News

05-Apr-2017
သင်ကြားမှု အရည်အသွေးပိုင်းနှင့်ပတ်သက်၍ ကမ္ဘာတစ်ဝန်း နိုင်ငံအသီးသီးရှိ စွမ်းဆောင်ရည် မြင့်မားသော ပညာရေးစနစ် အားလုံးကို လေ့လာမည်ဆိုပါက ပညာရေးရလဒ်များ တိုးတက်ကောင်းမွန်စေရေးအတွက် ကြိုးပမ်းရာတွင် ဆရာများ၏အခန်းကဏ္ဍသည် ပင်မအချက်အချာ ဖြစ်နေကြောင်း တွေ့ရှိရပါသည်။
05-Apr-2017
မီဒီယာကို အသုံးမချတတ်ဘဲ မယဉ်မကျေး မှတ်ချက်များ၊ ငါတကောကော တုံ့ပြန်မှုများ၊ ကျိုးကြောင်းဆင်ခြင်ဉာဏ် နည်းသော အကြောင်းပြချက်များဖြင့်သာ ရှေ့လာမည့် သက်တမ်း လေးနှစ်ကို ဆက်လက် စခန်း သွားနေပါက ပြည်သူလူထု အများစုက ဒီမိုကရေစီစနစ်နှင့် ဒီမိုကရေစီအစိုးရအပေါ် သံသယဝင် စိတ်ပျက်လာနိုင်သော အန္တရာယ်ကြီးစွာ ရှိလာနိုင်ကြောင်း
04-Apr-2017
“ရတနာပူရ အင်းဝရွှေပြည်တော်ကြီးနှင့် တရုတ်ပြည် နှစ်ပြည်သည် ရှေးဘေးလောင်းတော်၊ ဘိုးလောင်းတော် အဆက်ဆက် အစဉ် မိတ်သဟာယဖြစ်၍ ရွှေလမ်း၊ ငွေလမ်း ပေါက်ရောက်ခဲ့ကြသည်။ ယခု မိမိတို့ဘက်မှ စော်ဘွားငယ်များ ပြေးဝင်လေသည်နှင့် ပြည်ကြီးနှစ်ပြည် ခိုက်ရန်ကြီးစွာ အကြိမ်ကြိမ် ဖြစ်ကြရသည်။ ထို့ကြောင့် ရှေးအစဉ်အလာအတိုင်း ပြည်နှစ်ပြည် ချမ်းသာကြမည့်အကြောင်းကို ပြေငြိမ်းအောင် ဆောင်ရွက်ပါ” (ဝန်ကြီး မဟာသီဟသူရ)
04-Apr-2017
လက်ရှိ အခြေအနေမှာ တပ်မတော်က ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ် လုံခြုံရေးလို တရားဥပဒေ စိုးမိုးရေးဆိုင်ရာ အဓိကနေရာတွေ ချုပ်ကိုင်ထားလို့ တကယ်တော့ မြန်မာ့နိုင်ငံရေးဟာ အာဏာရှင်တစ်ပိုင်း နိုင်ငံရေးပါဆိုပြီး သုံးသပ်တာတွေလည်း ရှိပါတယ်။
04-Apr-2017
ကြံ့ခိုင်ရေးပါတီ ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်သူမှာ ချောင်းဆုံ ဇာတိ မွန်တစ်ဦးဖြစ်သည့်အတွက် ချောင်းဆုံဒေသခံများသည် ပါတီကို မကြည့်ဘဲ လူကို ကြည့်၍ မဲပေးသည့် အဆင့်မျိုး ရောက်သည်အထိ နိုင်ငံရေး ရင့်ကျက်မှု ရှိနေသည့်သဘောဟု မှတ်ယူနိုင်သည်။
03-Apr-2017
ငွေကို သုံးနိုင် စွဲနိုင်သော လစာဝင်ငွေ သင့်တင့်သော လူလတ်တန်းစားတွေ များများရှိလာမှ နိုင်ငံစီးပွားရေးက အားကောင်းလာမည်။ လူလတ်တန်းစားတွေ အများကြီး ရှိလာဖို့ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖော်ထုတ်ပေးဖို့လိုသည်။ အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါများလာဖို့ ဆိုသည်က ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ အားကောင်းလာဖို့ လိုသည်။
03-Apr-2017
e-Government စနစ်မှာ အညံ့ဖျင်းဆုံး နိုင်ငံဖြစ်နေရတဲ့ အကြောင်းအရင်းတွေထဲမှာ National Portal မရှိသေးတာ၊ စနစ်ကျတဲ့ ကွန်ပျူတာသုံး မြန်မာစာစနစ် အကောင်အထည် မဖော်နိုင်သေးတာ၊ အစိုးရဝန်ထမ်းတွေကို Awareness လုပ်မှုအပိုင်း အားနည်းတာ စတဲ့ e-Government စနစ်ရဲ့ အခြေခံ ဒေါက်တိုင်တွေကနေစပြီး မပြည့်စုံသေးတာကြောင့်ပါပဲ။
02-Apr-2017
The Voice Daily သည် ပရော်ဖက်ရှင်နယ် မီဒီယာအဖြစ် ကြိုးစား ရပ်တည်နေသည့်အလျောက် ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ၊ အုပ်စု၊ ဘက်အမြင်စွဲများကို ဂရုစိုက်မည် မဟုတ်ဘဲ မည်သည့်အစိုးရကိုမဆို၊ မည်သည့် အတိုက်အခံကိုမဆို၊ မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းကိုမဆို ပြည်သူလူထုနှင့် နိုင်ငံတော် အကျိုးစီးပွားဘက်မှ ရပ်တည်ကာ အမြဲဝေဖန်၊ အကြံပြု၊ ထောက်ပြသွားမည်
02-Apr-2017
နိုင်ငံနဲ့ လူ့အဖွဲ့အစည်းကို ပြုပြင်တတ်ဖို့၊ စီမံခန့်ခွဲတတ်ဖို့ အရည်အချင်းရှိတဲ့ ဥပဒေပြုလွှတ်တော်နဲ့ အစိုးရတွေလိုတယ်။ ဝေဖန်၊ တိုက်ခိုက်တာကို ခံနိုင်ရည်ရှိဖို့လိုမယ်။ အကြံပြု၊ ထောက်ပြတာတွေကို ယူသင့်တာယူ၊ ပယ်သင့်တာ ပယ်တတ်ဖို့ လိုမယ်။ လုပ်သင့် လုပ်ထိုက်တာကို ရဲရဲတင်းတင်း၊ ပြတ်ပြတ်သားသား ဆုံးဖြတ်၊ လုပ်ကိုင်ဖို့ လိုမယ်။
01-Apr-2017
အစိုးရသက်တမ်း တစ်နှစ်ပြည့်ချိန်တွင် စီးပွားရေးသည် ‘ထင်’ သလောက် မ ‘ပေါက်’။ ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံများ စာရင်းဝင်နေပြီး နောက် သုံးလေးနှစ်အတွင်း ထိုစာရင်းမှထွက်ရန် မရှိသေးသည့် မြန်မာနိုင်ငံ စီးပွားရေးသည် ရှားရှားပါးပါး အရပ်သားအစိုးရ လက်ထက် အဖိုးတန်အချိန် ကျန်လေးနှစ်တွင် ဘယ်လိုရှေ့ဆက် ချီတက်မလဲ။
01-Apr-2017
မြန်မာ့ဒီမိုကရေစီရေးတွင် လက်နက်ကိုင်တပ်ကိုသာ နောက်ကြောင်းပြန် အင်အားစုအဖြစ် အဓိကကြည့်မြင်လေ့ ရှိသော်လည်း အစိုးရအဖွဲ့ အကြီးအကဲ၏ မကျွမ်းကျင်မှု၊ အားနည်းချက်၊ အရည်အချင်း မပြည့်မီမှုများကြောင့်လည်း ပြဿနာ ဖြစ်နိုင်သည်ကို သတိချပ်ဖို့လိုမည် ထင်သည်။
01-Apr-2017
ဗဟိုချုပ်ကိုင်သောစနစ် သို့မဟုတ် အာဏာရှင်စနစ်ဖြင့် ရာစုနှစ်ဝက်ကျော် ဖြတ်သန်းလာခဲ့သော မြန်မာနိုင်ငံတွင် ဈေးကွက်စီးပွားရေး နာမည်ဖြင့် မည်ကာမတ္တ အကောင်အထည် ဖော်ခဲ့သော်ငြား အာဏာရှင်စနစ်နှင့် တွဲလျက်ရှိနေသော အကျင့်ပျက်လာဘ်စားမှု၊ ခရိုနစ်ဇင်ခေါ် လက်သင့်ရာ စားတော်ခေါ် ဝါဒ၊ နစ်ပိုတစ်ဇင်ခေါ် သား၊ တူ၊ ညီ ကောင်းစားရေးဝါဒ ကျင့်သုံးမှုတို့ကြောင့် လက်ဝါးကြီးအုပ် စီးပွားရေးစနစ်သာ လည်ပတ်နေခဲ့သည်။
30-Mar-2017
လာမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် လက်ရှိ အာဏာရ ပါတီအနေနှင့် ပြီးခဲ့သော ၂၀၁၅ ရွေးကောက်ပွဲတွင် အချစ်စိတ်၊ အမုန်းစိတ်ဖြင့် ပေးခဲ့သော မဲများအားလုံး ပြန်လည်ရရှိမည်ဟု သေချာပေါက် မမျှော်လင့်နိုင်သော်ငြား တစ်နှစ်အတွင်း ကိုယ်တိုင် စိုက်ထုတ်ထားသော စွမ်းဆောင်ရည်၊ စိတ် စေတနာတို့နှင့် ညီမျှသည့် ရလဒ်ကို ရရှိနိုင်မည်
30-Mar-2017
ပညာရေးသည် သက်ဆိုင်သည့် ပညာရေးဝန်ကြီးဌာန၊ အဖွဲ့အစည်းများတွင်သာ တာဝန်ရှိသည် မဟုတ်ဘဲ ပညာရေးနှင့်ဆက်နွှယ်သော ပညာရေးဖွံ့ဖြိုးမှုအတွက် စိတ်အား ထက်သန်သော ပြည်တွင်းပြည်ပ အဖွဲ့အစည်း အသီးသီးနှင့် လူပုဂ္ဂိုလ်များပါမကျန် ပါဝင်နိုင်ခွင့် ရှိရပေမည်။
30-Mar-2017
ဘဝတစ်ခုလုံး အတိုင်းအဆမဲ့ ထိခိုက်ပျက်စီးသွားရလို့ ပြန်လည် တည်ဆောက်လို့ပင် မရနိုင်တော့တဲ့ အခြေအနေမျိုးကို အထူးသဖြင့် အားလုံး လိုက်လျောညီထွေ တိုးတက်နေတာ မဟုတ်တဲ့ ကိုးရိုးကားရား ခုန်ပျံကျော်လွှား ဖြစ်ပျက်ပြောင်းလဲနေတဲ့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ၊ မြန်မာအမျိုးသမီးတွေမှာ ပိုလို့ ကြုံတွေ့ ခံစားကြရဖို့ ရှိပါတယ်။ ကြုံတွေ့ ခံစားနေကြရတာလည်း ဖြစ်ပါတယ်။