ကွဲကွဲပြားပြား သိစေချင်တယ်”
07-Jun-2018
အထူးအားဖြင့် တရားရေးမဏ္ဍိုင် ယိမ်းယိုင်နေခြင်း၊ ဥပဒေအထက်တွင် တစ်စုံ၊ တစ်ဦး၊ တစ်ဖွဲ့ ရှိနေသကဲ့သို့ ဖြစ်နေခြင်းတို့ကို မပြုပြင်နိုင်ဘဲ ပြဿနာတိုင်းကို ယခင်စနစ်ဟောင်း၊ စဉ်းစားပုံအဟောင်း၊ ချဉ်းကပ်ပုံအဟောင်း၊ နည်းလမ်းအဟောင်းတို့ဖြင့် အဖြေထုတ်၊ ဖြေရှင်းနေပါက ပြည်သူလူထု၏ နားလည်သည်းခံမှု ပျောက်ဆုံးသွားနိုင်ကြောင်း
06-Jun-2018
မည်သို့ပင်ဖြစ်စေ ပြည်ပနိုင်ငံများတွင် မူးယစ်ဆေးဝါး အလုံးအရင်း ဖမ်းဆီးရမိသည့်အခါမှ မြန်မာနိုင်ငံအတွင်းမှ မူးယစ်ဆေးဝါး ထုတ်လုပ်နေသော နေရာများကို မြေပုံတွင် အတိအကျ ဖော်ပြ၍ ထွက်ပေါ်လာခြင်းသည် တစ်နည်းအားဖြင့် ငါးပိသည်က အိပ်နေပြီး ဆားသည်က ခွေးမောင်းသကဲ့သို့ဖြစ်နေသောကြောင့် မြန်မာနိုင်ငံမှ ငါးပိသည်နှင့်တူသော မူးယစ်ဆေးဝါး နှိမ်နင်းကာကွယ်ရေးနှင့် ဆက်စပ်အဖွဲ့အစည်းများ၏ အရည်အချင်း၊ စွမ်းဆောင်ရည်နှင့် တာဝန်ယူ၊ တာဝန်ခံ၊ တာဝန်သိစိတ်ကို ပြန်လည် ဆန်းစစ်သုံးသပ်ကာ အချိန်မီ ပြုပြင်နိုင်စေကြောင်း
06-Jun-2018
စာရေးသူကြုံသမျှ တပ်မတော်အစိုးရမှသည် ယခုအထိ မြန်မာအစိုးရများ၏ ဖွံ့ဖြိုးမှုပုံစံနှင့်သီအိုရီ၊ ဘတ်ဂျက် ခေါ် ရငွေနှင့် သုံးငွေ ပေါ်လစီမူဝါဒများမှာ မှားယွင်းလျက်ရှိသည်ဟု ယူဆမိသည်။ သို့ပါ၍ သာမန် စီးပွားရေးပညာရှင်တစ်ဦး၏ ကျွမ်းကျင်မှုနှင့်မရ၊ မှန်သည်ထင်လျှင် တိုက်တွန်းပြောဆိုရဲသည့် နိုင်ငံရေးသမားတစ်ဦး၏ သတ္တိနှင့်ဗျတ္တိလည်း လိုအပ်ပေသည်
06-Jun-2018
ကျရှုံးကျောင်းသားများမှာလည်း သိန်းနှင့်ချီ များပြားလျက်ရှိနေသေးသည်။ နည်းပညာအထက်တန်းကျောင်း (GTHS) မှနေ၍ သတ်မှတ်ချက်များနှင့်ညီညွတ်ပါက အဆင့်မြင့်ပညာကို သင်ယူနိုင်မည့် အခွင့်အရေးရှိသည်။ ထို့ကြောင့် အခြေခံပညာ အထက်တန်း ကျောင်းသားများအား ကျရှုံးသည်အထိ စောင့်ဆိုင်းမနေဘဲ အဆင့်မြင့်ပညာရေး ဆက်လက် တက်ရောက်နိုင်အောင် ပေါင်းကူးနိုင်မည့် အခြားနည်းလမ်းများ များများဖန်တီးပေးနိုင်ပါစေဟု ဆုတောင်းလိုက်ပါသည်။